Home / 2024 / January / 16

Daily Archives: January 16, 2024

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပဲခူးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပဲခူး ဇန်နဝါရီ ၁၆ ============== ပဲခူးတက္ကသိုလ်၌ ဇန်နဝါရီလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပဲခူးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တက္ကသိုလ်တစ်ခုဆိုတာ နိုင်ငံရဲ့ တန်ဖိုးမဖြတ် နိုင်တဲ့ ရတနာတစ်ခုဖြစ်ပြီး သာယာဝပြော၍ ငြိမ်းချမ်းသော အနာဂတ်လူ့ဘောင်ကို တည်ထောင်နိုင်ဖို့ ထူးချွန် ထက်မြတ်ပြီး ပညာရည်ပြည့်ဝတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို ဖော်ထုတ်ပေးနေသည့် နေရာတစ်ခုဖြစ် ကြောင်း၊ တက္ကသိုလ်တွင် ဘာသာရပ်ဆိုင်ရာ ပညာရပ်အသီးသီးကို ပို့ချသင်ကြားပေးရုံသာမက အကျင့် စာရိတ္တကောင်းမွန်တဲ့ ပညာတတ် နိုင်ငံ့သားကောင်းရတနာများကို မွေးထုတ်ပေးလျက်ရှိသည်နှင့်အညီ မောင်တို့/မယ်တို့အနေဖြင့် ဉာဏ်ရည်ထက်မြက်ပြီး စဉ်းစားတွေးခေါ်မှုမြင့်မားသော အသိပညာ အတတ်ပညာ ရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ တက္ကသိုလ်ရဲ့ လှုပ်ရှားမှုများဖြစ်သော အားကစား၊ စာပေ၊ ဂီတ အနုပညာ၊ ကြက်ခြေနီစတဲ့ ကဏ္ဍပေါင်းစုံမှာ …

Read More »