Home / 2024 / January / 18

Daily Archives: January 18, 2024

ပဲခူးမြို့၌ ကရာတေးအခြေခံကိုယ်လုံပညာသင်တန်းဆင်းပွဲ ကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီလ ၁၈ =========== ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အခြေခံကိုယ်လုံပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇန်နဝါရီလ(၁၈) ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ကြီးတည်ဆောက်ရာတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို ဘက်ပေါင်းစုံမှ မြှင့်တင်ပေးရန်၊ ဘဝလုံခြုံရေးကိုလည်း ကာကွယ်စောင့်ရှောက်ပေးရန်၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ဓလေ့ ထုံးတမ်းများကို ပိုမိုမြတ်နိုးတန်ဖိုးထားစေရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အမျိုး သမီးများ အကြမ်းဖက်မှု/ လူကုန်ကူးမှု၊ သက်ငယ်မုဒိန်းမှုများမှ ကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် ယခုလို ကိုယ်လုံပညာသင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်၍ သင်ကြားပေးလိုက်သည့် ကိုယ်လုံပညာရပ် များကို အမြဲမပြတ် လေ့လာဆည်းပူးကြစေလိုကြောင်းနှင့် သင်တန်းဖြစ်မြောက်ရေးအတွက် ကူညီဆောင်ရွက် ပေးခဲ့သော …

Read More »