Home / 2024 / February / 06

Daily Archives: February 6, 2024

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာ အဆင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်းရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း၊ ကျေးရွာ တွင်းလမ်းနှင့် သောက်သုံးရေရရှိရေးလုပ်ငန်း ဖွင့်လှစ်ပွဲကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၆ ================           ပဲခူးမြို့၊ ရွာသစ်ကျေးရွာ၌ ဖေဖော်ဝါရီလ(၆)ရက်နေ့၊ နံနက်ပိုင်းက (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှု‌လျှော့ချရေးဆိုင်ရာ စံပြကျေးရွာထူထောင်ခြင်းစီမံကိန်းရန်ပုံငွေဖြင့် ကုန်ထုတ်လမ်း၊ ကျေးရွာတွင်းလမ်းနှင့် သောက်သုံးရေရရှိရေး လုပ်ငန်းဖွင့်လှစ်ပွဲအခမ်းအနားအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း ကဏ္ဍစုံဖွံ့ဖြိုးတိုးတက် စေရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသန္တရစီမံကိန်းများ ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ခြင်းများကို ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် ကြိုးစားဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်မှသာ မိမိတို့၏ ဒေသအလိုက် လိုအပ်ချက်များကို ထိထိရောက်ရောက် ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မှာဖြစ်သလို မိမိတို့ရပ်ရွာမှလည်း ဆောင်ရွက်ပြီး တည်ဆောက်ရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိကြောင်းနှင့် ရွာသစ်ကျေးရွာ၌ မဲခေါင်-လန်ချန်းနိုင်ငံများအကြား ကျေးရွာအဆင့် ဆင်းရဲမှုလျှော့ချရေး ဆိုင်ရာ …

Read More »