Home / 2024 / March

Monthly Archives: March 2024

၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်

ပဲခူး မတ် ၃၁ ===========           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၃၀)ရက်နေ့၊ မွန်းလွဲ ပိုင်းက ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ရှေးရိုးရာ အစဉ်အလာမပျက် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည့် အလေ့အထကောင်းများအတိုင်း ယခုနှစ်တွင်လည်း မဟာသင်္ကြန် ပွဲတော်ကိုလည်း စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ သင်္ကြန်နှင့်ယိမ်း ခွဲခြားလို့ မရသလို ယိမ်းပြိုင်ပွဲများ အတွက် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမဆုနှင့် နှစ်သိမ့်ဆုအပါအဝင် စုစုပေါင်း ကျပ်သိန်း (၁၆၀)ဖြင့် ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ပေးသွားမှာဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲသူ များ အားလုံးကို …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်

ပဲခူး မတ် ၃၁ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား မတ်လ(၃၀) ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင် တည်းပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် လေးမျက်နှာဘုရား(ကျိုက်ပွန်ဘုရား) အဝင်လမ်းနှင့် ဘုရားပုရဝုဏ်တို့၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဒေသခံပြည်သူများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုနှင့် ခြင်ဆေးမှုတ်ခြင်း ဆောင်ရွက်နေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဘုရားအဝင်လမ်း လမ်းဘေးဝဲ/ယာ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပစေရေးနှင့် စိုက်ပျိုးထားသည့် အရိပ်ရသစ်ပင်များအား ထိန်းသိမ်း စောင့်ရှောက်ရန်၊ ဘုရားတန်ဆောင်များရှိ ဆီဆေး၊ရေဆေးများ ပြန်လည်ဆေးသုတ်ရန်နှင့် သာသနာ့နယ်မြေ အတွင်း ကျူးကျော်မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ ကားလမ်း(ဝဲ/ယာ)၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး မတ် ၃၀           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၂၉)ရက်နေ့၊ နံနက် ပိုင်းက ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၄) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စီးပွားရေးလုပ်ငန်း ဆောင်ရွက်နိုင်သည့် နေရာဒေသကျယ်ဝန်းခြင်း၊ လုပ်သားပေါကြွယ်ဝခြင်း၊ တည်ရှိပြီး စက်ရုံ/အလုပ်ရုံများ၌ အလုပ်ရှင် အလုပ်သမားပြဿနာမရှိခြင်းနှင့်အတူ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုများစသည့် အခြေခံ ကောင်းများ ပိုင်ဆိုင်ထားပြီးဖြစ်၍ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံလိုသူများ လာရောက်ဆက်သွယ်ပြောကြား ထားမှုများရှိကြောင်း၊ လာရောက်ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင်များအားလုံးအတွက်လည်း လုပ်ငန်းများ လွယ်ကူလျင်မြန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေး အဘက်ဘက်မှ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသလို တည်ရှိပြီး လုပ်ငန်းများ ထပ်မံတိုးချဲ့လုပ်ကိုင်လာကြကြောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်းမှ ထွက်ရှိသည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များကို အခြေခံပြီး ပေါင်းဆန်ထုတ်လုပ်သည့် ဆန်စက်ကြီးများ၊ ဆီစက်ကြီးများ၊ သား/ငါး …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေးနှင့် ဒေသထွက်ကုန်လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး မတ် ၃၀           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ(၂၉)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေးနှင့် ဒေသထွက်ကုန် လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သဲကုန်းမြို့နယ်၊ ဝက်ပုတ်မြို့၊ ရွှေညောင်ပင် လမ်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာဆောင်ရွက်လျက်ရှိသော “အမေသီတာ” ပြည်တွင်းထုတ်မြေပဲပေါင်းဆီစက်မှ ဆီထုတ်လုပ်နေမှုနှင့် ပဲကြော်လုပ်ငန်းတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ပြီး ဒေသထွက် မြေပဲအား ကုန်ကြမ်းအဖြစ် တင်ပို့နေမှုအစား မြေပဲဆီသန့်အား တိုးချဲ့ထုတ်လုပ်တင်ပို့ နိုင်ရေးဆောင်ရွက်ရန်နှင့် ပဲကြော်လုပ်ငန်းများအတွက် ထုတ်ပိုးမှုစနစ် အဆင့်မြှင့်တင်ပေးနိုင်ရေး တာဝန် ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် “ထူးမွန်”  ကျောက်ဖရုံယိုလုပ်ငန်းသို့ သွားရောက်၍ ပိဿာချိန်အလိုက် ကုန်ပစ္စည်းပို့အစား ထုတ်ပိုးမှုဆိုဒ်မျိုးစုံဖြင့် ဈေးကွက်အတွင်း ဖြန့်ဝေသွား ရန်နှင့် ပဲခူးမြို့နှင့် …

