ပဲခူး နိုဝင်ဘာလ ၂၆ ================ ပဲခူးမြို့၊ မြို့တော်ခန်းမတွင် နိုဝင်ဘာလ(၂၆)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးတိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ ကြီးမှူး၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှု အခမ်းအနား ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးအဆင့် အမျိုးသမီးကော်မတီဝင်များ၊ တိုင်းဒေသကြီး/ ခရိုင် / မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အမျိုးသမီးနှင့် ကလေးသူငယ်ဘဝမြှင့်တင်ရေးအသင်းမှ တာဝန်ရှိ သူများ၊ သူနာပြုသားဖွားသင်တန်းကျောင်းမှ သင်တန်းသူများ၊ အမျိုးသမီးကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် နိုင်ငံတော်အဆင့် ဆောင်းပါးပြိုင်ပွဲဆုရရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမျိုးသမီးများအပေါ် အကြမ်းဖက်မှု …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နွေစပါးလျာထားဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်
ပဲခူး ဧပြီ ၁၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ ၁၂ ရက်နေ့၊ နံနက်ပိုင…
အထူးသတိပေး နှိုးဆော်ချက်
ပဲခူး ဧပြီ ၁ ဧပြီလ ၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အတွင်း အပူလှိုင်းဖြတ်သန်းမည်ဖြစ်ပြီး လက်ရှိအချ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ မတ် ၂၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်…
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် ( ၂၃/၂၀၂၆) သင်တန်းဖွင့်ပွဲကျင်းပ
အုတ်တွင်း မတ် ၂၃ နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှ…
တိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ဂုဏ်ပြုချီးမြှင့်အပ်နှင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၇ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ဂုဏ်ထူးဆောင်လက်မှတ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားသို့ တက်ရောက်
ပဲခူး မတ် ၁၆ တတိယအကြိမ် ပဲခူးတိုင်းဒေသကြီးလွှတ်တော်မိတ်ဆက် အခမ်းအနားအား တိုင်းဒေသကြီး လွှတ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တော် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်နေ သည့် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
ပဲခူး မတ် ၁၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝ…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၅ခုနှစ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ဓမ္မာစ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး မတ် ၁၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများန…
ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ အသစ်တည်ထားတော်မူသော ပါဒစေတီတော်မြတ် ကြီး ဖွင့်လှစ်ပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၁၁ ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ပေါ်၌ မတ်လ…
နောက်ဆုံးရသတင်းများ
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌများ၊ စည်ပင်သာယာရေးတာဝန်ရှိသူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၂၅ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းက မြို့တိုင်းသန့်ရှင်းသာယာလှပစေရေး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌများ၊ စည်ပင်သာယာရေးတာဝန်ရှိသူများ တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စည်ပင်သာယာရေးအဖွဲ့သည် မိမိတို့၏ မြို့သန့်ရှင်းသာယာလှပစေရေးအတွက် အခွန်ဘဏ္ဍာငွေပေါ် မူတည်ဆောင်ရွက်ရခြင်းဖြစ်၍ မြို့ပေါ်ရှိ အခွန်ပုံး၊ အခွန်ရှောင်သူများဖော်ထုတ်၍ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေ များရရှိအောင် ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ တိုးတက်ရရှိမှသာ မြို့သန့်ရှင်းသာယာလှပ စေရေး ပိုမိုဆောင်ရွက်ပေးနိုင် မှာဖြစ်ကြောင်း၊ စည်ပင်သာယာရေးအဖွဲ့၏ လုပ်ဆောင်ချက်သည် မြို့၏သန့်ရှင်းသာယာလှပမှုပေါ် တိုက်ရိုက် အကျိုးသက်ရောက်မှုရှိသည်ကို သတိချပ်စေလိုကြောင်း၊ စည်ပင်သာယာရေးလုပ်ငန်းအများစုသည် ပြည်သူနှင့် တိုက်ရိုက်ထိတွေ့ ဆောင်ရွက်ရသည့် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်၍ ပြည်သူလူထုနှင့်ပူးပေါင်း ဆောင်ရွက်ခြင်းအား ဖြင့် စည်ပင်သာယာရေးလုပ်ငန်းများ …
