သနပ်ပင် ဇန်နဝါရီ ၆ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့်အတူ သနပ်ပင်မြို့ ဖွံ့ဖြိုးတိုးတက်စေရေး ဒေသခံမြို့မိ/ဖများ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့တွင်း/မြို့ပြင် ဝင်/ထွက်လမ်းများ ရေစီးရေလာကောင်းမွန်စေရေးနှင့် အရိပ်ရသစ်ပင်များ စိုက်ပျိုးသွားရန်လိုအပ်လျက်ရှိကြောင်း၊ သနပ်ပင်မြို့သည် ဝင်ငွေခွန်နည်းပါး သည့် မြို့တစ်ခုဖြစ်၍ မြို့တွင်းလမ်းများ လမ်းပိုင်းအလိုက် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေးအပြင် အခြားမြို့တွင်းစည်ပင်သာယာရေးလုပ်ငန်း များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သီးခြားထောက်ပံ့ငွေဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သနပ်ပင်မြို့နှင့် ပဲခူးမြို့သည် ထိစပ်ချိတ်ဆက်၍ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရေး စတင်ကြိုးစား ဆောင်ရွက်ပေးနေလျက်ရှိကြောင်း၊ သနပ်ပင်မြို့သည် (သီလဝါ – သန်လျင် – ခရမ်း – သနပ်ပင် – ပဲခူး)လမ်း ဖြတ်သန်းရာ မြို့တစ်ခုဖြစ်ကာ အနာဂတ်တွင် ကုန်စည်စီးဆင်းမှု၌ …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်း အမှတ်စဉ် (၄/၂၀၂၅-၂၀၂၆) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
ပဲခူး ဇန်နဝါရီ ၁၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တိုင်းရင်းသားလူငယ်များအတွက် စားသောက်ကုန် ထုတ်လုပ် မှု နည်းပညာသင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး ပဲခူးမြို့တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ပဲခူး ဇန်နဝါရီ ၁၃ ပဲခူးမြို့၊ လူငယ်စင်တာဘက်စုံသုံးခန်းမ၌ ဇန်နဝါရီလ ၁၃ ရက်နေ့၊ နံနက်ပိုင်းက…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တို့ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၁၁ ပဲခူးခရိုင်အတွင်း ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းအနောက်ခြမ်း မြို့ပြသန့်ရှင်းသာယာလှပစေရေး၊ စားရေရိက္ခာဖူလုံပိုလျှံစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်
ပြည် ဇန်နဝါရီ ၉ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇန်နဝါရီလ(၉)ရက်နေ့၊ နံနက…
ပဲခူးမြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇန်နဝါရီလ(၇)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅-၂၀၂၆ ခု…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ကြည့်ရှုစစ်ဆေး
ကဝ ဒီဇင်ဘာ ၆ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ မွန်းလွဲပိုင်းက ကဝမ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး ဇန်နဝါရီ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖ…
ပဲခူးမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲ ကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ဒီဇင်ဘာလ(၄)ရက်နေ့၊ ညပိုင်းအချိန်က (၇၈)န…
ပဲခူးမြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်း၌ ဇန်နဝါရီလ(၄)ရက်နေ့ နံနက်(၄:၂၀)…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ (တတိယ နေ့ည)ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် နှစ်သစ်ကူးတရားအလှူတော် ဓမ္…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပဲခူးမြို့၊ ကျုံးကူးတံတားဖွင့်ပွဲနှင့် သနပ်ပင်မြို့တွင်းတံတား ပန္နက်တော်တင် တွင်းတော်ဝန် မင်္ဂလာအခမ်းအနားသို့တက်ရောက်
ပဲခူး ဇန်နဝါရီ ၆ =============== ပဲခူးမြို့၊ အရှေ့ဘက်မြို့ရှောင်လမ်း-သမိန်ဗရမ်း-ဆံတော်တွင်းလမ်းပိုင်းမှ မဂ္ဂတစ်လမ်းသို့ တိုက်ရိုက်ချိတ်ဆက်ထားသည့် လမ်းပေါ်ရှိ ကျုံးကူးတံတား ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ(၆) ရက်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးဝင်းဖေ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ၊ သယံဇာတ ရေးရာဝန်ကြီးဦးတင်သိန်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွဋ်နှင့် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးစောလင်းအောင်တို့က ကျုံးကူးတံတားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျုံးကူးတံတား ကဗ္ပည်းမော်ကွန်းကျောက်စာတိုင်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးများက ကျုံးကူးတံတား ကဗ္ပည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များ …
