ပဲခူး ဇူလိုင် ၁၇ ================== ပဲခူးတို်ငးဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁၆)ရက်နေ့၊ မွန်းလွဲပိုင်းက Online System ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း ပုံစံ(၆၆/၆)များ Database သို့ သတ်မှတ်ချိန်အတွင်း အချိန်မီ ထည့်သွင်းပြီးစီးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ ပဲခူးတိုင်းဒေသကြီးသည် ပန်းခင်းစီမံချက်နှင့် နိုင်-၄ စာရင်းများ ရေးသွင်းခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များကို ပထမဆုံးပြီးစီးခဲ့သည့် တိုင်းဒေသကြီးတစ်ခု ဖြစ် ကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ ရိုက်သွင်းခြင်းနှင့် ပြန်လည် စစ်ဆေးခြင်းလုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်မှသာ လွပ်လပ် ပြီး တရားမျှတသော ရွေးကောက်ပွဲအတွက် စနစ်ကျပြီး တိကျသော မဲစာရင်းများ ထွက်ရှိလာနိုင်မှာဖြစ်ကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ ၆၆/၆ များ …
Read More »ပဲခူးမြို့၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ အောက်တိုဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
ပဲခူး အောက်တိုဘာ ၁ ပဲခူးမြို့ မြို့တော်ခန်းမ၌ အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက (၆၂)နှစ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြောင်းပိတ်ဆို့မှု မဖြစ်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး စက်တင်ဘာ ၃၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးမ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု လျော့နည်း သက်သာစေရေး ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး စက်တင်ဘာ ၂၈ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကုန်စည်စီးဆင်းမှု လွယ်ကူလုံခြုံမြန်ဆန်စေရေး ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး စက်တင်ဘာ ၂၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးအဆင့် စတုတ္ထအကြိမ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်
ပဲခူး စက်တင်ဘာ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအား ထပ်ဆင့်ရှင်းလင်း
ပဲခူး စက်တင်ဘာ ၂၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ…
ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း အောင်ပွဲအား ခမ်းနားစွာဆင်ယင်ကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
ပဲခူး စက်တင်ဘာ ၂၄ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီ…
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျင်းပပြုလုပ်သည့် (၂၃)ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ-၂၀၂၆ တွင် ပဲခူးတိုင်းဒေသကြီးမှ ဆုတံဆိပ်(၂)ခု ဆွတ်ခူးရရှိခဲ့
ပဲခူး စက်တင်ဘာ ၂၃ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်…
၂ဝ၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်အသင်းများအား ကြိုဆိုဂုဏ်ပြုမိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
ပဲခူး စက်တင်ဘာ ၁၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၁၅)ရက်နေ့၊ နံနက်ပိုင်းက ၂ဝ၂၆ ခုနှစ်၊…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂) ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၁၆ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီး ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ကော်မတီအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၂)အား ဇူလိုင်လ(၁၅)ရက်နေ့ မွန်းလွဲ ပိုင်းက ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ဝေါမြို့နယ်တို့သည် ပင်လယ်နှင့်ဆက်စပ်လျက်ရှိပြီး ခေါင်းလောင်းပုံ (Bell-Mouth)အတွင်း ကျရောက်လျက်ရှိ၍ မိုးတွင်းကာလ စစ်တောင်းမြစ်ရေ တိုက်စားခံရသည့်အပြင် ပင်လယ်ဒီရေသက်ရောက်ပြီး မြစ်ကမ်းပါး ပြိုကျမှုများကြောင့် လယ်မြေများ၊ ရွာမြေများ ပျက်စီးဆုံးရှုံး လျက်ရှိကြောင်း၊ ဒီအခြေအနေကို ကာကွယ်နိုင်ရန်အတွက် ဝါးတိုင်စိုက်လှိုင်းကာရေကာနှင့် ဝါးတိုင်စိုက် ရေလွှဲရေကာ လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပြီး သဘာဝနည်းဖြင့် ကာကွယ်နိုင်ရေး ဒီရေတော စိုက်ပျိုးခြင်းများလည်း ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဒီရေတောများ ရေရှည်တည်တံ့စေရန်အတွက် ထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကို ဒေသခံများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဒီရေတောများ အောင်မြင်ဖြစ်ထွန်း …
