Home / 2024 / February / 19

Daily Archives: February 19, 2024

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီ ၁၉ ================           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ဂွေးချောင်းကျေးရွာ အုပ်စုရှိ တစ်ကွင်းတစ်ဆက်တည်း အထွက်နှုန်းကောင်း နွေစပါး(၁၅၀)ဧက စုပေါင်းဓါတ်မြေဩဇာကြဲပတ် နေမှုနှင့် သမန်းနိုးခြင်း ဆောင်ရွက်နေမှုတို့အား ကြည့်ရှုအားပေးခဲ့ပြီး သတ်မှတ်စိုက်နည်းစနစ်များအတိုင်း အချိန်မှန်ဆောင်ရွက်ပါက ပန်းတိုင်အထွက်နှုန်း ကျော်လွန်နိုင်မည်ဖြစ်၍ ကျေးရွာများအလိုက် ကွင်းဆင်း အသိပညာပေးခြင်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ဂုံမင်းမြောင်ကျေးရွာ ရှိ ဦးရဲလင်းစိုး၏ “ပြည်ကျော်”တန်(၈၀)ကျဆန်စက်၌ ပဲခူးတိုင်းဒေသကြီး၏ စက်မှုထုတ်ကုန်တစ်ခုဖြစ်သော Gasifier စွန့်ပစ်စပါးခွံသုံး လျှပ်စစ်ဓါတ်အားပေးစက်ဖြင့် ဆန်စက်လည်ပတ်နေမှုနှင့် စပါးအခြောက်ခံစက် လည်ပတ်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စပါးခွံများအား ထင်းအစားထိုး …

Read More »