Read More »

ပဲခူးမြို့၌ အဂတိလိုက်စားလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်း အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်

ပဲခူး မတ် ၂၉ ============           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက အဂတိလိုက်စားလိုက်စားမှု တိုက်ဖျက် ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီး အတွင်းရှိ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် တာဝန်ရှိပုဂ္ဂိုလ်များအနေနဲ့ အဂတိလိုက်စားမှု မြောက်နိုင်တဲ့ ကိစ္စရပ်တွေကို သိရှိနားလည်နိုင်မှာဖြစ်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ ပြစ်မှုပြစ်ဒဏ်တွေကို သိရှိနားလည်၍အဂတိလိုက်စားမှုဟာ ဖွံ့ဖြိုးတိုးတက်မှုတွေကို အကောင်အထည်ဖော်ရာမှာ အဟန့်အတား ပြုနိုင်တဲ့ ရောဂါဆိုးတစ်ခုလို့ ဆိုရမှာဖြစ်ကြောင်း၊ အဂတိလိုက်စားမှုဟာ လူတစ်ဦးချင်းစီရဲ့ အကျင့်စာရိတ္တ တွေ ပျက်စီးလာပြီး မျှတမှုရှိတဲ့ ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးတွေ ကျဆင်းလာနိုင်ပြီး နိုင်ငံအနေနဲ့ လည်း ဖွံ့ဖြိုးတိုးတက်မှု နောက်ကျခြင်း၊ ပြည်သူ့ဝန်ဆောင်မှု …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကုန်ထုတ်စွမ်းအား တိုးတက်မြှင့်မားစေရေး ကွင်းဆင်းဆောင် ရွက်ပေးခဲ့

ပြည် မတ် ၂၉ ===========           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ(၂၈)ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်တက္ကသိုလ်သို့ ရောက်ရှိခဲ့ပြီး အစည်းအဝေးခန်းမ၌ ဓာတုဗေဒဌာန၊ တွဲဖက်ပါမောက္ခ ဒေါက်တာမြတ်မွန်အေးက ကြံဖတ်နှင့် ပြောင်းဖူးဖတ် တို့မှ လူသုံးကုန်စက္ကူထုတ်လုပ်သည့် အဆင့်ဆင့်အား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရာသီမရွေး ကုန်ကြမ်းပစ္စည်းလိုသလောက်ရရှိနိုင်သည့် ကောက်ရိုးဖြင့် စက္ကူထုတ်လုပ် နိုင်ရေးနှင့် စက္ကူစက်ရုံများနှင့်ချိတ်ဆက်၍ လိုအပ်သောနည်းပညာများရရှိနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်တက္ကသိုလ်ရှိ ဓါတုဗေဒဓါတ်ခွဲခန်းမှ ထုတ်လုပ်ရရှိသည့် ကြံဖတ်နှင့်ပြောင်းဖူးဖတ်တို့မှ ထုတ်လုပ်ထားသည့် စက္ကူများနှင့် အသုံးပြုသည့် ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ပြီး နိုင်ငံခြားသုံးငွေ လျော့ချနိုင်ရေးနှင့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း သီးထပ်စွမ်းအား တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပြည် မတ် ၂၇           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် မတ်လ(၂၆)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း သီးထပ်စွမ်းအား တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၊ တစ်နှစ်(၃)သီးစိုက်ဧရိယာအတွင်း တောင်သူဦးဝင်းလှိုင်မှ ဗီယက်နမ်ဆန်မွှေးစပါး မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တစ်ဧကလျှင် တင်း(၁၃၀)ကျော် ထွက်ရှိနိုင်သည့် စပါး မျိုးဖြစ်ပြီး ဒေသတွင်းစားသုံးမှုနှင့် ပြည်ပဈေးကွက်ရရှိနိုင်မှုပေါ်မူတည်၍ မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်း များ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားရန်နှင့် မြို့နယ်တိုင်းရှိ ဌာနပိုင်မျိုးစေ့သန့်စင်စက်များအား အသုံး ပြု၍ သန့်စင်ပြီးမျိုးစေ့များကို တောင်သူများအား စိုက်ပျိုးစေခြင်းအားဖြင့်  အဖျင်းအမှော်ကင်းရှင်းပြီး အထွက်နှုန်းတိုးတက်လာနိုင်မည်ဖြစ်သဖြင့် ဒေသခံတောင်သူများအား ရှင်းလင်းအသိပညာပေးရန် တာဝန် ရှိသူများကို လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ မထောကျေးရွာအုပ်စု၌ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်‌တော်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များ အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး မတ်လ ၂၄ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မ ဗိမာန်‌တော်ကြီး၌ မတ်လ(၂၄) ရက်နေ့ မွန်းလွဲပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးအတွင်းမှ ၂၀၂၃ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။         ရှေးဦးစွာ နိုင်ငံတော်ဩဝါဒါစရိယ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန် ဆောင်၊ ပဲခူးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော်ရဆရာတော်များနှင့် သီလရှင်တို့အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။         ထို့နောက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ ဒုတိယပိုင်းအား ဆက်လက် ကျင်းပပြုလုပ်ရာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ရွှေတံဆိပ်များဆုရှင် အဆိုတော် မထက်ထက်မော်က “ထူးမခြားနား”ရောင်ခြည်တော်ဖွင့် သုံးပိုဒ်ဖြင့် သီဆိုပူဇော်ကာ ပဲခူးတိုင်းဒေသကြီးသာသနာရေးမှူး ညွှန်ကြားရေးမှူး ဦးဌေးလှိုင်က အခမ်းအနားဖွင့် စာတမ်းအား ဖတ်ကြားလျှောက်ထား၍ အခမ်းအနားကို …

