Home / 2024 / February / 27

Daily Archives: February 27, 2024

ပဲခူးမြို့၌ အခြေခံငါးမွေးမြူရေးနှင့် ငါးသားဖောက်နည်းသင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး ဖေဖော်ဝါရီ ၂၇ =================           ပဲခူးမြို့၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနသင်တန်းကျောင်း၌ ဖေဖော်ဝါရီလ(၂၇)ရက်နေ့၊ နံနက်ပိုင်းက အခြေခံငါးမွေးမြူရေးနှင့် ငါးသားဖောက်နည်းသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း စဉ်ဆက်မပြတ် ငါးရိက္ခာဖူလုံပိုလျှံနိုင်ရန်အတွက် အခြေခံငါးမွေးမြူရေးနှင့် ငါးသားဖောက်နည်းပညာတို့သည် အဓိကအရေး ကြီးသော လုပ်ငန်းစဉ်များဖြစ်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် ငါးမွေးမြူရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်စေရန်၊ ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်နှင့်ပတ်သက်၍ သိရှိနားလည်စေရန်နှင့် မျိုးငါးရွေးချယ်ခြင်း၊ ငါးမှုန်ငါးသန်ပြုစုခြင်း၊ ငါးများအစာကျွေးခြင်း၊ ငါးရောဂါနှင့် ရေအရည်အသွေးတိုင်းတာ ခြင်းများအပြင် အသားတိုးငါးမွေးမြူခြင်းစသည့် သင်ခန်းစာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွား မှာဖြစ်ပြီး သင်ကြားရေးအတွက် ကျယ်ဝန်းသန့်ရှင်းပြီး သက်တောင့်သက်သာ သင်ကြားနိုင်ရေးအတွက် ရှင်းလင်းဆောင်ကိုလည်း တိုင်းဒေသကြီး အစီအစဉ်ဖြင့် တည်ဆောက်ပေးထားပြီးဖြစ်ကြောင်း၊ လုပ်ငန်းခွင် အတွင်းမှ ထုတ်လုပ်ရရှိသည့် ငါးများကိုအခြေခံ၍ တန်မြှင့်ထုတ်ကုန်များဖြစ်လာစေရန် …

Read More »