ပဲခူး ဇူလိုင် ၄ ပဲခူးတက္ကသိုလ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဘတ်စကက်ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ(၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတက္ကသိုလ် အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ဘတ်စကက်ဘော (အမျိုးသား) သင်္ချာအသင်းနှင့် သတ္တဗေဒအသင်းတို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ကထိကများ၊ ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား/ကျောင်းသူများ၊ ကြည့်ရှု့အားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်က ဒိုင်များအား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဥပဒေချုပ်တို့က အမျိုးသား/အမျိုးသမီး …
Read More »Bago Manager ZWL
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့သည် ဇူလိုင်လ(၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ကျိုက်ပွန်ဘုရားဝန်းအတွင်း၌ ၂၀၂၅ ခုနှစ်၊ ဒုတိယအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စုပေါင်းစိုက်ပျိုးသည့် သစ်ပင်တို့သည် မျက်မှောက်ကာလမှာ အပင်ငယ်များသာဖြစ်နေသော်လည်း အနာဂတ်တွင် သဘာဝတောအုပ်တစ်ခုအဖြစ် မြင်တွေ့လာရမှာဖြစ်ကြောင်း၊ သစ်ပင်များသည် လူသားတို့အတွက် အောက်စီဂျင်အရင်းအမြစ်ဖြစ်သလို မြေဆီလွှာထိန်းသိန်းခြင်းနှင့် ရေကြီးရေလျှံမှုများကို ကာကွယ်လျှော့ချပေးနိုင်မှာဖြစ်ကြောင်း၊ မိုးရာသီ ဆိုတာ သစ်ပင်များစိုက်ပျိုးရန် သဘာဝကပေးထားသည့် အကောင်းအချိန်ဖြစ်ပြီး သစ်ပင်များ ရှင်သန် ကြီးထွားစေနိုင်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် ကျိုက်ပွန်ဘုရားအဝင်လမ်း လမ်းဘေးဝဲယာတွင် စိုက်ပျိုးပေးခဲ့သည့် ခရေပင်များ စိမ်းလန်းဝေဆာလျက်ရှိ နေတာကို အားလုံးတွေ့မြင်ရမှာဖြစ်ကြောင်း၊ ကမ္ဘာမှာ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စီးပွားရေး တိုးတက်စေရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့၊ နံနက် ပိုင်းက စီးပွားရေး တိုးတက်စေရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဇူလိုင်လ(၂)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော်၏ စီးပွားရေးတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး၏ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေးတို့အား လုပ်ဆောင်ရာတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးသည် အလွယ်ကူဆုံးနှင့် အထိရောက်ဆုံး ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အားကောင်းမှသာ ကုန်ထုတ်လုပ်မှုများ တိုးတက် လာမှာဖြစ်ပြီး ကုန်ဈေးနှုန်းများ ကျဆင်းလာမှာဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိ ရေးနှင့် သီးထပ်စွမ်းအား တိုးတက်အောင် ဆောင်ရွက်ခြင်းတို့သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု များစွာ အထောက်အကူဖြစ်စေနိုင်မှာဖြစ်ကြောင်း၊ …
Read More »၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်
ပဲခူး ဇူလိုင် ၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ ရှေးဦးစွာ ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနား “မြန်မာအမျိုးသမီးလေးပါ” သီချင်းဖြင့် ကပြဖျော်ဖြေ၍ ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာနိုင်ငံတွင် အမျိုးသမီးရေးရာကော်မတီကို (၁၉၉၆)ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး (၂၀၁၈)ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဟု အမည်ပြောင်းလဲခဲ့ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီး