ပဲခူး ဇူလိုင် ၁၃ ပဲခူးမြို့၊ ပဲခူးပြည်သူ့ဆေးရုံကြီး(ခုတင် ၅၀၀) (၆)ထပ် ဆေးကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားအား ဇူလိုင်လ ၁၃ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးပြည်သူ့ဆေးရုံကြီး(ခုတင် ၅၀၀) (၆)ထပ် ဆေးကုသဆောင်သစ်အား ကျန်းမာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် ပဲခူးပြည်သူ့ဆေးရုံကြီး(ခုတင် ၅၀၀) (၆)ထပ် ဆေးကုသဆောင်သစ် ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက …
Read More »Bago Manager ZWL
ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာများဖြင့် မိုးစပါးစုပေါင်းစိုက်ပျိုးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇူလိုင် ၁၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ နှင့်အတူ ဇူလိုင်လ ၁၁ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာများဖြင့် စုပေါင်းမိုးစပါးစိုက်ပျိုးနေမှု သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ တို့သည် သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဒေသခံမိုးစပါးစိုက် တောင်သူများနှင့်တွေ့ဆုံ၍ ဓါတ်မြေဩဇာသုံးစွဲမှု လျော့ချသုံးစွဲနိုင်ရေးနှင့် မြေဆီဩဇာကြွယ်ဝစေရေး သဘာဝမြေဩဇာထုတ်လုပ် သုံးစွဲရန်၊ ကြားသီးနှံအဖြစ် ပဲတစ်မျိုးမျိုးစိုက်ပျိုးရန်၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းပြည့်မီ စေရေးအတွက် မျိုးကောင်းမျိုးသန့်များ ရရှိရေး ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ပြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ဒေသခံမိုးစပါးစိုက် တောင်သူများအတွက် သွင်းအားစုများ ပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်
ပဲခူး ဇူလိုင် ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား ဇူလိုင်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များသည် ပဲခူးပြည်သူ့ဆေးရုံကြီး(ခုတင် ၅၀၀) (၆)ထပ် ဆေးကုသဆောင်သစ် အတွင်း/အပြင်၌ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ စုပေါင်းအားဖြင့် သန့်ရှင်းရေးပြုလုပ်နေမှုအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ဆေးကုသဆောင်အတွင်း လေဝင်လေထွက်ကောင်းမွန်စေရေး၊ အရိပ်ရအကြီးမြန်သစ်ပင်များ စိုက်ပျိုးသွားရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရေး လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ အများနှင့်သက်ဆိုင်သည့် ကားလမ်း(ဝဲ/ယာ)၊ မီးရထားလမ်း(ဝဲ/ယာ)၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေပြင်ရှာဖွေကယ်ဆယ်ရေး စုဖွဲ့လေ့ကျင့်မှုအား သွားရောက် ကြည့်ရှုအားပေး
ပဲခူး ဇူလိုင် ၁၁ ပဲခူးမြစ်အတွင်း၌ မီသတ်ဦးစီးဌာန၊ ကြက်ခြေနီအဖွဲ့၊ ပရဟိတအသင်းအဖွဲ့များ၊ လူမှုရေးအသင်း အဖွဲ့များ ပူးပေါင်း၍ ရေပြင်ရှာဖွေကယ်ဆယ်ရေး စုဖွဲ့လေ့ကျင့်မှုအား ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အချိန်ကာလအလျောက် ဖြစ်ပေါ်လာ နိုင်သည့် သဘာဝဘေးအန္တရာယ်များကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် ကြိုတင်ပြင်ဆင်ခြင်း၊ တုံ့ပြန်ဆောင် ရွက်ခြင်း၊ ပြန်လည်ထူထောင်ခြင်းစသည်တို့က ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ပဲခူးမြစ်၊ စစ်တောင်းမြစ်နှင့် ဧရာဝတီမြစ်တို့ ဖြတ်သန်းစီးဆင်းလျက်ရှိပြီး နှစ်စဉ်ရေကြီးရေလျှံမှုများ ဖြစ်ပေါ် လျက်ရှိသဖြင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး စုဖွဲ့လေ့ကျင့်မှု အားကောင်းရန်လိုအပ်ကြောင်း၊ ဒေသအလိုက် ဖြစ်ပေါ်လေ့ရှိသော ဘေးအန္တရာယ်များကို ဆန်းစစ်ပြီး ကြိုတင်စီမံဆောင်ရွက်ထားကြရန်နှင့် ပြည်သူများက လည်း နိုးကြားတက်ကြွစွာ ပါဝင်ပူးဆောင်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် …
Read More »ပဲခူးတက္ကသိုလ်၌ လူငယ်တွေ့ဆုံပွဲနှင့် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၁၀ ပဲခူးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ “လူငယ်တွေ့ဆုံပွဲနှင့် လူငယ် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ကျောင်းသား/သူများ၊ သင်တန်းသား/ သူများ၊ ပရဟိတ အဖွဲ့များ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းနှင့် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့က လူငယ်တွေ့ဆုံပွဲနှင့် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ အမှာစကား အသီးသီးပြောကြားခဲ့ကြသည်။ ၎င်းနောက် အခမ်းအနားတက်ရောက်လာသည့် လူငယ်မောင်/မယ်များက လူငယ်ရေးရာနှင့်ပတ်သက် သည့် သိလိုသည်များ မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက ပြန်လည်ဖြေကြားပေး …
