Home / 2024 / January / 02

Daily Archives: January 2, 2024

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့

သနပ်ပင် ဇန်နဝါရီ ၂ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ဇန်နဝါရီလ(၂)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ အောက်စုပိုင်းရပ်ကွက် ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ဦးမင်းနိုင်၏ တစ်နှစ် နွေစပါး(၂)သီး စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်၊ ဖရဲစံပြကျေးရွာ၌ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ဦးစိန်လင်း၏ အသားတိုးကြက်ကောင်ရေ(၁)သိန်း မွေးမြူထားရှိမှု၊ ဈေးပိုင်းရပ်ကွက်ရှိ ဦးလင်းသူအောင်၏ ဘက်စုံမွေးမြူရေးခြံနှင့် ကမာစဲစံပြကျေးရွာရှိ ဦးဝင်းထိုက်အောင်၏ ကာကီကင်းမျိုး ဥစားဘဲကောင်ရေ(၁)သိန်း မွေးမြူထားရှိမှုတို့အား ကြည့်ရှုစစ်ဆေး …

Read More »

ပဲခူးမြို့ နှစ်သစ်ကူးတရားအလှူတော်ဓမ္မသဘင်ပွဲ(ပထမနေ့)ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ကြည်ညို

ပဲခူး ဇန်နဝါရီ ၂ ========== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် နှစ်သစ်ကူးတရားအလှူတော်ဓမ္မ သဘင်ပွဲ(ပထမနေ့)ကို ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော်ဓေါစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ ဇန်နဝါရီလ(၁)ရက်နေ့ ည(၇)နာရီအချိန်က ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များနှင့် မြို့ပေါ်ရပ်ကွက်အသီးသီးရှိ တရားနာပရိတ်သတ်အပေါင်းက နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ သာသနာ့ဓဇဓမ္မာ စရိယ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တသုန္ဒရထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး အမှူးပြုသော တရားနာပရိတ်သတ်အပေါင်းမှ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်၊ ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ သာသနာ့ ဓဇဓမ္မာစရိယ၊ အဂ္ဂမဟာဂန္ထဝာစကပဏ္ဍိတဘဒ္ဒန္တသုန္ဒရ “ခေါင်းဆောင်” တရားခေါင်းစဉ်ဖြင့် ဟောကြားတော်မူသည့် တရားတော်မြတ်ကို နာယူတော်မူကြသည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ဓမ္မကထိကဆရာတော်အား လှူဘွယ်ခြင်းနှင့် …

Read More »