ပဲခူး ဒီဇင်ဘာ ၈ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ(၈)ရက်နေ့ နံနက်ပိုင်းအချိန်က တိုင်းဒေသကြီးအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားကဏ္ဍ မြှင့်တင် တည်ဆောက်ခြင်းသည် နိုင်ငံတစ်ခု၏ဂုဏ်၊ လူမျိုးတစ်မျိုး၏ သိက္ခာ မြှင့်မားစေခြင်းကြောင့် အလေးထားဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းမှ အလားအလာ ရှိသည့် မျိုးဆက်သစ်လူငယ် အားကစားသမားများ ပေါ်ထွက်လာပြီး တိုင်းဒေသကြီး ဂုဏ်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်စေရန် ယခုလိုပြိုင်ပွဲမှ အတွေ့အကြုံကောင်းများ ရယူပြီး ကြိုးစားယှဉ်ပြိုင် ကစားသွားကြရန်နှင့် အနိုင်အရှုံးသည်သာမည၊ ယှဉ်ပြိုင်ခြင်းသည် အဓိကဆိုသည့် အားကစား စိတ်ဓာတ် အမြဲထားရှိဖို့ လိုအပ်ကြောင်း၊ ပြိုင်ပွဲကြီးကြပ်ဆောင်ရွက်ကြမည့် ဒိုင်လူကြီးများ အနေဖြင့်လည်း နည်းစနစ်တကျ ပြိုင်ပွဲ ဥပဒေများအတိုင်း တိကျမှန်ကန်စွာ ဆောင်ရွက်သွားကြရန် လိုကြောင်း အဖွင့်မိန့်ခွန်းပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ ယင်းနောက် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း စားရေရိက္ခာဖူလုံစေရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု ဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး မတ် ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ ၄ ရက်နေ့၊ န…
ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေး
သာယာဝတီ မတ် ၄ ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ…
ပဲခူးမြို့၌ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်
ပဲခူး မတ် ၃ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ ယ…
ပဲခူးတိုင်းဒေသကြီးအတွင်းမှ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်/သီလရှင်နှင့် လူပုဂ္ဂိုလ်များ အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်
ပဲခူး မတ် ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မ ဗိမာန်တော်က…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဟင်းသီးဟင်းရွက် သစ်သီးဝလံပန်းမံပြပွဲ၊ပြိုင်ပွဲနှင့် MSMEs ဒေသထုတ်ကုန်ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်
ပဲခူး မတ် ၂ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအနီး၌ မ…
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ပဲခူးတိုင်းဒေသကြီးသို့ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁)သန်း တိုးတက်ဝင်ရောက်ခဲ့
ပဲခူး ဖေဖော်ဝါရီ ၂၈ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိ…
တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုတို့၏ လှူဒါန်းပူဇော်မှုဖြင့် ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် စကျင်ကျောက်ပြားခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှတ်တမ်း လွှဲပြောင်းပေးအပ်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၂၇ ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ဂေါပကရုံး၌ ဖေဖော်ဝါရီလ ၂၇ ရက…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ဆရာမများအတွက် “ကွန်ပျူတာအခြေခံသင်တန်း”ဖွင့်ပွဲကျင်းပပြုလုပ်
ပဲခူး ဖေဖော်ဝါရီ ၂၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သည့် တိုင်းရင်းသားဘာသ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန် အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး ဖေဖော်ဝါရီ ၂၆ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၉)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဖေဖော်ဝါရီ ၂၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၉)ကြိမ်မြောက…
နောက်ဆုံးရသတင်းများ
