Home / 2024 / January / 23

Daily Archives: January 23, 2024

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်ခရိုင်အတွင်း သီးနှံစိုက်စွမ်းအား ပိုမိုဖွံ့ဖြိုး တိုးတက်စေရေးနှင့် အသားစားသုံးမှု ဖူလုံပိုလျှံစေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့

ဒိုက်ဦး ဇန်နဝါရီ ၂၃ ================ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ညောင်လေးပင်ခရိုင်အတွင်း သီးနှံစိုက်စွမ်းအား ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ CPP Myat Min Agro Co., Ltd ၏ အစေ့ထုတ်ပြောင်း (၆၀၀)ဧကစိုက်ပျိုးထားရှိမှုနှင့် အစေ့ထုတ်ပြောင်း မျိုးစေ့သန့်စင်စက် လည်ပတ်နေတို့အား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကျန်ရှိသည့် မြေများအား စိုက်ပျိုးမြေအဖြစ် အမြန်ဆုံးဖော်ထုတ် စိုက်ပျိုးသွားရန်နှင့် ဒေသခံတောင်သူများ စီးပွားဖြစ်အစေ့ထုတ်ပြောင်း ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးသွားနိုင် ရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ဒိုးတန်းကျေးရွာ၊ ကွင်းအမှတ် (၃၁၄-ခ)၊ မြေဧရိယာ(၁၃၅.၁၁)ဧကအား တိုင်းဒေသကြီးအစိုးအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၂၃၂.၂၀)ဖြင့် စက်မှုလယ်ယာစနစ်ကျလယ်ယာမြေ ဖော်ထုတ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နွေစပါး စိုက်ပျိုးချိန်မီပြီးစီးနိုင်ရေး၊ …

Read More »