Read More »ပဲခူးမြို့ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရေး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပဲခူးမြို့ မြို့မိ/မြို့ဖများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံ
ပဲခူး ဇန်နဝါရီ ၆ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ဇန်နဝါရီလ(၅)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်စေရေး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပဲခူးမြို့ မြို့မိ/မြို့ဖများ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးမြို့အား တိုင်းဒေသကြီးမြို့တော် အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေး လမ်းအဆင့်မြှင့်တင်ခြင်း၊ ပလက်ဖောင်းများပြုလုပ်ခြင်း၊ ရေမြောင်းများ ပြန်လည်တူးဖော် ခြင်းနှင့် လမ်းညွှန်ဆိုင်းဘုတ်များ ပြန်လည်တပ်ခြင်းတို့ ဆောင်ရွက်နေသလို ရှေးဟောင်းယဉ်ကျေးမှု များ ပြန်လည်ဖော်ထုတ်၍ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ အစိုးရ တာဝန်ယူခဲ့သည့် လပိုင်းအတွင်း ပဲခူးမြို့တွင်းလမ်းပေါင်း(၁၃၀)အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနို်ငခဲ့သလို ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်လည်း ပဲခူးမြို့တွင်း စည်ပင်သာယာရေး လုပ်ငန်းများ ထပ်မံတိုးချဲ့ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပဲခူးမြို့ အေးချမ်းသာယာ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် တက်ရောက်လာသည့် မြို့မိ/မြို့ဖများ၊ လုပ်ငန်းရှင်များမှ ရင်းနှီးပွင့်လင်းစွာ …
Read More »(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲနှင့် နိုင်ငံတော်အဆင့် ဆုရရှိသူများအား ဂုဏ်ပြု ခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၄ ============ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်း၌ ဇန်နဝါရီလ(၄)ရက်နေ့ ညနေပိုင်းက (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲနှင့် နိုင်ငံတော်အဆင့် ဆုရရှိသူများအား ဂုဏ်ပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နှုတ်ခွန်းဆက် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာပေဗိမာန်စာမူဆု ပထမရရှိသူနှင့် သုတပဒေသာ(ဝိဇ္ဇာ) စာပေဗိမာန်ဆု ပထမရရှိသူတို့အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းအား လည်းကောင်း၊ လွတ်လပ်ရေးမော်ကွန်းဝင် ဦးခင်မောင်လေးအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုငွေအားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက နိုင်ငံတော်အဆင့် ကဗျာ၊ စာပေ ဆုရရှိသူများ၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ တာဝန်ထမ်းဆောင်စဉ် အသက်စွန့်လွှတ် ခဲ့ရသူများနှင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြသော (တပ်မတော်သား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ)တို့အတွက် ဂုဏ်ပြုဆုငွေနှင့် …
Read More »(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်
ပဲခူး ဇန်နဝါရီ ၄ =========== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ၊ ပျော်ပွဲရွှင်ပွဲများနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇန်နဝါရီလ(၄)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ တိုင်းဒေသကြီးအားကစားခန်းမတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြိုနယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပြီး ရွှေညီအကိုအသင်းနှင့် ကဝမြို့မအသင်းတို့ ဘော်လီဘော ဗိုလ်လုပွဲ ယှဉ်ကစား နေမှုအား ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ကြက်တောင် ရိုက်အကြီးတန်း နှစ်ယောက်တွဲပြိုင်ပွဲ၊ ကြက်တောင်ရိုက် အကြီးတန်းတစ်ဦးချင်းပြိုင်ပွဲ၊ ကြက်တောင်ရိုက် အငယ်တန်းတစ်ဦးချင်းပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ဥပဒေချုပ်နှင့် ဝန်ကြီးများက ငွေသားဆုများ အသီးသီးချီးမြှင့်ကြသည်။ ထို့နောက် ဘော်လီဘောပြိုင်ပွဲတွင် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website