ပဲခူး မေ ၅ ပဲခူးမြို့၊ မြို့တော်ခန်းမတွင် မေလ(၅)ရက်နေ့ နံနက်ပိုင်းအချိန်က (၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက် ရောက် ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ (၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ စက်ရုံ/အလုပ်ရုံမှ တာဝန်ရှိ သူများက ၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ဒဏ်ကြောင့် အသက် ဆုံးရှုံးခဲ့ရသည့် ရဟန်းရှင်လူပြည်သူအပေါင်းအတွက် တစ်မိနစ်ငြိမ်သက်ဆုတောင်းပေးခြင်းအား ပြုလုပ်ခဲ့ ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ခေတ်အဆက်ဆက်မှာ မီးသတ်တပ်ဖွဲ့ ဝင်များအနေဖြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူလူထုအကျိုးအတွက် အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားမှုတွေနဲ့ အကျိုးပြုနေတဲ့ လေးစား …
Read More »ပဲခူးပြည်သူ့ဆေးရုံကြီး(ခုတင် ၅၀၀) (၆)ထပ် ဆေးကုသဆောင်သစ် ဖွင့်လှစ်ပွဲ ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၁၃ ပဲခူးမြို့၊ ပဲခူးပြည်သူ့ဆေးရုံကြီး(ခုတင် ၅၀၀) (၆)ထပ် ဆေးကုသဆောင်သစ် ဖွင့်…
ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာများဖြင့် မိုးစပါးစုပေါင်းစိုက်ပျိုးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇူလိုင် ၁၁ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်…
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာသန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်
ပဲခူး ဇူလိုင် ၁၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အပတ်စဉ် စနေနေ့တိုင်း မြို့/ရွာ သန့်ရှင်းသာ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရေပြင်ရှာဖွေကယ်ဆယ်ရေး စုဖွဲ့လေ့ကျင့်မှုအား သွားရောက် ကြည့်ရှုအားပေး
ပဲခူး ဇူလိုင် ၁၁ ပဲခူးမြစ်အတွင်း၌ မီသတ်ဦးစီးဌာန၊ ကြက်ခြေနီအဖွဲ့၊ ပရဟိတအသင်းအဖွဲ့များ၊ လူမှ…
ပဲခူးတက္ကသိုလ်၌ လူငယ်တွေ့ဆုံပွဲနှင့် လူငယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၁၀ ပဲခူးတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ဇူလိုင်လ ၁၀ ရက်နေ့၊ နံနက်ပိုင်းက မြန်…
ပဲခူးမြို့၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား ကျင်းပပြုလုပ်
နေပြည်တော်၊ ဇူလိုင် ၈ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၌ မျက်စိခွဲစိတ်ကုသပေးမှုအား သွားရောက်ကြည့်ရှုအားပေး
ပဲခူး ဇူလိုင် ၇ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးမ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
ပဲခူး ဇူလိုင် ၆ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးမျ…
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်းညှိ နှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
ပဲခူး ဇူလိုင် ၄ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန…
ပဲခူးမြို့တွင် ကျင်းပပြုလုပ်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်
ပဲခူး ဇူလိုင် ၃ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဇူလိုင်လ ၃ ရက်နေ့၊ နံနက်ပိုင်းက မြန်မာအမျိုးသ…
နောက်ဆုံးရသတင်းများ
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ နေပြည်တော်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် လူသုံးကုန်နှင့် စားသုံးကုန်မျိုးစုံများအား ရွေ့လျားမော်တော်ယာဉ်ကြီးဖြင့် ရောင်းချပေးလျက်ရှိ
ပဲခူး မေ ၅ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ နေပြည်တော်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများ အတွက် MSME ဒေသထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသုံးကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းမျိုးစုံများ အား မေလ(၅)ရက်နေ့၊ နံနက်ပိုင်းမှစတင်၍ ရွေ့လျားမော်တော်ယာဉ်ကြီးဖြင့် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိသည်။ ရှေးဦးစွာ နေပြည်တော်ကောင်စီရုံးဝန်းအတွင်း၌ ငလျင်ဘေးဒဏ်သင့်နိုင်ငံ့ဝန်ထမ်းများအား ပဲခူး တိုင်းဒေသကြီးမှ ထွက်ရှိသည့် အသေးစား၊ အငယ်စား၊ အလတ်စား MSME