Home / Bago Manager ZWL (page 3)

Bago Manager ZWL

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၄           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲ ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၂/၂၀၂၄) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးဒေသသို့ ဇွန်လအတွင်း ပြည်ပခရီးသွားအုပ်စုလိုက်(၇)ကြိမ် လာရောက်လည်ပတ်ခဲ့ပြီး အများစုမှာ ထိုင်းလူမျိုးများဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း လာရောက်လည်ပတ်ကြသည့် ပြည်တွင်း/ပြည်ပ ခရီးသွားများအတွက် ဝန်ဆောင်မှုအရည်အသွေး ကောင်းမွန်စေရန် စားသောက်ဆိုင်များ၊ ဟိုတယ်/ တည်းခို ရိပ်သာများနှင့် ခရီးသွားကဏ္ဍမှ ဝန်ထမ်းများ၏ ဝန်ဆောင်မှုအရည်အသွေး မြင့်မားပြီး လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်အတွက် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးသွားရမှာဖြစ်ကြောင်း၊ ပဲခူးတိုင်း ဒေသကြီးသို့ လာရောက်လည်ပတ်မည့် ခရီးသွားဧည့်သည်များအတွက် သတင်းအချက်အလက်များပေး နိုင်ရေး …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးလုပ်ငန်းများ ဘက်စုံ မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေး

ပြည် ဇူလိုင် ၄           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ယမန်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်း(အနောက်ခြမ်း) စိုက်ပျိုးရေးလုပ်ငန်းများ ဘက်စုံ မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၌ ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံ မိုးနှမ်းစံပြစိုက်ခင်းအား သွားရောက်ကြည့်ရှုခဲ့ပြီး နှမ်းစိုက်တောင်သူများအား စတင်မြေပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ ပြုစုခြင်းနှင့် ရိတ်သိမ်းခြင်းအဆင့်ဆင့်အား လက်တွေ့ခေါ်ယူပြသ အသိပညာပေးရန်၊ ပန်းတိုင်အထွက်နှုန်း ရရှိနိုင်သည့် မျိုးကောင်းမျိုးသန့်များ ဖြန့်ဝေ ပေးရန်၊ ဆီထွက်သီးနှံနှင့်ပတ်သက်၍ ဇုံများသတ်မှတ်ပေးထားပြီးဖြစ်ကာ ရည်မှန်းချက်များအတိုင်း အောင်မြင်အောင် ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ နတ္တလင်းကျေးရွာအုပ်စု၌ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်လျက်ရှိသော လက်ဆွဲကောက်စိုက်စက်များဖြင့် …

Read More »

၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး တက်ရောက်ချီးမြှင့်

ပဲခူး ဇူလိုင် ၃           ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ(၃)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသမီးများသည် လက်ဆင့်ကမ်းသွားမည့် မျိုးဆက်သစ်လူငယ်များကို ကျန်းမာခြင်း၊ ရောဂါကင်းစင်ခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုး စေခြင်းများကို မွေးဖွားခြင်းမှအစ အရွယ်ရောက်သည်အထိ ပဲ့ကိုင်ထိန်းသိမ်းစောင့်ရှောက်သွားသည်မှာ အမျိုးသမီးများသာဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အမျိုးသမီးရေးရာကော်မတီကို (၁၉၉၆)ခုနှစ်တွင်စတင် ဖွဲ့စည်းခဲ့ပြီး (၂၀၁၈)ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဟု အမည်ပြောင်းလဲခဲ့ကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေဖြင့် အမျိုးသမီး အခွင့်အရေးများနှင့် ကျား/မ ရေးရာ လုပ်ငန်းများ တန်းတူညီမျှဖို့နှင့် သာတူညီမျှစေဖို့ အမျိုးသမီးအခွင့်အရေး မြှင့်တင်ဆောင်ရွက်သည့် အစီ အစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတော်အဆင့် …

Read More »

လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း(၁၁/၂၀၂၄) သင်တန်းသား/သူ ကြိုဆိုပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်