Read More »၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အုပ်ချုပ်/နည်းပြ၊ အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၁၅ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁၄)ရက်နေ့ နံနက်ပိုင်းက ၂၀၂၂ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အုပ်ချုပ်/နည်းပြ၊ အားကစားသမားများအား အောင်နိုင်ရေးအလံပေးအပ်ပွဲနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဩဝါဒခံယူပွဲ အခမ်းအနား ကျင်းပပြုလုပ် သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးလက်ရွေးစင် အသက်(၁၉)နှစ်အောက် အမျိုးသားဘောလုံးအသင်း အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများမှ တစ်ဦးချင်းမိတ်ဆက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ဘောလုံးအားကစားနည်းသည် မြန်မာနိုင်ငံအတွက် အမျိုးသားအားကစားအဖြစ် သတ်မှတ်ထားကြောင်း၊ မြန်မာ့ဘောလုံး အားကစားကို အရှေ့တောင်အာရှနှင့် အာရှဒေသနယ်ပယ်မှာ အောင်မြင်စွာ ရပ်တည်နိုင်ခဲ့တယ်ဆိုတာကို အားလုံးအသိပင်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးမှ အာရှလက်ရွေးစင် အားကစားသမားများကို မွေးထုတ်ပေးနိုင်ခဲ့ပြီး နိုင်ငံဂုဏ်ဆောင်နိုင်ခဲ့ကြောင်း၊ ပဲခူးတိုင်း ဒေသကြီး၏ ဘောလုံးအားကစားအဆင့်အတန်းသည် တချိန်သောကာလက အောင်မြင်မှုများစွာ ရရှိခဲ့သော တိုင်းတစ်ခုဖြစ်ခဲ့ကြောင်း၊ ယခင်ကလို …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေအတွင်း ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး ဇူလိုင် ၁၄ ================== တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အတူ ဇူလိုင်လ(၁၄) ရက်နေ့၊ နံနက်ပိုင်းက ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပဲခူးမြို့၊ ပြည်ပစက်မှုနယ်မြေအတွင်း ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဥဿာမြို့သစ်(၉) ရပ်ကွက်၊ ပြည်ပစက်မှုနယ်မြေအတွင်း တည်ဆောက်ထားသော Myanstar Garment Co., Ltd ၏ အနောက်တိုင်း ဝတ်စုံထုတ်လုပ်သည့်စက်ရုံသို့ ရောက်ရှိခဲ့ရာ စက်ရုံတာဝန်ခံမှ စက်ရုံ၏ အခြေခံအချက် အလက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ပြီး စက်ရုံအတွင်း အနောက်တိုင်းဝတ်စုံ ချုပ်လုပ်သည့် လုပ်ငန်းစဉ်အဆင့်ဆင့် ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်သူ့ အကျိုးပြုလုပ်ငန်း(CSR)များ တိုးချဲ့ဆောင်ရွက်သွားရန်၊ အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိရေး၊ ကိုဗစ်(၁၉)စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ရန်နှင့် သီးခြားလိုအပ်ချက်များအား ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၁၂ ================ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဇူလိုင်လ(၁၂)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး /ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ပဲခူးမြို့၊ မြို့မစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဂန္ဓမာ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်အရှင်မြတ်များက မေတ္တာသုတ် ပရိတ်တရားတော်မြတ်ကို ရွတ်ပွား သရဇ္ဈာယ် ချီးမြှင့်တော်မူကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများက ဝါဆိုသင်္ကန်းများနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ပဲခူးမြို့၊ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website