ပဲခူး ဩဂုတ် ၇ ================ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်မ၌ ဩဂုတ်လ(၇) ရက်နေ့ မွန်းလွဲ(၁) နာရီအချိန်က ပဲခူးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ အစည်းအဝေး (၂/၂၀၂၁) အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း နှစ်စဉ် ရေကြီးရေလျှံဖြစ်ပေါ်သည့် မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာအလိုက် မြစ်ရေကြီးမှုသတိပေးချက်များနှင့် ကြိုတင်ကာကွယ်ရေး အသိပေးခြင်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဓိကအားဖြင့် မြစ်/ချောင်းနား နေထိုင်သူများ အချိန်မီသိရှိရန် လိုအပ် ကြောင်း၊ ရွှေကျင်မြို့အဝင် ကားလမ်းသည် နှစ်စဉ်ရေကျော်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေရန် ရေကျော်သည့်လမ်းပိုင်းအား လမ်းတာဘောင်နှင့် လမ်းသားမြှင့်တင်နိုင်ရေး တွက်ချက်တင်ပြရန်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရေကြီးနစ်မြှုပ်လေ့ရှိသည့် ရွှေကျင်မြို့နယ်သို့ ဆန်အိတ်(၃၀၀)၊ ဆီပိဿာ (၅၀၀)နှင့် ဆားပိဿာ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်စင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၉ ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ အောက်တိုဘာလ(၉)ရက်နေ့၊ နံနက်ပိုင်းက ပြည်ပပို့…
ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင် ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၈ ပဲခူးတိုင်းဒေသကြီးအစိုးရဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘ…
ပဲခူးမြို့၌ ရွေးကောက်ပွဲနှိုးဆော်အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစတာ(Billboard)စိုက်ထူခြင်းအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၇ ပဲခူးမြို့၊ တောင်ငူလမ်းနှင့်ဆေးရုံလမ်းထောင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဆီမီး(၁၀၀၀၀)ဆက်ကပ်လှူဒါန်းပူဇော်
ပဲခူး အောက်တိုဘာ ၇ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ယမနေ့ ညပိုင်း၊ …
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ သီတင်းကျွတ်မီးထွန်းပွဲတော်၊ မီးမျှောပူဇော်ပွဲ၊ MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များပြိုင်ပွဲနှင့် ယိမ်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ ပြုလုပ်
အောက်တိုဘာ ၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ယမန်နေ့၊ ညနေပိုင်းက ပဲခူးမြို့၊ သီတင…
ပဲခူးမြို့၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့ တက်ရောက်ချီးမြှင့်
ပဲခူး အောက်တိုဘာ ၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၅ ခုန…
ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ လောင်းလှူပူဇော်ကြည်ညို
ပဲခူး အောက်တိုဘာ ၇ ပဲခူးမြို့ သံဃမဟာပဝါရဏာပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို ပဲခူ…
မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား မျိုးဆက်သစ် ရွက်ပုန်းသီး အနုပညာရှင်များကို ဖော်ထုတ်မြှင့်တင်ပေးနိုင်ရန် အလေးအနက်ထားဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား
ပဲခူး အောက်တိုဘာ ၄ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၅ ခုနှစ်၊ (၂၆)က…
ပဲခူးမြို့၌ MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များ ပြပွဲ/ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်
ပဲခူး အောက်တိုဘာ ၃ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောဘုရား ယာဉ်ရပ်နားဝန်း၌ ယမန်နေ့၊ ညနေပ…
