Home / 2024 / January / 15

Daily Archives: January 15, 2024

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ်(၃/၂၀၂၂-၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဇန်နဝါရီ ၁၅ ================= ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ သင်တန်းခန်းမတွင် ဇန်နဝါရီလ(၁၅)ရက်နေ့ မွန်းလွဲပိုင်းက လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ် (၃/၂၀၂၃-၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အထည်ဖော်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၏ အင်အားတစ်ခုတည်းနှင့် ဆောင်ရွက်၍မရဘဲ လယ်ယာ လုပ်ငန်းခွင်တွင် လက်တွေ့လုပ်ကိုင်နေသည့် တောင်သူလယ်သမားများ ပူးပေါင်းပါဝင်မှသာ အောင်မြင်မှာ ဖြစ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး လယ်ယာမြေပြုပြင်သည့်အဆင့်မှအစပြုပြီး စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်း၊ ချွေလှေ့ ခြင်းနှင့် သိုလှောင်ခြင်းအဆင့်ဆင့်ကို စက်ကိရိယာများ …

Read More »

ပဲခူးမြို့၊သာသနာ့ဇောတိကစာသင်တိုက် ပဓာနနာယကဆရာတော် (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ)ဘဒ္ဒန္တသုဇနမဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလာပ်အား စံကျောင်းတော်သို့ပင့်ဆောင်ခြင်းနှင့် ထီးဖြူဖွင့်အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်ကြည်ညို

ပဲခူး ဇန်နဝါရီလ ၁၄ ========= ပဲခူး​မြို့၊ သာသနာ့ဇောတိကစာသင်တိုက်ကြီး၌ ဇန်နဝါရီလ(၁၄) ရက်နေ့၊ မွမ်းလွှဲပိုင်းက ဘဝနတ်ထံပျံလွန်တော်မူသွားသည့် သာသနာ့ဇောတိကစာသင်တိုက် ပဓာနနာယကဆရာတော် (နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ)ဘဒ္ဒန္တသုဇနမဟာထေရ်မြတ်ကြီး၏ ဥတုဇရုပ်ကလာပ်အား စံကျောင်းတော်သို့ပင့်ဆောင်ခြင်းနှင့် ထီးဖြူဖွင့်အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး​ဆွေဝင်း တက်ရောက်ဖူးမြှော်ကြည်ညိုခဲ့သည်။ ရှေးဦးစွာ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များက သ​​ဗ္ဗေသင်္ခါရာ အနိစ္စာတိ အစရှိသောသံဝေဂသုံးဂါထာကိုရွတ်ဆိုပွားများ၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့၊ အဖွဲ့ဝင် ပဲခူးမြို့၊ဥဿာသီရိစာသင်တိုက် ဦးစီးမဟာနာယက အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တသူရိယ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မိတ္ထိလာမြို့၊ ညောင်လွန်ဓမ္မရိပ်သာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒာဝရက ပစ္ဆိမဝန္ဒနာဂါထာတော်ဖြင့်လည်းကောင်း၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ တိုက်အုပ်စာချဆရာတော် …

Read More »