Read More »ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၁) အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၂၄ ======================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ နိုဝင်ဘာလ(၂၄)ရက်နေ့၊ မွန်းလွဲ ပိုင်းက ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၁) အစည်းအဝေးအား ကျင်းပပြုလုပ် သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်ရေး ဘက်ပေါင်း စုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးနေသလို CMP ကဲ့သို့ အထည်ချုပ်လုပ်ငန်းများနှင့် လုပ်သားအင်အား များများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေသည့် စက်ရုံများကို အဓိကထား ခွင့်ပြုပေးလျက်ရှိကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားဆောင်ရွက်ရသည့် တိုင်းဒေသကြီး တစ်ခုဖြစ်၍ သဘာဝမြေဩဇာစက်ရုံနှင့် တရိစ္ဆာန်အစာစပ်စက်ရုံများ တည်ဆောက်နိုင်ရေး ပြည်ပ လုပ်ငန်းရှင်များ ဖိတ်ခေါ်၍ ဒေသတွင်းသို့ လုံလောက်စွာဖြန့်ဖြူးပေးနိုင်ရေး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ …
Read More »နှစ်စဉ်ရေကြီးနစ်မြှုပ်လျက်ရှိသည့် ရေတာရှည်မြို့နယ်၊ စကွေး(မရိုးခုံ)ကျေးရွာအုပ်စု၊ မရိုးခုံကျေးရွာ စနစ်တကျ ပြောင်းရွှေ့ နေရာချထားပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး နိုဝင်ဘာ ၂၄ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ နိုဝင်ဘာလ(၂၄)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ နှစ်စဉ်ရေကြီးနစ်မြှုပ် လျက်ရှိသည့် ရေတာရှည်မြို့နယ်၊ စကွေး (မရိုးခုံ)ကျေးရွာ အုပ်စု၊ မရိုးခုံကျေးရွာ စနစ်တကျပြောင်းရွှေ့ နေရာချထားပေး နိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း နှစ်စဉ် ရေကြီးနစ်မြှုပ်လျက်ရှိသည့် မရိုးခုံကျေးရွာ စနစ်တကျပြောင်းရွှေ့ နေရာချထားပေးနိုင်ရေး ဆောင်ရွက် ရာတွင် လိုအပ်သည့် ရွာမြေတိုင်းတာကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းသွားရန်၊ မြေနေရာများအား မြေညှိရှင်း လင်းခြင်း ဆောင်ရွက်သွားရန်၊ ပြောင်းရွှေ့မည့်မြေနေရာနှင့်ပတ်သက်၍ မြေတည်နေရာ၊ အကျယ် အဝန်း၊ ပုံသဏ္ဍာန် မြေပြင်အနေထားတို့အရ နေထိုင်ရန်အကွက်ချပုံစံ၊ အိုးအိမ်ဦးစီးဌာနနှင့် ကျွမ်းကျင်အင်ဂျင်နီယာများ ပူးပေါင်း ရေးဆွဲရန်၊ အိမ်အကွက်ချနှင့် ရွာတွင်းလမ်းများ အကွက်ရိုက် တိုင်းတာပေးရန်၊ …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကောင်းမွန်သောရေနေသတ္တဝါ မွေးမြူရေး အသိပညာပေး (GAqP) သင်တန်း(၇/၂၀၂၁)ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်
ပဲခူး နိုဝင်ဘာ ၂၃ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နိုဝင်ဘာလ (၂၃)ရက်နေ့ နံနက်(၉)နာရီအချိန်က အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၊ ငါးလုပ်ငန်းသင်တန်းကျောင်း၌ ဖွင့်လှစ်သည့် ကောင်းမွန်သော ရေနေသတ္တဝါ မွေးမြူရေး အသိပညာပေး(GAqP) သင်တန်း(၇/၂၀၂၁)ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး၏ ငါးမွေးမြူ ထုတ်လုပ်မှုသည် ဒေသအတွင်း ငါးစားသုံးမှုဖူလုံသည့်အပြင် EU နိုင်ငံများနှင့် အခြားပြည်နယ်/ တိုင်းဒေသကြီးများသို့ တင်ပို့ရောင်းချနေရပြီး ငါးမွေးမြူရေးလုပ်ငန်းရှင်များအတွက် တွက်ချေကိုက်သည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ တစ်နေ့တစ်ခြား တိုးပွားလာသည့် လူဦးရေအတွက် ငါးစားနပ်ရိက္ခာ ပြည့်စုံဖူလုံဖို့ လိုအပ်သလို တစ်ဖက်မှာလဲ မွေးမြူထုတ်လုပ်သည့် ငါးများသည် စားသုံးသူများကို ဘေးဥပါဒ်အန္တရာယ် မဖြစ်စေဘဲ ထုတ်လုပ်မှသာ အဟာရပြည့်ဝပြီး ကျန်းမာရေးနှင့်ညီညွတ်သော ငါးရိက္ခာများစားသုံးခြင်းဖြင့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website