ပန်းတောင်း ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းက ပန်းတောင်းမြို့နယ်အတွင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့ သည် ပန်းတောင်းမြို့နယ်၊ ငါးဆယ်ပေးကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာ၌ တောင်သူ ဦးညွန့်တင်၏ နွေနှမ်း(၁၅)ဧက စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူ များနှင့်တွေ့ဆုံ၍ တစ်ကွင်းတစ်ဆက်တည်း သီးနှံမျိုးတူ တစ်မျိုးတည်းကိုသာစိုက်ပျိုးရန်နှင့် မြေဆီဩဇာ ကောင်းမွန်စေရေး ကြားသီနှံအား ပဲတစ်မျိုးမျိုးစိုက်ပျိုးရန် ပြောကြားခဲ့သည်။ ၎င်းနောက် ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် ဘက်စုံသုံးသဘာဝရွက်ဖြန်းမြေဩဇာ ထုတ်လုပ်ထားရှိမှုအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ပဲခူတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း(၁၃၀)ဖြင့် ညောင်ကိုင်းတမံဆည်ရေသောက်စနစ်အတွင်းရှိ ညောင်ကိုင်းချောင်းဟောင်း အရှည်(၂.၂၇)မိုင် တူးဖော်ခြင်းနှင့်် တောရှင်းခြင်းလုပ်ငန်း ဆောင်ရွက်နေ မှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုးရေများ လေလွင့်မှုမရှိသုံးစွဲနိုင်ရေးနှင့် ရေပေးမြောင်းများ ရေရှည်အသုံးပြု နိုင်ရေး ကျေးရွာအလိုက် ဖွဲ့စည်းပေးထားသည့် Water User Group အဖွဲ့များဖြင့် စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်ကြရန် ပြောကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ လဲ ကျေးရွာအုပ်စု၊ ခုံကြီးကျေးရွာ၌ ဟင်းသီးဟင်းရွက်နှင့် ငှက်ပျောသီးနှံ တစ်အုပ်တစ်မစိုက်ခင်းဧက(၁၅၀) စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website