Home / 2026 / July (page 3)

Monthly Archives: July 2026

ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး ဇူလိုင် ၃            ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ ၃ ရက်နေ့၊ နံနက်ပိုင်းက မြန်မာအမျိုးသမီးများနေ့အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ပဲခူးတိုင်းဒေသကြီး အမျိုးသမီး ရေးရာအဖွဲ့ နာယက ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။            ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဦးမျိုးဆွေဝင်းက ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီး များနေ့ အခမ်းအနား၌ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ပြီး ကျား/မ ရေးရာ တန်းတူညီမျှမှုရှိသည့် လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာစေရေး အားလုံးဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်ကြစေလို ကြောင်း အဖွင့်အမှာစကားပြောကြားသည်။            ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တေရသမအကြိမ် မြန်မာနိုင်ငံလုံး ဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲတွင် ဗဟိုအဆင့် ဆုရရှိသူ၊  မစ်ဆူဘီရှီ အာရှကလေးများ ရုပ်ပြဒိုင်ယာရီပွဲတော် ပန်းချီပြိုင်ပွဲတွင် ဆုရရှိခဲ့သူနှင့် တက္ကသိုလ်ဝင်တန်း …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၂           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ ၂ ရက်နေ့၊ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက် များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ MSME  စီးပွားရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိိုးရေး၊ အလုပ်အကိုင်အခွင့်အလမ်းရရှိ ရေးနှင့် မြို့နယ်အလိုက် စိမ်းလန်းစိုပြေရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ မိုးရာသီရောက်ရှိလာပြီဖြစ်၍ ပျိုးခြံများအတွင်းရှိ ပျိုးပင်များအားလုံး စိုက်ပျိုးသွားရန်နှင့် ဝါးအခြေခံ စက်မှုလက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး တစ်အုပ်တစ်မ စီးပွားဖြစ်ဝါးစိုက်ခင်း များ စိုက်ပျိုးသွားကြရန် မှာကြားခဲ့သည်။           ထို့နောက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေး

ပဲခူး ဇူလိုင် ၁           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇူလိုင်လ ၁ ရက်နေ့၊ နံနက်ပိုင်းက ညောင်လေးပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြွန်တန်ဆာမြို့ရှိ “သပြေရိပ်” လယ်ယာသုံးစက်မှု/လက်မှုလုပ်ငန်းသို့ သွားရောက်ခဲ့ပြီး ဒေသတွင်းထုတ်လုပ်လျက်ရှိသည့် ရိတ်သိမ်း ခြွေလှေ့စက်နှင့်တွဲဘက်ထားသည့် ပဲသန့်စင်စက်၊ လယ်ယာသုံးဓါးစက်တုံး၊ ၃၂ လက်မ လယ်ယာသုံးသံဘီး နှစ်တန်းထိုးကြားပေါင်းလိုက်သမန်းနိုးစက်နှင့် တစ်တန်းထိုးကြားပေါင်းလိုက် သမန်းနိုးစက် တီထွင်ထုတ် လုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများတစ်ပိုင်တစ်နိုင် ဝယ်ယူအသုံးပြုနိုင်ရေးနှင့် ဈေးကွက်ရရှိရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်ခရိုင်စုပေါင်းရုံးသို့ ရောက်ရှိခဲ့ရာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်တံခါးမြို့မှ …

Read More »