အခွင့်အရေးများနှင့် ကျား/မ ရေးရာ လုပ်ငန်းများ တန်းတူညီမျှဖို့နှင့် သာတူညီမျှစေဖို့ အမျိုးသမီးအခွင့်အရေး မြှင့်တင်ဆောင်ရွက်သည့် အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတော်အဆင့် မဟာဗျူဟာစီမံချက်ကို …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု များ ပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၅) ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အစည်း အဝေး အမှတ်စဉ်(၁/၂၀၂၅) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံ ရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစေရေးအတွက် မြေသိမ်းဆည်းခြင်းပြဿနာများကို လျင်မြန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် ကျင်းပရခြင်းဖြစ်ကြောင်း၊ မြေသိမ်းဆည်းခြင်းအမှုတွဲများ စိစစ်ရာတွင် မှန်မှန် ကန်ကန်နှင့် အမြန်ဆုံးဖြေရှင်းဆောင်ရွက်သွားရန်နှင့် ချမှတ်ထားသည့် မူဝါဒ၊ လုပ်ငန်းစဉ်(၅၂)ချက်နှင့်အညီ ဆက်လက်ဆောင်ရွက်သွားရမှာဖြစ်ကာ အမှုတွဲများ အမြန်ဆုံးပြီးပြတ် ပိတ်သိမ်းနိုင်မှာဖြစ်ကြောင်း၊ သိမ်းဆည်းခံ လယ်ယာမြေနှင့်အခြားမြေများ မူလပိုင်ရှင်များထံ အမြန်ဆုံးလက်ဝယ်ရောက်ရှိစေရေး လုပ်ငန်းစဉ်(၉)ရပ်နှင့်အညီ ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ သိမ်းဆည်းခံခဲ့ရသည့် လယ်ယာမြေနှင့် အခြားမြေများကို မူလပိုင်ရှင်များမှ ပြန်လည်လျှောက်ထားရာတွင် (၁၈-၉-၁၉၈၈)ရက်နေ့ နောက်ပိုင်း …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်းသို့ ဇွန်လအတွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၇.၂၆)သိန်း တိုးတက်ဝင်ရောက်ခဲ့
ပဲခူး ဇူလိုင် ၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၅) ကျင်းပပြု လုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားဆောင်ရွက်သည့် တိုင်းဒေသကြီး တစ်ခုဖြစ်၍ လယ်ယာသုံးစက်ကိရိယာထုတ်လုပ်ခြင်း၊ ဓါတ်မြေဩဇာထုတ်လုပ်ခြင်းနှင့် တိရစ္ဆာန်အစာ ထုတ်လုပ်သည့် လုပ်ငန်းများအပြင် ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာထုတ်လုပ်ခြင်းလုပ်ငန်းများကို ဖိတ်ခေါ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးချဲ့လာခြင်းသည် တိုင်းဒေသကြီး အတွင်း လုပ်သားအင်အား ပေါကြွယ်ဝမှု၊ အလုပ်ရှင်အလုပ်သမားပြဿနာ ကင်းဝေးခြင်းနှင့် ရင်းနှီးမြှုပ်နှံ ရန် အခွင့်အလမ်းကောင်းများရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း တည်ရှိပြီးသော စက်ရုံ အလုပ်ရုံများ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရေးနှင့် စက်ရုံ/အလုပ်ရုံများ ထပ်မံရင်းနှီးမြှုပ်နှံလာနိုင်စေရေး မိမိတို့တိုင်းဒေသကြီးအတွင်း ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအမျိုးအစား …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅) ကျင်းပပြုလုပ်
ပဲခူး ဇွန် ၃၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇွန်လ(၃၀)ရက်နေ့၊ နံနက် ပိုင်းက တိုင်းဒေသကြီးအဆင့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် ကျောင်းတက်ရောက် မှုရာခိုင်နှုန်းနှင့် တန်းစဉ်ကူးပြောင်းမှု ရာခိုင်နှုန်းများ နှစ်စဉ်တိုးတက်အောင် ဆောင်ရွက် ရန်ဖြစ်ကြောင်း၊ အခြေအနေအရပ်ရပ်ကြောင့် ကျောင်းတက်ရောက်နိုင်ခြင်းမရှိသည့် ကလေးလူငယ် များအတွက် မြို့နယ်(၂၁)မြို့နယ်တွင် ကျောင်းပြင်ပပညာရေးစနစ် အကောင်အထည်ဖော် ဆောင်ရွက်ထား ရှိပြီးဖြစ်၍ ကျောင်းတက်ရောက်နိုင်ရေး သက်ဆိုင်ရာမိဘအုပ်ထိန်းသူများနှင့် တွေ့ဆုံဆွေးနွေး စည်းရုံး ဆောင်ရွက်သွားရမှဖြစ်ကြောင်း၊ ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ ဆေးရုံ အခြေပြုကုသရေးလုပ်ငန်းများ အပြင် ကျေးလက်ဒေသများအထိ နည်လှည့်ကွင်းဆင်းဆေးကုသသည့် လုပ်ငန်းစဉ်များ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မြို့တွင်း/မြို့ပြင် …
