နောက်ဆုံးရသတင်းများ

ထန်းတပင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တင်ဒါခေါ်ယူခြင်း

ထန်းတပင် ဒီဇင်ဘာ ၁၆ ထန်းတပင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ဈေးပြိုင်စနစ်/သက်တမ်းတိုးစနစ်ဖြင့် တင်ဒါခေါ်ယူခြင်း ပြည်တွင်းလုပ်ငန်းရှင်များ သိရှိနိုင်ရေး အသိပေးကြေညာအပ်ပါသည်- အပြည့်အစုံကြည့်ရှုရန်—————-

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေသာလျောင်းဘုရား၌ (၃၅)ကြိမ် မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၅           ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ဒီဇင်ဘာလ(၁၅)ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေသာလျောင်းဘုရား၌ (၃၅)ကြိမ်မြောက် ဆွမ်းဆန်တော်လောင်းလှူပွဲ ကျင်းပပြုလုပ်ခဲ့ သည်။           ရှေးဦးစွာ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရာ ဩဝါဒါစရိယဆရာတော်ကြီးများ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ကြသည်။           ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အလှူတော်မင်္ဂလာကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင် များမှ သံဃာအပါး(၁၃၀)နှင့် သီလရှင်အပါး(၁၅၀)တို့အား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လောင်းလှူပူဇော်ကြသည်။             ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးစီစဉ်ကျင်းပပြုလုပ်သည့် ပဲခူးမြို့‌ ဆုတောင်းပြည့် ရွှေသာလျောင်းဗုဒ္ဓရုပ်ပွား‌တော်မြတ်ကြီး၏ (၉၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို နှစ်စဉ် နတ်တော် လဆန်း(၉)ရက်၊ ဒီဇင်ဘာလ(၉)ရက်နေ့မှ …

Read More »

တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး ဒီဇင်ဘာ ၁၃           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁၃)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၄) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများနစ်နာမှုမရှိစရေးအတွက် ရည်ရွယ်ချက်ဖြင့် ဆောင် ရွက်ရခြင်းဖြစ်၍ တိုင်းဒေသကြီးကော်မတီအနေဖြင့် ပိတ်သိမ်းသင့်သည့်အမှုတွဲများ အပြီးသတ်ပိတ်သိမ်း နိုင်ရေးနှင့် သိမ်းဆည်းခံ မူလပိုင်ရှင်များထံ လက်ဝယ်ပြန်လည်ရရှိရေး ချမှတ်ထားသည့် မူဝါဒ(၅၂)ချက်နှင့် အညီ စိစစ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြန်လည်စွန့်လွှတ်သည့် မြေများအား သက်ဆိုင်သူလက်ဝယ် သို့ လုပ်ငန်းစဉ်(၉)ရပ်နှင့်အညီ ဆောင်ရွက်သွားရမှာဖြစ်ပြီး သိမ်းဆည်းခံလယ်ယာမြေနှင့် အခြားမြေများ ပြန်လည်လျှောက်ထားမှုများနှင့်ပတ်သက်၍ ၁၉၈၈ …

Read More »

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ အခြားဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက် လာမှာဖြစ်၍ ဒေသတွင်းခရီးသွားလုပ်ငန်းအား ဘက်ပေါင်းစုံမှ အဆင့်မြှင့်တင်သွားရန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လမ်းညွှန်မှာကြား

ပဲခူး ဒီဇင်ဘာ ၁၁           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၁၀)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ဒေသတွင်းခရီးသွားလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဘက်ပေါင်းစုံ မှ မြှင့်တင်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ရာသီအလိုက်ပွဲတော်များ၊ အထင်ကရ ဘာသာရေးပွဲတော်များ၊ လေ့လာစရာ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများ ခရီးစဉ်ဒေသလိုက် လာရောက် လည်ပတ်ရန်နေရာ၊ တည်းခိုရန်နေရာ၊ စားသောက်ရန်နေရာများရှိပြီး ခရီးစဉ်အသစ်များ ထပ်မံဖော်ထုတ် ရန်လိုအပ်ကြောင်း၊ ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များ စိတ်အေးချမ်းသာစွာ လည်ပတ်နိုင်ရေး မြို့တိုင်းသန့်ရှင်းသာယာလှပစေရေး၊ ပန်းပေါင်းစုံဖူးပွင့်ဝေဆာနိုင်ရေး၊ ပန်းခြံများနှင့် Public Toilet များ အစဉ်အမြဲသန့်ရှင်းစေရေး ဆောင်ရွက်ထား ရမှာဖြစ်ပြီး တည်းခိုရန် ဟိုတယ်/မိုတယ်များတွင် အစားအစာ သန့်ရှင်းကောင်းမွန်စေရေးနှင့် ဝန်ဆောင်မှုကောင်းမွန်ပြည့်စုံစေရေး ကြီးကြပ်ဆောင်ရွက်ရန်လိုအပ်မှာ …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ(၂.၂၈) သန်းဝင်ရောက်ခဲ့

ပဲခူး ဒီဇင်ဘာ ၁၀           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဒီဇင်ဘာလ(၉)ရက်နေ့၊ မွန်းလွဲပိုင်းက  ရင်းနှီးမြှုပ်နှံမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၆/၂၀၂၄) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားလုပ်ကိုင်လျက်ရှိပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးထုတ်ကုန်များကို တန်ဖိုးမြှင့် ထုတ်ကုန်အဖြစ် ပြည်ပနိုင်ငံသို့ တင်ပို့နိုင်သည့် စက်ရုံ/အလုပ်ရုံများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ကြိုးစား ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် CMP စနစ်လုပ်ငန်းများ၊ တိရစ္ဆာန်အစာထုတ်လုပ်သည့် လုပ်ငန်းများ၊ စိုက်ပျိုးရေးသွင်းအားစုထုတ်လုပ်သည့် လုပ်ငန်းများ၊ လျှပ်စစ် ဓါတ်အားထုတ်လုပ်သည့်လုပ်ငန်းများနှင့် ဆိုလာစနစ်အသုံးပြုသည့်လုပ်ငန်းများ တွင်တွင်ကျယ်ကျယ် လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ခွင့်ပြုပေးထားသည့် စက်ရုံ/အလုပ် ရုံများ သတ်မှတ်ကာလအတွင်း လုပ်ငန်းဆောင်ရွက်ခြင်း ရှိ/မရှိစစ်ဆေးရန်လိုအပ်ပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များအတွက် ရသင့်ရထိုက်သည့် အခွန်ဘဏ္ဍာငွေများ အပြည့်အဝ ကောက်ခံရရှိရေး ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ …

Read More »