ပြည် ဇူလိုင် ၃           ပြည်မြို့၊ သီရိခေတ္တရာခန်းမ၌ ယမန်နေ့၊ နံနက်ပိုင်းက လုပ်ငန်းခွင်အကြိုမူလတန်း ဆရာ အတတ်ပညာသင်တန်း(၁၁/၂၀၂၄) သင်တန်းသား/သူ ကြိုဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ ပြည်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား/သူများက “မြကျွန်းညိုညိုတက္ကသိုလ်” သီချင်းဖြင့် စတင်သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုလို လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်းများမှ အရည်အသွေးမြှင့် ဆရာအတတ်ပညာများရရှိစေရန်၊ စိတ်ဓါတ်၊ စည်းကမ်း ကောင်းမွန်ပြီး သင်ကြားစွမ်းရည်မြင့်မားသော လက်ထောက်မူလတန်းပြ ဆရာလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရန်၊ ဗလငါးတန်နှင့်ပြည့်ဝသာ နိုင်ငံ့သားကောင်းများကို ပြုစုပျိုးထောင်ပေးနိုင်ရန်တို့ဖြစ် ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက် ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များမွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး ကို အကောင်အထည်ဖော် …

Read More »

ပြည်မြို့၊ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားသို့ ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်

ပြည် ဇူလိုင် ၂           ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သိရီရတနာခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက် ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် လူမှုရေးရာ ဝန်ကြီး ဦးမျိုးအောင်တို့က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သွားကြစို့” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြ သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အခြေခံပညာကျောင်းများကို အခြေခံ၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ကျောင်းသားလူငယ်များ နိုင်ငံ့အနာဂတ် လူ့စွမ်းအားအရင်းအမြစ် ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့် ဓလေ့၊ …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပန်းတောင်း ဇူလိုင် ၁           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ(၃၀)ရက်နေ့၊ မွန်းလွဲပိုင်းက ပန်းတောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ မြောင်ရှည်ကျေးရွာ၌ အထွက်နှုန်းကောင်း ရွှေဒင်္ဂါးမျိုး ပဲစဉ်းငုံ တစ်ကွင်းတစ်ဆက်တည်း သီးသန့်(၁၅၀)ဧက စိုက်ပျိုးမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မိုးဦးနှင့် မိုးနှောင်းကာလတွင်း (၂)သီး စိုက်ပျိုး သွားရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး မျိုးကောင်းမျိုးသန့် ရှာဖွေပေးရန် တာဝန်ရှိ သူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် ပန်းတောင်းမြို့နယ်၌ ပဲစဉ်းငုံ သီးသန့်(၁၅၀)ဧကနှင့် သီးညှပ်(၄၇၀၆)ဧက စုစုပပေါင်း(၄၈၅၆)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရ သည်။ ထို့နောက် ပန်းတောင်းမြို့နယ်၊ အုတ်ဖိုကျေးရွာသို့ သွားရောက်၍ အုတ်ဖို-ငါးဆယ်ပေးကျေးရွာ ကျေးရွာချင်းဆက်လမ်း အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများ နှင့်တွေ့ဆုံ၍ စိုက်နည်းစနစ်နှင့် မျိုးကောင်းမျိုးသန့် …

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကမ်းပြိုကာကွယ်ရေး ဆောင်ရွက်ပေးရန်နှင့် လက်ဆွဲကောက်စိုက်စက်ဖြင့် မိုးစပါးသရုပ်ပြစိုက်ပျိုးခြင်းအား ကွင်းဆင်းကြည့်ရှု

