Home / 2024 / February / 23

Daily Archives: February 23, 2024

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိသော MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၃ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိသော MSMEs လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားအား အဆိုပါရုံးရှိ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားဆောင်ရွက်လျက်ရှိပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် MSMEs လုပ်ငန်း များက အမယ်စုံထုတ်လုပ်လျက်ရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်၍ ထုတ်လုပ်သည့် ကုန်ပစ္စည်းများတိုင်း တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်ပိုးစနစ်များ အဆင့်မြှင့်တင်သွားရမှာဖြစ်ကြောင်း၊ ဒေသတွင်း MSMEs လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာခြင်းနှင့်အတူ ပြည်တွင်းထုတ်လုပ်မှုမြင့်မားခြင်း၊ ပြည်ပသွင်းကုန်အစားထိုး ထုတ်လုပ်နိုင်ခြင်း၊ အလုပ်အကိုင်ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် ကုန်ကြမ်းပစ္စည်းတင်ပို့မှုအစား တန်ဖိုးမြှင့်ပို့ကုန် များ တင်ပို့လာနိုင်ခြင်းဖြင့် ဝင်ငွေပိုမိုတိုးတက်ရရှိလာနိုင်မှာဖြစ်ကြောင်း၊ ဒေသထွက်ကုန်ပစ္စည်းများ ပို့ကုန် စွမ်းအားမြှင့်တင်နိုင်ရေးနှင့် ဈေးကွက်ချဲ့ထွင်နိုင်ရေး ဒေသထွက်ကုန် …

Read More »