Read More »

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင်လမ်းပေါ်ရှိ သနပ်ပင်မြို့တွင်းတံတားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်

ပဲခူး မတ်လ ၂၃ ===========           (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူး-သနပ်ပင်-ခရမ်း-သန်လျင်လမ်း ပေါ်ရှိ သနပ်ပင်မြို့တွင်းတံတားဖွင့်ပွဲအား မတ်လ(၂၃)ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မူလသနပ်ပင်မြို့တွင်းတံတားသည် တစ်လမ်း သွားဘေလီတံတားဖြစ်ပြီး တံတားပေါ်ယာဉ်ဖြတ်သန်းစဉ် အခြားဘက်မှ ယာဉ်များစောင့်ဆိုင်းရခြင်း၊ ယာဉ် တစ်စီးချင်းစီသာ ဖြေးဖြေးမောင်းနှင့်ဖြတ်သန်းရခြင်း၊ ဒေသခံပြည်သူများ၊ ကျောင်းသား/သူများအတွက် ယာဉ်ကြောကြပ်တည်းခြင်းနှင့် ယာဉ်အန္တရာယ်ဖြစ်ပေါ်မှုများ ကင်းဝေးစေရန်၊ သနပ်ပင်မြို့အတွက် သာမက သီလဝါအထိ ချိတ်ဆက်မည့် လမ်းမကြီးပေါ်တွင် တည်ရှိခြင်းကြောင့် ကုန်စည်စီးဆင်းမှုမြန်ဆန် သွက်လက် စေရေးနှင့် ဒေသခံပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် လိုအပ်လျက်ရှိသည့် သနပ်ပင်မြို့တွင်းတံတားအား နှစ်လမ်းသွားသံကူကွန်ကရစ်တံတားအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ် (၃၇၁၇)သန်းဖြင့် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။           ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေက သနပ်ပင်မြို့တွင်းတံတား …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး မတ် ၂၂ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ မတ်လ(၂၂)ရက်နေ့၊ မွန်းလွဲ ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အသေးစား၊ အငယ်စားနှင့် အလတ်စား MSMEs စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ဒေသထွက်ကုန်များအား တိုင်းဒေသကြီးမှ တစ်ဆင့်  ပြည်တွင်းဈေးကွက်သို့ ချဲ့ထွင်ပြီး ပြည်ပသို့ တင်ပို့နိုင်ရေး မျှော်မှန်းဆောင်ရွက်သွားရမှာဖြစ်သလို MSMEs လုပ်ငန်းရှင်များအတွက်လည်း လွယ်ကူစွာလုပ်ကိုင်ဆောင်ရွက်နိုင်ရေး အခွင့်အလမ်းများ ဖန်တီး ပေးသွားရမှာဖြစ်ကြောင်း၊ ပဲခူးတိုင်းသည် ဆီထွက်သီးနှံ ပဲမျိုးစုံထွက်ရှိရာဒေသလည်းဖြစ်၍ အသေးစား ဆီစက်များ တစ်ပိုင်တစ်နိုင် …

Read More »