ပဲခူး ဧပြီ ၃၀ =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ မြို့/ရွာ သန့်ရှင်းသာယာ လှပစေရေး စုပေါင်းသန့်ရှင်း ရေးပြုလုပ်ခြင်းအား ဧပြီလ(၃၀)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ်၌ တစ်ပြိုင်တည်း ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ပဲခူးမြို့အတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ရေစီး ရေလာ ကောင်းမွန်စေရေး လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းများ ပြန်လည် အဆင့်မြှင့်တင်ရန်၊ ကွန်ကရစ်ပန်းခုံများ လမ်းဘေးဝဲ/ယာ တစ်ညီတစ်ညာတည်း ဖြစ်စေရေး ဆောင်ရွက်ရန်၊ လမ်းအလိုက် အမှိုက်ကန်၊ အမှိုက်ပုံးများ စနစ်တကျထားရှိစေရေးနှင့် ပြည်သူများ စနစ်တကျ အမှိုက်စွန့်ပစ်စေရေး အသိပညာပေးရန်နှင့် အမှိုက်သိမ်းဆည်းမှုများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရေး တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ …
Read More »ပဲခူးမြို့၌ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့ တက်ရောက်ချီးမြှင့်
ပဲခူး အောက်တိုဘာ ၅ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ အောက်တိုဘာလ(၅)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆ ခုနှစ်၊ ကမ္ဘာ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ အောက်တိုဘာ ၄ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ နံနက်ပိုင်း…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်လျက်ရှိ
ပဲခူး အောက်တိုဘာ ၃ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ…
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေးနှင့် ကွန်ပျူတာတက္ကသိုလ်(တောင်ငူ)၏ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်
တောင်ငူ အောက်တိုဘာ ၃ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့အတွင်း ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
တောင်ငူ အောက်တိုဘာ ၂ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်က…
ပဲခူးမြို့၌ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနား ကျင်းပပြုလုပ်
ပဲခူး အောက်တိုဘာ ၁ ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ အောက်တိုဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၆…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း (၆၂)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်
ပဲခူး အောက်တိုဘာ ၁ ပဲခူးမြို့ မြို့တော်ခန်းမ၌ အောက်တိုဘာလ (၁)ရက်နေ့ နံနက်ပိုင်းက (၆၂)နှစ်မ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် ရေကြောင်းပိတ်ဆို့မှု မဖြစ်စေရေး ကွင်းဆင်းဆောင်ရွက်
ပဲခူး စက်တင်ဘာ ၃၀ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးမ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှု လျော့နည်း သက်သာစေရေး ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး စက်တင်ဘာ ၂၈ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မြန်မာနိုင်…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကုန်စည်စီးဆင်းမှု လွယ်ကူလုံခြုံမြန်ဆန်စေရေး ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး
ပဲခူး စက်တင်ဘာ ၂၇ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး…
နောက်ဆုံးရသတင်းများ
ပူပြင်းခြောက်သွေ့သည့် ရာသီဥတုရောက်ရှိပြီဖြစ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မြို့/ရွာ သန့်ရှင်းသပ်ရပ်စေရေး ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား
ပဲခူး ဧပြီ ၂၉ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအစည်းအဝေး (၃/၂၀၂၂)အား ဧပြီလ(၂၈) ရက်နေ့၊ နံနက်ပိုင်းက Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပူပြင်းခြောက်သွေ့သည့် ရာသီဥတုဖြစ် သည့်အတွက် မီးဘေးအန္တရာယ်၊ လေပြင်းတိုက်ခတ်ခြင်း၊ အချိန်အခါမဟုတ် မိုးသည်းထန်စွာရွာသွန်း ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် လျှပ်စစ်မီးအန္တရာယ်စသည်တို့ကို အထူးဂရုပြုရမည်ဖြစ် ကြောင်း၊ ဌာနဆိုင်ရာ ရုံးတွင်း/ရုံးပြင်၊ မြို့တွင်း/ မြို့ပြင်၊ ကျေးရွာတွင်း/ ကျေးရွာပြင် စနစ်တကျ အမှိုက်စွန့်ပစ်ရန်၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများရှင်းလင်းထားရန်နှင့် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ရေရှားပါးသည့် ကျေးရွာဒေသ များ၌ ရေချိုထိန်း သောက်သုံးရေကန်များ ပြန်လည်တူးဖော်ခြင်း၊ အဆင့်မြှင့်တင်ပေးခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်၍ စုစည်းတင်ပြပေးရန် လိုအပ်ကြောင်း၊ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် ကြွေးကျန်များ …
