တောင်ငူ ဒီဇင်ဘာ ၂ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ(၃၀)ရက်နေ့၊ မွန်းလွဲပိုင်းက တောင်ငူခရိုင်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ နေပူကုန်းရပ်ကွက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၉.၆၉၃)သန်းဖြင့် အရှည်(၁၂၀၀)ပေ၊ အကျယ်(၁၂)ပေရှိ နေပူကုန်းလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းပခုံးသားများ အမာခံရရှိရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေး အရည်အသွေးကြီးကြပ်စစ်ဆေးရေးအဖွဲ့ (QC) များဖြင့် စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နေပူကုန်းရပ်ကွက်ရှိ တောင်ကြီးမောင် အဆင့်မြင့်မုန့်တီခြောက်ထုတ်လုပ်သည့်လုပ်ငန်းနှင့် ချမ်းသာသုခ သီဟိုစေ့ပေါင်းခံထုတ်လုပ်သည့် စက်ရုံ များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ၊ စက်ရုံတာဝန်ရှိသူများက ကုန်ကြမ်းစုဆောင်းထားရှိမှု၊ ကြိတ်ခွဲမှု၊ သန့်စင်မှု၊ အရွယ်အစားရွေးချယ်မှု၊ အခြောက်ခံပေါင်းခံမှုနှင့် ထုတ်ပိုးမှုအဆင့်ဆင့်တို့အား ရှင်းလင်းတင်ပြ ခဲ့ရာ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့အား မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေးနှင့် ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ဖော်ထုတ်ထိန်းသိမ်းဆောင်ရွက်နေမှုတို့အား ကွင်းဆင်းစစ်ဆေး
ပဲခူး ဒီဇင်ဘာ ၂၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒီဇင်ဘာလ(၂၁…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး ဒီဇင်ဘာ ၂၀ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံ…
ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း
ပဲခူး ဒီဇင်ဘာ ၂၀ ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်စနစ်/ သ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၁၉ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒ…
သဲကုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း
သဲကုန်း ဒီဇင်ဘာ ၁၉ သဲကုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေ…
ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း
ပြည် ဒီဇင်ဘာ ၁၈ ပြည်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေးပြိုင…
မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း
မင်းလှ ဒီဇင်ဘာ ၁၈ မင်းလှမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေးပ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၇/၂၀၂၄) ကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၁၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒ…
နတ်တလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း
နတ်တလင်း ဒီဇင်ဘာ ၁၈ နတ်တလင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား …
သာယာဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း
သာယာဝတီ ဒီဇင်ဘာ ၁၈ သာယာဝတီမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေ…
နောက်ဆုံးရသတင်းများ
တောင်ငူမြို့၌ အသေးစား၊ အငယ်စား၊ အလတ်စား (MSMEs) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး စီစဉ်ဆောင်ရွက်နိုင်ခဲ့
တောင်ငူ ဒီဇင်ဘာ ၁ ==================== တောင်ငူခရိုင်အတွင်း အသေးစား၊ အငယ်စား၊ အလတ်စား (MSMEs) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ပဲခူးတိုင်းဒေသကြီး MSMEs ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီမှ ပူးပေါင်း၍ MSMEs Talk Show စကားဝိုင်းနှင့် ဈေးရောင်းပြပွဲအား နိုဝင်ဘာလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့၊ ခပေါင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပပြုလုပ် ပေးသည့် MSMEs ဒေသထုတ် ကုန်စည်ပြပွဲ၊ ဈေးရောင်းပွဲနှင့် Talk Show စကားဝိုင်းများ ပြုလုပ်ပေးခြင်း အားဖြင့် MSMEs စီးပွားရေးလုပ်ငန်းရှင်များ၏ အားသာချက်၊ အားနည်းချက်၊ အခက်အခဲများကို သိရှိပြီး လိုအပ်သည့်ပံ့ပိုးမှုများ ကူညီဆောင်ရွက်ပေးနိုင်ရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကမောင်းနှင်အားဖြစ်သော …
Read More »အိမ်ခြေအိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆) မြေပြင်ကွင်းဆင်းစိစစ်ကောက်ယူခြင်းနှင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၂၉ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၂၉)ရက်နေ့၊ မွန်းလွဲပိုင်းက အိမ်ခြေအိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆) မြေပြင်ကွင်းဆင်းစိစစ်ကောက်ယူခြင်းနှင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် နောက်ဆုံးအချက်ဖြစ်သည့် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါကဖွဲ့စည်းပုံအခြေခံဥပဒေ၂၀၀၈ ခုနှစ်နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရ သည့်ပါတီအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်သွားမည်ဟု ထုတ်ပြန်ထား သည့်အတွက် အိမ်ခြေအိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆) မြေပြင်ကွင်းဆင်းစိစစ်ကောက်ယူခြင်းနှင့် မဲစာရင်းများ မှန်ကန်မှုရှိစေရေးလုပ်ငန်းစဉ်များသည် အလွန်အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် …
Read More »ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ လမ်း/တံတားစသည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလ အမီ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား
ပဲခူး နိုဝင်ဘာ ၂၉ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၂၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကျင်းပပြု လုပ်ရာ တို်ငးဒေသကြီး ဝန်ကြီးချုပ်က ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ လမ်း/တံတားစသည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအမီ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ လမ်း/တံတားစသည့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအမီ အချိန်မီပြီးစီးရေး ကြီးကြပ် ဆောင်ရွက်ရန်နှင့် တင်ဒါပိုလျှံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများသည် အချိန်ကာလသတ်မှတ်ချက်များ ရှိသဖြင့် အမှန်တကယ်ပြီးစီးနိုင်သည့် လုပ်ငန်းများကိုသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာ ရုံးများ၊ ဧရိယာများတွင် ကျူးကျော်မှုများ မရှိစေရေးနှင့် သန့်ရှင်းသပ်ရပ်စေရေး စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ အခွန်လွတ်သာသနာ့နယ်မြေများအတွင်း စီးပွားရေးဆိုင်ရာ လူနေ ဆိုင်ခန်းများ ဆောက်လုပ်ခြင်းမရှိစေရေး ကြီးကြပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများ …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်းပဲတီစိမ်းစိုက်တောင်သူများနှင့် နွေစပါးစိုက် တောင်သူများအား မျိုးကောင်းမျိုးသန့်နှင့် သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၂၅ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၂၅)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း ဆောင်းပဲတီစိမ်းစိုက်တောင်သူများနှင့် နွေစပါးစိုက် တောင်သူများအား မျိုးကောင်း မျိုးသန့်နှင့် သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ တောင်သူလယ်သမားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် ဆောင်းပဲတီစိမ်းစိုက်တောင်သူများနှင့် နွေစပါးစိုက် တောင်သူများအား လိုအပ်သည့် မျိုးကောင်းမျိုးသန့်များနှင့် သွင်းအားစုများအား ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ မြို့နယ်အလိုက် မိမိတို့မြို့နယ်အတွင်းရှိ ဆောင်းပဲတီစိမ်းနှင့် နွေစပါး စိုက်ပျိုးသည့် တောင်သူများအား အစုအဖွဲ့များဖွဲ့စည်း၍ တောင်သူစိတ်ကြိုက် သွင်းအားစုများ ထောက်ပံ့ပေးနိုင်ရေး မြေပြင်ကွင်းဆင်း၍ စနစ်တကျ စာရင်းကောက်ယူသွားရမည်ဖြစ်ပြီး တောင်သူများလက်ဝယ် တိုက်ရိုက် ရောက်ရှိစေရေး ဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာ သမဝါယမဦးစီးဌာနမှလည်း …
Read More »