ပဲခူးမြို့တွင် ဟံဟာဝတီညဈေး ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၇ ရက် ============= ပဲခူးမြို့၊ ရုံးကြီးရပ်ကွက် ဟင်္သာလမ်းတွင် ဒီဇင်ဘာလ(၇)ရက်နေ့ ညနေပိုင်းအချိန်က ဟံသာဝတီညဈေးဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းအတွင်းရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပဲခူးတိုင်း ဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူ/သားများတက်ရောက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးဆွေနှင့် စီးပွားရေးရာ ဝန်ကြီးဦးတင်ဦးတို့က ဟံသာဝတီညဈေးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ ဟံသာဝတီညဈေးအတွင်း ဈေးရောင်း ဈေးဝယ်ပြုလုပ်နေမှုအား လှည့်လည် ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဟံသာဝတီညဈေးအား ဈေးဆိုင်ခန်းပေါင်း(၁၆၇)ခန်းဖြင့် နေ့စဉ်ညနေ(၄)နာရီမှ ည(၈:၃၀)နာရီအချိန်ထိ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချမည်ဖြစ်ပြီး ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ငွေ(GRF)နှင့် ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ …
Read More »ပဲခူးမြို့ ကုန်စိမ်းသားငါးပျံကျဈေးရုံ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဒီဇင်ဘာ ၇ ============= ပဲခူးမြို့၊ ညောင်ဝိုင်းမြောက်ပိုင်းရပ်ကွက် ကုန်စိမ်းသားငါးပျံကျဈေးရုံနေရာတွင် ဒီဇင်ဘာလ(၇)ရက်နေ့ နံနက်ပိုင်းအချိန်က ကုန်စိမ်းသားငါး ပျံကျဈေးရုံဖွင့်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာအကြီး အကဲများ၊ ပဲခူးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ ဈေးကော်မတီဝင်များနှင့် ဈေးသူ/သားများတက်ရောက်ကြပြီး ကုန်စိမ်းသားငါးပျံကျဈေးရုံအား ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှမျိုးဆွေနှင့် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် MJT Co,Ltd မှ ကုန်စိမ်းသားငါးပျံကျဈေးရုံအတွင်း အသုံးပြုနိုင်ရန်အတွက် အမှိုက်ပုံး(၇၀)ပုံးအား တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းပြီး ကုန်စိမ်းသားငါးပျံကျဈေးရုံအတွင်း လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။ အဆိုပါ ကုန်စိမ်းသားငါးပျံကျဈေးရုံအား ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်တွင် ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေကျပ် (၂၆၄.၁၅၀)သန်းဖြင့် Steel Structureအမျိုးအစား …
Read More »ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူ သင်တန်း အမှတ်စဉ်(၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်
ပဲခူး ဒီဇင်ဘာ ၆ ရက် ============ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ဘုရားကြီးမြို့ စက်မှုလယ်ယာသင်တန်းကျောင်း၊ သင်တန်း ခန်းမတွင် ဒီဇင်ဘာလ(၆)ရက်နေ့ နံနက်ပိုင်းအချိန်က လယ်ယာသုံး စက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ် (၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနား ကျင်းပ ပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ရာတွင် လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရေးသည် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၏ အင်အားတစ်ခုတည်းနှင့် ဆောင်ရွက်၍မရဘဲ လယ်ယာလုပ်ငန်းခွင်တွင် လက်တွေ့လုပ်ကိုင်နေသည့် တောင်သူလယ်သမားများ ပူးပေါင်း ပါဝင်မှသာ အောင်မြင်မှာဖြစ်ကြောင်း၊ လယ်ယာသုံးစက်ကိရိယာများကို လယ်ယာလုပ်ငန်းခွင်၌ စနစ်တကျနည်းမှန်လမ်းမှန် အန္တရာယ်ကင်းကင်း သုံးစွဲနိုင်ရန်အတွက် တောင်သူအကျိုးပြု လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဘုရားကြီးမြို့ …
Read More »ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံ
ပဲခူး ဒီဇင်ဘာ ၂ ============= ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ဒီဇင်ဘာလ (၂)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး တိုင်းရင်းသားရေးရာ ကိစ္စရပ်ရပ်များနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြပြီး လူမျိုးအလိုက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီအသင်းအဖွဲ့(၆၅)ဖွဲ့ ဖွဲ့စည်းထားရှိပြီး တိုင်းရင်းသား ဘဝများ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် တစ်ဘက်တစ်လမ်းက ဆောင်ရွက်နေကြတာကို မြင်ရသည့်အတွက် များစွာ ဂုဏ်ယူပါကြောင်း၊ မိမိတို့ လူမျိုးအလိုက် စာပေ၊ ဘာသာစကား၊ ရိုးရာဓလေ့ထုံးတမ်းများ မပျောက်ကွယ်အောင် ထိန်းသိမ်းနိုင်ခြင်းသည် အင်မတန်အရေးကြီးကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာသင်ကျောင်းများတွင် တိုင်းရင်းသား ဘာသာစာပေ သင်ကြားသည့် ဆရာ/ ဆရာမများကို မွေးထုတ်ပေးနိုင်ရန်အတွက် တိုင်းရင်းသားစာပေနှင့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website