Read More »ကဝမြို့နယ်အတွင်း အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသပေးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှု့အားပေး
ပဲခူး ဇွန် ၂၈ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ကျန်းမာရေး ဝန်ထမ်းများသည် ဇွန်လ (၂၈)ရက်နေ့ နံနက်ပိုင်းက ကဝမြို့နယ်၊ အုန်းနှဲတိုက်နယ်ဆေးသို့သွားရောက်၍ ကဝမြို့နယ်အတွင်းရှိ ရဟန်း၊ ရှင်၊ လူပြည်သူများအား ဆေးကုသမှုပြုလုပ်ပေးနေမှုကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှု့ အားပေးခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများက ရဟန်း ၊ရှင်၊ လူပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ဆေးကုသမှု လာရောက်ခံယူနေကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။ ဆေးကုသမှုများ ပြုလုပ်ပေးရာတွင် ပဲခူးမြို့၊ ကုတင် (၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာဇော်လွင်ဦးဆောင်သော ဖျားနာ၊ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅) ကျင်းပပြုလုပ်
ပဲခူး ဇွန် ၂၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇွန်လ(၂၇)ရက်နေ့၊ နံနက် ပိုင်းက တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီ စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၅) ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မိုး ရာသီ သီးနှံများ သတ်မှတ်လျာထားဧကအတိုင်း အပြည့်အဝစိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး အထူးအလေးထား ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ တစ်ဧက စိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာမှသာ တောင်သူများအတွက် ဝင်ငွေတိုးတက်လာမှာဖြစ်ကာ သွင်းအားစု သက်သာစေရေးနှင့် မြေဆီဩဇာကြွယ်ဝစေရေး သဘာဝမြေဩဇာသုံးစွဲခြင်း၊ ပိုက်ဆံလျှော်(သို့မဟုတ်) ပဲမျိုးရင်းဝင်တစ်မျိုးမျိုးကို ကြားသီးနှံအဖြစ် စိုက်ပျိုးရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရေကြီး နစ်မြှုပ်နိုင်သည့် ဒေသများတွင် ပျိုးအရံနှင့် မျိုးအရံကြိုတင်ထားရှိရမှာဖြစ်ကြောင်း၊ ဆီထွက်သီးနှံဖြစ် ဖြစ်သော …
Read More »(၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ချုပ်နှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်
ပဲခူး ဇွန် ၂၆ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၂၆)ရက်နေ့၊ နံနက်ပိုင်းက (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့် ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာတစ်ဝှမ်းရှိ သန်းပေါင်းများစွာသော လူနေမှုဘဝများကို ဆိုးရွားစွာထိခိုက်နစ်နာစေသည့် ဘက်ပေါင်းစုံမှ စိတ်ခေါ်မှု တစ်ရပ်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ဘိန်း/ဘိန်းဖြူစတဲ့ မူးယစ်ဆေးဝါးစိုက်ပျိုးထုတ်လုပ်မှုမရှိ သော်လည်း ဖြတ်သန်းသယ်ဆောင်မှုများရှိနေသဖြင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊ အရပ်ဖက်လူမှုအဖွဲ့ အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အရှိန်အဟုန်မြှင့် ဟန်ချက်ညီညီ ဆောင်ရွက်ခဲ့ရာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့အထိ အမှုပေါင်း(၃၄၉)မှု၊ တရားခံ ကျား/မ(၅၀၃)ဦး၊ စိတ်ကြွရူးသွပ်ဆေးပြား(၁၉.၉၂၃)သန်း၊ …
Read More »