ဒေသထုတ်ကုန်များ၊ လူသုံး ကုန်များ၊ စားသုံးကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းမျိုးစုံများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေး လျက်ရှိသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် နေပြည်တော်ရှိ ငလျင်ဘေးဒဏ်သင့်ပြည်သူများ အတွက် MSME ဒေသထုတ်ကုန်များ၊ လူသုံးကုန်များ၊ စားသုံးကုန်များနှင့် မီးဖိုချောင်သုံးပစ္စည်းမျိုးစုံ စုစုပေါင်းအမယ်(၁၅၀)ကျော်အား သက်သာသောနှုန်းထားဖြင့် ဝန်ကြီးဌာနများ၊ ရပ်ကွက်များသို့ နေ့စဉ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ တိုင်းဒေသကြီး(ပြန်/ဆက်)
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
သနပ်ပင် မေ ၂ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မေလ(၂)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ အောက်စုကွင်း၌ တစ်ကွင်းတစ်ဆက်တည်းဧက(၅၀)နွေစပါး(၂)သီးစိုက်မှ ဒုတိယသီးနှံနွေစပါးဆိုလာစနစ်ဖြင့် ရေသွင်းစိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး သနပ်ပင်ဒေသသည် ရေကြီးရေနက်ကွင်းများ ဖြစ်၍ မိရိုးဖလာနွေစပါး(၁)သီးသာ စိုက်ပျိုးခဲ့ရာမှ ယခုအခါ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန် မှုဖြင့် ကြိုတင်ပျိုးထောင်စနစ်အသုံးပြုကာ နွေစပါး(၂)သီး စိုက်ပျိုးနိုင်ခဲ့ပြီဖြစ်၍ အခြားဒေသမှ တောင်သူများ ကိုလည်း ခေါ်ယူပြသ အသိပညာပေးပြီး သီးထပ်စွမ်းအားတိုးတက်အောင် ဆောင်ရွက်သွားရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။၎င်းနောက် နွေစပါး(၂)သီးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ သွင်းအားစုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သနပ်ပင်မြို့၊ ဘူတာပိုင်းရပ်ကွက်၊ …
Read More »(၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး
ပဲခူး မေ ၂ ပဲခူးမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်တွင် မေလ(၂)ရက်နေ့ နံနက်ပိုင်းက (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်း ဒေသကြီးမီးသတ်ဦးစီးဌာနမှ စုပေါင်းသွေးလှူဒါန်းပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ အဆိုပါ စုပေါင်းသွေးလှူဒါန်းပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ ဝန်ကြီးများက လိုက်လံကြည့်ရှုအားပေးပြီး သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များအား ကြက်ဥ၊ မုန့်၊ အားဆေး၊ အချိုရည်နှင့် အာဟာရဖြည့်စွက်အစာများပေးအပ်ခဲ့ကာ သွေးလှူရှင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျန်းမာရေး ဝန်ထမ်းများအား ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့သည်။ (၇၉)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း ရာတွင် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစောထွန်းဦးဆောင်၍ တိုင်းဒေသကြီး ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနရုံးများနှင့် မီးသတ်နယ်မြေစခန်းများရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ စုစုပေါင်း(၁၂၀)ဦးတို့မှ …
Read More »ပဲခူးမြို့၌ အလုပ်သမားနေ့အား အလုပ်အကိုင်အခွင့်အလမ်းပြပွဲ(Job Fair) ဖွင့်ပွဲနှင့်အတူ ကျင်းပပြုလုပ်
ပဲခူး မေ ၁ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ(၁)ရက်နေ့၊ နံနက်ပိုင်းက အလုပ်သမားနေ့အား အလုပ်အကိုင် အခွင့်အလမ်းပြပွဲ(Job Fair) ဖွင့်ပွဲနှင့်အတူ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ ရှေးဦးစွာ အလုပ်အကိုင်အခွင့်အလမ်းပြပွဲ(Job Fair) ဖွင့်ပွဲ အခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဧည့်သည်တော်များက ဒေသခံပြည်သူများ တစ်နေရာတည်း အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေး စီစဉ်ဆောင်ရွက်ပေးထားသည့် ပြည်တွင်း/ပြည်ပ ကုမ္ပဏီပြခန်းအား လှည့်လည်ကြည့်ရှု အားပေး ခဲ့ကြသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ (Job Fair) ပြုလုပ် ပေးခြင်းသည် အလုပ်လက်မဲ့များလျော့ပါးလာပြီး မိသားစုဝင်ငွေတိုးတက်စေခြင်း၊ အလုပ်လုပ်ကိုင်နိုင်သူ အားလုံး …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website