Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး အောက်တိုဘာ ၂၉

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ အောက်တိုဘာလ ၂၉ ရက်နေ့၊ နံနက်ပိုင်းက ကဝမြို့နယ်၊ သနပ်ပင်မြို့နယ်နှင့် ပဲခူးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး ကွင်းဆင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကဝမြို့၊ မြို့တော်ခန်းမ၌ ပဲတီစိမ်း သီးနှံ ပိုးသတ်ဆေးဓါတ်ကြွင်းကင်စင်ရေး အသိပညာပေးဆွေးနွေးခြင်းနှင့် ၂၀၂၆ ခုနှစ် GAP စနစ်ဖြင့် ပဲတီစိမ်းစိုက်ပျိုးမည့် တောင်သူများအား သဘာဝရွတ်ဖျန်းမြေဩဇာ ပံ့ပိုးပေးခြင်း အခမ်းအနားသို့ ရောက်ရှိခဲ့ပြီး  ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ပြည်တွင်း/ပြည်ပမှ စားသုံးသူများအတွက် ပိုးသတ်ဆေး ဓါတ်ကြွင်းကင်းစင်တဲ့ စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်တင်ပို့နိုင်ရေး အသိပညာပေး ပြောကြားခဲ့ သည်။ ၎င်းနောက် တိုင်းဒေသကြီးစိုက်ပျိုးရေး ဦးစီးမှူးက အခမ်းအနား ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တက်ရောက်လာသည့် တောင်သူများအား သဘာဝရွက်ဖြန်းမြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်စကားပြောကြားခဲ့ကာ ပိုးသတ်ဆေး ဓါတ်ကြွင်း စစ်ဆေးခြင်း သရုပ်ပြသမှုနှင့် မျိုးကောင်းမျိုးစေ့များ ခင်းကျင်းပြသထားရှိမှုတို့အား ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ကဝမြို့နယ်၊ ကမာဘုတ် ကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးကျော်ဝင်း၏ အသားစားကြက်ကောင်ရေ(၁၁၂၀၀၀) အောင်မြင်စွာ မွေးမြူထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဥစားကြက်လည်း တိုးချဲ့မွေးမြူနိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် သနပ်ပင်မြို့နယ်၊ အနီးကိုက်ကျေးရွာ၌ နွေစပါးစိုက်ပျိုးနိုင်ရေး မြေယာ ပြုပြင်နေမှုနှင့် ရစ်ကန်လေးကျေးရွာအုပ်စု၌ ဆောင်းပဲတီစိမ်းနှင့် ပဲပုတ်သီးနှံ စိုက်ပျိုးနိုင်ရေး မြေယာ ပြုပြင်နေမှုတို့အား ကွင်းဆင်းကြည့်ရှုခဲ့ပြီး မြေအစိုဓါတ်ရှိချိန်၌ အချိန်မီစိုက်ပျိုးကြရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ အိုးဘိုကျေးရွာအနီး ၌ AI နည်းပညာသုံး ခေတ်မီစိုက်ပျိုးရေး စပါးအထူးဇုံ အကောင်အထည်ဖော်နိုင်ရေး အာကာသအေဂျင်စီမှ Lot Device များတပ်ဆင်ပြီးစီးမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။