ပြည် ဇွန် ၃၀           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ဇွန်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ကမ်းပြိုကာကွယ်ရေး ဆောင်ရွက်ပေးရန်နှင့် လက်ဆွဲ ကောက်စိုက်စက်ဖြင့် မိုးစပါး သရုပ်ပြစိုက်ပျိုးခြင်းအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အုတ်ဖိုမြို့နယ်၊ လိပ်ဥကုန်းကျေးရွာ အုပ်စု၊ ယာဉ်တန်းသွားကျေးရွာ၌ ရေတိုက်စားမှုကြောင့် မြောင်ချောင်းကမ်းပါးပြိုကျနေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နတ်တလင်းမြို့နယ်၊ သက်ကယ်ပြင်ကျေးရွာ အုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း လယ်မြေ(၁၀၅)ဧကအား တိုင်းဒေသကြီးမှထုတ်လုပ်သည့် လက်ဆွဲ ကောက်စိုက်စက်များဖြင့် မိုးစပါးစိုက်ပျိုးသရုပ်ပြသမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ပျိုးရာသီတွင် ပိုးမွှားနှင့်ရောဂါကျရောက်မှုများပြားသဖြင့် ပျိုးထောင်စိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမှသာ ပန်းတိုင်အထွက်နှုန်း ရရှိနိုင်မည်ဖြစ်ကာ …

Read More »

(၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်  တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ချုပ်နှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၂၆ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇွန်လ(၂၆)ရက်နေ့၊ နံနက်ပိုင်းက (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်  တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား  ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့် ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့တစ်ကမ္ဘာလုံး၌ မူးယစ်ဆေးဝါးသုံးစွဲမှု၊ ထုတ်လုပ်မှု၊ သယ်ဆောင်ရောင်းဝယ်မှုစသည့် မူးယစ်ဆေးဝါးပြဿနာများကြောင့် နိုင်ငံအသီးသီး၌ ကျန်းမာရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးများကို များစွာထိခိုက်ပျက်စီးစေလျက်ရှိကာ နိုင်ငံတိုင်း မူယစ်ဆေးဝါးပြဿနာကို ထိရောက်စွာ ထိန်းချုပ်နိုင်စွမ်း မရှိသေးသည်ကို တွေ့ရှိရကြောင်း၊ တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်  တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အရှိန် အဟုန်မြှင့် ဟန်ချက်ညီညီ ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှ ၂၀၂၄ ခုနှစ်၊ …

Read More »

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၂၅ ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇွန်လ(၂၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့် ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝန်ကြီး များနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာဘော်လီဘော လူမှုရေးအသင်း ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဘော်လီဘော အားကစားဝါသနာရှင်ပရိတ်သတ်များက အမျိုးသားဘော်လီဘောပြိုင်ပွဲ အုတ်တွင်းမြို့နယ်အသင်းနှင့် ရွှေကျင်မြို့နယ်အသင်း၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ ညောင်လေးပင်အသင်းနှင့် ပဲခူးတက္ကသိုလ်အသင်းတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှု့ အားကြည့်ရှု့အားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ဆက်လက်ကျင်းပပြုလုပ်ရာ ဒိုင်အဖွဲ့အားဂုဏ်ပြုလက်ဆောင် နှင့် ဂုဏ်ပြုငွေတို့ကို မြန်မာဘော်လီဘောလူမှုရေးအသင်း ဥက္ကဋ္ဌ …

Read More »

ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး တက်ရောက်ချီးမြှင့်

ပဲခူး ဇွန် ၂၄            စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဇွန်လ(၂၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။           ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ပညာဘဏ် တိုက် စာကြည့်တိုက်သို့ သွားကြစို့” သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တစ်နိုင်ငံလုံး အတိုင်းအတာအဖြစ် အခြေခံ ပညာကျောင်းများကို အခြေခံ၍ စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များကို ကျောင်းသားလူငယ်များ နိုင်ငံ့ အနာဂတ် လူ့စွမ်းအားအရင်းအမြစ်ပြုစုပျိုးထောင်မှုများ အရှိန်အဟုန်မြင့်မားလာစေရန်၊ စာအုပ်စာပေ၌ နှစ်သက်မွေ့လျော်ကာ စာဖတ်သည့်ဓလေ့၊ စာကြည့်တိုက်များသို့ ဝင်ထွက်သွားလာသည့် အလေ့အကျင့် များ ဖြစ်လာစေရန်၊ စာဖတ်ခြင်းကို တန်ဖိုးထားကာ ဉာဏ်ပညာအတွေးအခေါ်မြင့်မားရေး ဗဟုသုတပြည်စုံ ကြွယ်ဝရေးတို့အတွက် စာတတ်သူတိုင်း …

Read More »