Home / 2024 / February / 20

Daily Archives: February 20, 2024

နိုင်ငံတော်၏ လုံခြုံရေးနှင့်ကာကွယ်ရေးကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် စားသောက်ဖွယ်ရာများ ပို့ဆောင်ပေးလျက်ရှိ

ပဲခူး ဖေဖော်ဝါရီ ၂၀ ===============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နိုင်ငံတော်၏ လုံခြုံရေးနှင့်ကာကွယ်ရေးကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပို့ဆောင်ပေးနေမှုအား ဖေဖော်ဝါရီလ (၁၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက် ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုင်ငံတော်၏ လုံခြုံရေးနှင့်ကာကွယ်ရေးကို စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသ ကြီး ရဲတပ်ဖွဲ့၊ မြို့ပေါ်ဈေးများမှ ဈေးသူ/ဈေးသားများနှင့် ပြည်သူများက ထောက်ပံ့လှူဒါန်းသည့် စားသောက်ဖွယ်ရာများနှင့် အားပေးစာလွှာများအား လှည်လည့်ကြည့်ရှုစစ်ဆေးခဲ့သည်။           ထို့နောက် စားသောက်ဖွယ်ရာများအား ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူ များ စုပေါင်း၍ ရှေ့တန်းရောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ပေးပို့မည့် မော်တော်ယာဉ်များပေါ်သို့ တင်ပေး ခဲ့ကြကြောင်း သိရှိရသည်။           ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် …

Read More »