Home / 2024 / February / 09

Daily Archives: February 9, 2024

ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ပဲခူး ဖေဖော်ဝါရီ ၉ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဖေဖော်ဝါရီလ(၈)ရက်နေ့၊နံနက်ပိုင်း က ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ မုန်တိုင်းကျေးရွာရှိ ဆောင်းသီးနှံ ဟင်းသီးဟင်းရွက်စိုက်ခင်းသို့ ရောက်ရှိခဲ့ပြီး စားဖိုးဆောင်သီးနှံ အမယ်သစ်အဖြစ် ပြည်တွင်းသုံးကုန် ပြည်ပ ပို့ကုန် (၂)မျိုးလုံးဈေးကွက်ရှိသည့် ကြက်သွန်နီ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် Mobile Solar System တပ်ဆင်နိုင်ရေးနှင့် ပြည်ပမှလာသည့် ဟင်းသီးဟင်းရွက်မျိုးစေ့များ စိုက်ပျိုးခြင်းအပြင် ဒေသမျိုးများ လည်း ပြန်လည်ဖော်ထုတ်၍ ဓာတုကင်း လွတ်ဟင်းသီးဟင်းရွက်ဇုံတစ်ခုအဖြစ် ဖော်ထုတ်နိုင်ရေး တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ စိုင်တီကျေးရွာရှိ မွေးမြူရေးလုပ်ငန်း …

Read More »