ပဲခူးမြို့၊ ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပါဒစေတီတော်အသစ် ပြန်လည်တည်ထားကိုးကွယ် နိုင်ရေး ပထမအကြိမ် အလှူတော်ငွေပေးအပ်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၂ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားရင်ပြင်တော်ပေါ်၌ အောက်တိုဘာလ(၂)ရက်နေ့၊ နံ…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းရှင်များ၊ ကုန်ထုတ်လုပ်ငန်းရှင်များ၊ ရပ်မိ/ရပ်ဖများ တွေ့ဆုံ
ပဲခူး ဩဂုတ် ၇ =============== ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဩဂုတ်လ(၇)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းရှင်များ၊ ကုန်ထုတ်လုပ်ငန်းရှင်များ၊ ရပ်မိ/ရပ်ဖများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ တတိယ လှိုင်း စတင်ဖြစ်ပွားခဲ့သည့် ဇွန်လမှစ၍ မိမိတို့တိုင်းဒေသကြီးအတွင်း အောက်စီဂျင်လိုအပ်မှုများ မြို့နယ် အလိုက်ရှိခဲ့ကြောင်း၊ ၎င်းအခြေအနေကို ကျော်လွှားနိုင်ရန် စိန်ခေါ်မှုအမျိုးမျိုး၊ အခက်အခဲများကြားမှ အချိန်တိုအတွင်း အောက်စီဂျင်အိုးများမှာယူ ဖြည့်ဆည်းပေးခြင်း၊ Oxygen Plant စက်အသစ်များ ဝယ်ယူ တပ်ဆင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ပဲခူးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဘတ်ဂျက်ဖြင့် ဆောင်ရွက်ခဲ့သည့် Liquid Oxygen Station တည်ဆောက်ခြင်း ရပ်နားနေသည့်အခြေအနေမှ စက်တည်ဆောက်ခြင်းမှအစ Liquid …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း Myanmar New Hope Farms Co., Ltd ၏ တိရိစ္ဆာန် မွေးမြူရေးအစာစပ်စက်ရုံသို့ သွားရောက်ကြည့်ရှု
ပဲခူး ဩဂုတ် ၆ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၆) ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ပြည်ပစက်မှုဇုန်နယ်မြေတွင် တည်ဆောက်ထားသည့် Myanmar New Hope Farms Co., Ltd ၏ တိရိစ္ဆာန် မွေးမြူရေးအစာစပ်စက်ရုံသို့ သွားရောက်ကြည့်ရှုခဲ့သည်။ ရှေးဦးစွာ Myanmar New Hope Farms Co., Ltd ဧည့်ခန်းမ၌ မန်နေးဂျင်းဒါရိုက်တာ Mr. Wu Mao Lin က မိမိတို့စက်ရုံသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် လာရောက်ကြည့်ရှုအားပေးခဲ့မှုအပေါ် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မိမိတို့ကုမ္ပဏီသည် တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက ပဲခူးဒေသတွင် လာရောက်ရင်းနှီးမြှုပ်နှံနေခဲ့ခြင်းဖြစ်ပြီး လက်ရှိအနေဖြင့် မြန်မာနိုင်ငံတွင် တတိယအကြီးဆုံး အစာစပ်လုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများအဖြစ် ရပ်တည်လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကုမ္ပဏီ၏အဓိကရည်ရွယ်ချက်မှာ ဒေသခံမွေးမြူရေးလုပ်ငန်းရှင်များ သင့်တင့်သည့်ဈေးနှုန်း …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၆ =========== ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဩဂုတ်လ(၆)ရက်နေ့ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းအမှူးပြုသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများက ပဲခူးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ကျီးတောင် တောရစာသင်တိုက် ပဓါနနာယကဆရာတော် (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဒေါက်တာ ဘဒ္ဒန္တပညာသာမိ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ် တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား ဝါဆို သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ …
Read More »အုတ်တွင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးပြိုင်တင်ဒါခေါ်ယူခြင်း
အုတ်တွင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အခွင့်အရေး လိုင်စင်များအား ဈေးပြိုင်တင်ဒါစနစ်ဖြင့် ခေါ်ယူနေခြင်းအား သိရှိနိုင်ပါရန် အသိပေးကြေငြာအပ်ပါသည်——– အပြည့်အစုံကြည့်ရှုရန်———————-
Read More »