Read More »ပဲခူးတိုင်းဒေသကြီးအတွင်း လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး အခြေခံဖြစ် သည့် (နိုင်-၄)မှတ်တမ်းများ Excel Format ဖြင့် ရာနှုန်းပြည့်ရိုက်သွင်းပြီးစီး
ပဲခူး ဧပြီ ၂၈ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၂၇)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအတွင်း (နိုင်-၄)မှတ်တမ်းများ Excel Format ဖြင့် ရာနှုန်းပြည့်ရိုက်သွင်းပြီးစီးခြင်း အခမ်းအနား ကျင်းပပြု လုပ်သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အခြေခံဖြစ်သည့် (နိုင်-၄)စာရင်းမှတ်တမ်း ရိုက်သွင်းခြင်းအား မိမိတို့အစိုးရအဖွဲ့အနေဖြင့် အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် ခံယူ၍ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း (နိုင်-၄)စာရင်းအရ လူဦးရေ(၅၄)သိန်းကျော်အား Excel Format ဖြင့် ဧပြီလ(၄)ရက်နေ့ မှစ၍ ရိုက်သွင်းခဲ့ရာ ဧပြီလ(၂၇) ရက်နေ့ နံနက်ပိုင်းတွင် ရာနှုန်းပြည့် ပြီးစီးသွားခဲ့ပြီဖြစ်ကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံတွင် တတိယအများဆုံး (နိုင်-၄)စာရင်း ရေးသွင်းရသည့် …
Read More »မကြာမီ တက္ကသိုလ်များ ဖွင့်လှစ်တော့မည်ဖြစ်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူး တက္ကသိုလ် လိုအပ်ချက်များ သွားရောက်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့
ပဲခူး ဧပြီ ၂၆ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် ဌာနဆိုင်ရာများနှင့်အတူ ဧပြီလ(၂၅)ရက်နေ့ မွန်းလွဲပိုင်းက မကြာမီ တက္ကသိုလ် များ ဖွင့်လှစ်တော့မည်ဖြစ်၍ ပဲခူးတက္ကသိုလ် လိုအပ်ချက်များ သွားရောက် ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတက္ကသိုလ် အစည်းအဝေးခန်းမသို့ ရောက်ရှိခဲ့ရာ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ အေးအေးခိုင်မှ မကြာမီ အဝေးသင်တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ စတင်အပ်နှံနေပြီဖြစ်ပါကြောင်း၊ တက္ကသိုလ် အတွင်း ကျောင်းသား/သူများအား သတ်မှတ်အဆောင်များတွင် ထားရှိနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိမှု အခြေအနေ၊ ပဲခူးတက္ကသိုလ်အတွင်း လက်ရှိမြေအသုံးချမှု အခြေအနေနှင့် အနာဂတ်တွင် တိုးချဲ့ဆောင်ရွက်သွားမည့် ပညာရေးဆိုင်ရာ အဆောက်အဦများနှင့် မြေအသုံးချမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ …
Read More »တိုင်းဒေသကြီး ဝန်ကြီးချုပ် ဝေါမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်များသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
ဝေါ ဧပြီ ၂၃ ==================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဧပြီလ ၂၂ ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်နှင့် ဒိုက်ဦးမြို့နယ်များသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဝေါမြို့နယ်ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဝေါ-ကြာလဟာ-ဦးမိုးစုလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းအရည် အသွေး ကောင်းမွန်စေရေးနှင့် လမ်းပုခုံးသားများ ဂဝံအမာခံရရှိရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ညောင်ခါးရှည် လုံခြုံရေးနှင့်စစ်ဆေးဂိတ်အား သွားရောက်ကြည့်ရှုစစ်ဆေး ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေး၊ တရားမဝင်ကန့်သတ်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေး၊ တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ် ဝင်ရောက်မှုမရှိစေရေးနှင့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website