Read More »ပဲခူးမြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား ကျင်းပပြုလုပ်
နေပြည်တော်၊ ဇူလိုင် ၈ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးညွန့် နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှတာဝန်ရှိသူများ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ CPU အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်များရာ အပါအဝင် စုစုပေါင်းအင်အား ( ၂၅၀ ) ဦး တက်ရောက်ခဲ့ကြသည်။ ပထမဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၌ မျက်စိခွဲစိတ်ကုသပေးမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇူလိုင် ၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇူလိုင်လ(၇)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ ကုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၊ အောင်သုခ ဆေးကုသဆောင်၌ မျက်စိခွဲစိတ်ကုသမှုပြီးစီးသည့် လူနာများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောင်သုခဆေးကုသဆောင်သို့ ရောက်ရှိ ခဲ့ပြီး လူနာများနှင့် နွေးနွေးထွေးထွေး တွေ့ဆုံအားပေးစကား ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မျက်စိခွဲစိတ်ကုသမှုခံယူပြီးသူများအား မျက်စိကျန်းမာရေး မျက်မှန်များ တပ်ဆင်ပေးခဲ့ကြသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မျက်စိဝေဒနာရှင် အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာများမှ မျက်စိဝေဒနာရှင် စုစုပေါင်းလူနာ(၁၂၀)ဦး ဇူလိုင်(၆)ရက်နေ့မှ ဇူလိုင်လ(၇)ရက်နေ့အထိ အခမဲ့ခွဲစိတ်ကုသမှု အောင်မြင်ဆောင်ရွက်ပေးခဲ့နိုင်သဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လမှ ဇူလိုင်လအထိ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအတွင်း …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး ဇူလိုင် ၆ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ဇူလိုင်လ ၆ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့ဈေးကြီး ပြန်လည်အဆင့်မြှင့်တင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ၎င်းနောက် ကလိကျေးရွာအုပ်စု၌ ဘက်စုံစိုက်ပျိုးမွေးမြူ ရေးစခန်း ဆောင်ရွက်မည့်နေရာနှင့် ပဲခူးပြည်သူ့ဆေးရုံကြီး(ခုတင် ၅၀၀) (၆)ထပ် ဆေးကုသဆောင်သစ် သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကာ ဆေးကုသဆောင် အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ကမ္ဘောဇသာဒီနန်းတော်ရာ အတွင်း Land …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိ နှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာလုပ်ငန်းညှိ နှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ အား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မိုးရာသီရောက်ရှိနေပြီဖြစ်၍ လျာထားသည့်ဧက များအလိုက် သတ်မှတ်မိုးသီးနှံများ အပြည့်အဝ စိုက်ပျိုးနိုင်ရေး၊ မိုးရာသီတွင် ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရေကြီးရေလျှံမှုကြောင့် ထိခိုက်နိုင်သည့် စိုက်ပျိုးသီးနှံများအတွက် အချိန်မီပြန်လည်ကုစားနိုင်ရေး ပြင်ဆင်ထားရန်ဖြစ်ကြောင်း၊ ဒေသအလိုက် စားရေရိက္ခာဖူလုံစေရေး စိုက်ပျိုးရေနှင့် မွေးမြူနိုင်ရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်စေရေး မြို့နယ်အလိုက် သင်တန်းများဖွင့်ခြင်းအပြင် နည်းပညာနှင့် အရင်းအနှီးရရှိစေရေး ပံ့ပိုးကူညီဆောင်ရွက်ရန်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ အနေဖြင့် …
Read More »ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပဲခူး ဇူလိုင် ၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ ၃ ရက်နေ့၊ နံနက်ပိုင်းက မြန်မာအမျိုးသမီးများနေ့အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ပဲခူးတိုင်းဒေသကြီး အမျိုးသမီး ရေးရာအဖွဲ့ နာယက ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဦးမျိုးဆွေဝင်းက ၂၀၂၆ ခုနှစ်၊ မြန်မာအမျိုးသမီး များနေ့ အခမ်းအနား၌ အမျိုးသမီးများ၏ ဘဝဖွံ့ဖြိုးတိုးတက်ပြီး ကျား/မ ရေးရာ တန်းတူညီမျှမှုရှိသည့် လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာစေရေး အားလုံးဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်ကြစေလို ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တေရသမအကြိမ် မြန်မာနိုင်ငံလုံး ဆိုင်ရာ သုတစုံလင်ဗုဒ္ဓဝင် ဖြေဆိုပူဇော်ပွဲတွင် ဗဟိုအဆင့် ဆုရရှိသူ၊ မစ်ဆူဘီရှီ အာရှကလေးများ ရုပ်ပြဒိုင်ယာရီပွဲတော် ပန်းချီပြိုင်ပွဲတွင် ဆုရရှိခဲ့သူနှင့် တက္ကသိုလ်ဝင်တန်း …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website