တောင်ငူ မေ ၂၃ =================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ များနှင့်အတူ မေလ(၂၃)ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နွေစပါးစိုက်ဧက ပိုမိုစိုက်ပျိုး နိုင်ရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့နယ်၊ လဲဘူးကျေးရွာရှိ ကောင်းမှုတော်စေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကန်တော့ခဲ့ပြီး ပန်း၊ ရေချမ်း၊ ဆီမီးနှင့် စေတီတော်ဘက်စုံပြုပြင်မွန်းမံနိုင်ရေး အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ငူမြို့၊ ဇေယျမင်္ဂလာကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်အား သွားရောက်ဖူးမြော်ကန်တော့ခဲ့ပြီး …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၉)နှစ် အောက် အမျိုးသမီး ဘောလုံး ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
ပဲခူး ဩဂုတ် ၁၉ ၂၀၂၆ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၆)ခရိုင် အသက်(၁၉)နှစ…
ပဲခူးမြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်း အမှတ် အခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့မှ တက်ရောက်ချီးမြှင့်
ပဲခူး ဩဂုတ် ၁၈ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဩဂုတ်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ခုနှစ်၊ အာဟာရဖွံ့ဖြိုး…
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးတာဝန်များကို ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့မှ ဂုဏ်ပြုကြိုဆို
ပဲခူး ဩဂုတ် ၁၇ နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် လုံခြုံရေးတာဝန်များကို ထမ်းဆော…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ်အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်း များ ကွင်းဆင်းဆောင်ရွက်
ပဲခူး ဩဂုတ် ၁၅ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ…
အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း
ပဲခူး ဩဂုတ် ၁၄ ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းအား မြန်မာနိုင်ငံသား …
ပဲခူးမြို့၌ “၂ဝ၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့”အခမ်းအနားကျင်းပ
ပဲခူး ဩဂုတ် ၁၂ “၂ဝ၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့” အခမ်းအနားအား ဩဂုတ်…
၂၃ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် MSME ထုတ်ကုန်များ သွားရောက်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၁၁ ရက…
ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မီနီမာရသွန် ပြိုင်ပွဲ ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၉ ပဲခူးမြို့၌ ၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ကြိုဆိုဂုဏ်ပြုသောအား…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား အမျိုးသား / အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
ပဲခူး ဩဂုတ် ၇ ၂၀၂၆ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင် / မြို့နယ်ပေါင…
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဩဂုတ် ၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၆ ရက်နေ့၊ မွန်းလွဲ…
နောက်ဆုံးရသတင်းများ
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မြေလပ်မရှိ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ဖြူး မေ ၂၂ ===================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မေလ(၂၁)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်း (အရှေ့ခြမ်း) စိုက်ပျိုးနိုင်သည့် မြေနေရာများတွင် မြေလပ်မရှိ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ဖြူးမြို့နယ်၊ တံခွန်တိုင်ကျေးရွာ အုပ်စု၊ သဖန်းတန်းကျေးရွာအနီးတွင် နွေစပါး(၈၀၀)ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး ယာယီဖြူးချောင်းပိတ် လုပ်ငန်း တည်ဆောက်ရေး မြေနေရာသို့ရောက်ရှိခဲ့ရာ၊ ပဲခူးတိုင်းဒေသကြီး ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးမှ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့တိုင်းဒေသကြီးအတွင်း စိုက်ပျိုးနိုင်သည့် မြေနေရာများ မြေလပ်မရှိ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေရရှိရေးကို နည်းလမ်း ပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ယခုပြုလုပ်ပေးသည့် ယာယီဖြူးချောင်းပိတ်လုပ်ငန်း သည် တစ်ခုအပါအဝင် …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (စတုတ္ထပတ်)မြောက် မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်
ပဲခူး မေ ၂၁ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (ဒုတိယ)အကြိမ်မြောက် မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းအား မေလ(၂၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း ရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့အတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ရေစီးရေလာ ကောင်းမွန်စေရေး လမ်းဘေး ဝဲ/ယာ ရေနုတ်မြောင်းများ ပြန်လည်အဆင့်မြှင့်တင်ခြင်း၊ တူးဖော်ပေးခြင်း များ ဆောင်ရွက်ပေးရန်၊ ရပ်ကွက်အတွင်းရှိ လမ်းအလိုက် အမှိုက်ကန်၊ အမှိုက်ပုံးများ စနစ်တကျထားရှိ စေရေး ပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်စေရေး အသိပညာပေးရန်နှင့် လမ်း/ရေမြောင်း ဧရိယာ များတွင် ကျူးကျော်နေထိုင်မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ …
Read More »၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်
ပဲခူး မေ ၁၉ ============== ပဲခူးတက္ကသိုလ်၌ မေလ(၁၉)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပဲခူးတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးတက္ကသိုလ် စုဝေးခန်းမသို့ ရောက်ရှိခဲ့ပြီး၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား၌ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပဲခူးတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာအေးအေးခိုင်က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ စီမံခန့်ခွဲရေး အရာရှိများမှ တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။ ၎င်းနောက် ဝိဇ္ဇာဘာသာရပ်များကိုယ်စား ဒေါက်တာ သိင်္ဂီချိုကလည်းကောင်း၊ သိပ္ပံဘာသာရပ်များကိုယ်စား ဒေါက်တာအေးအေးမွန်ကလည်းကောင်း ဘာသာရပ်အလိုက် သိမှတ်ဖွယ်ရာများအား ရှင်းလင်းပြောကြားခဲ့ကြသည်။ ယင်းနောက် ပဲခူးတက္ကသိုလ်သို့ ပထမနှစ် တက်ရောက်သင်ကြားမည့် မောင်/မယ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် …
Read More »၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသား ဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မေ ၁၇ ================ ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမတွင် မေလ(၁၇)ရက်နေ့ ညနေပိုင်းအချိန်က ၂၀၂၂ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် ဘော်လီဘော ပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရား လွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ အားကစား ချစ်သူ ဒေသခံပြည်သူများ တက်ရောက်ကြပြီး တောင်ငူခရိုင်အသင်းနှင့် သာယာဝတီခရိုင်အသင်းတို့၏ နောက်ဆုံးဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားနေမှု့အား ကြည့်ရှု့အားပေးခဲ့ကြသည်။ ဆက်လက်၍ ဆုပေးပွဲအစီအစဉ်အား ဆက်လက်ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးမှ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသည့် သာယာဝတီ ခရိုင်မှ မောင်ချစ်ညီညီအား ဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၇)သောင်းအားလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေမှ ဒုတိယဆုရရှိသော …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website