Home / 2024 / February / 26

Daily Archives: February 26, 2024

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး ဖေဖော်ဝါရီ ၂၆ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေးသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ငါးဖယ်အင်းကျေးရွာ အုပ်စု၌ လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးထားသည့် တစ်ကွင်းတစ်ဆက်တည်း နွေစပါးဧက(၁၀၀) စုပေါင်းဓါတ်မြေဩဇာကြဲပက်ခြင်းနှင့် သမန်းနှိုးခြင်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး သွင်းအားစုများ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် ကန်ရိုးကျေးရွာ၌ ဦးနိုင်နိုင်ကျော်၏ တန်ဖိုးနည်း ဒေသထွက်ကုန်ဖြစ်သော ရွဲယိုသီး၊ ပျဉ်းမရွက်၊ ပဲပိုးတီ၊ ဓနိဖူး၊ ရှဉ့်မတတ်၊ ချဉ်ပေါင်ဖာလာ၊ ကြက်ဆူရွက်၊ ကြောင်လျာသီးအစေ့၊ ပိန်းရိုး၊ ဝါးနှီး စသည့်တို့ကို အခြောက်ခံ၍ ပြည်ပနိုင်ငံများသို့ တိုက်ရိုက်တင်ပို့နေသည့် အလုပ်ရုံနှင့် ကောင်းစစ်သွေး ငါးရှဉ့်ပွဲရုံများသို့ သွားရောက်ကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း …

Read More »