Home / 2026 / November / 23

Daily Archives: November 23, 2026

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် နတ်တလင်းမြို့၌ ဗုဒ္ဓမြတ်စွယ်တော် လှည့်လည်အပူဇော်ခံပွဲသို့ သွားရောက်ကြည်ညို

နတ်တလင်း နိုဝင်ဘာ ၂၃           နတ်တလင်းမြို့ ကျက်သရေဆောင် သကျမဟာမြတ်မုနိဘုရားကြီး ဗုဒ္ဓမြတ်စွယ်တော် လှည့်လည် အပူဇော်ခံပွဲအား ယမန်နေ့၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ အစိုးရအဖွဲ့ တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြသည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် ကျက်သရေဆောင် သကျမဟာမြတ်မုနိဘုရားကြီး ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်ပူဇော်လှူဒါန်းခဲ့ကြ သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဘုရားဖူးလာပြည်သူများအား စတုဒီသာ ကျွေးမွေးနေမှုတို့အား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် ယာယီစံကျောင်းတော်၌ ကိန်းဝပ်စံပယ်လျက်ရှိသည့် ဗုဒ္ဓမြတ်စွယ်တော်အား စတင်ပင့်ဆောင်ပေးခဲ့ကြ သည်။ ၎င်းနောက် ဗုဒ္ဓမြတ်စွယ်တော်အား …

Read More »

(၁၂၇)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းလှည့်လည်အပူဇော်ခံပွဲသို့ ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည်ညို

ပြည် နိုဝင်ဘာ ၂၂           ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကိန်းဝပ်စံပယ်လျက်ရှိသော မြန်မာပြည်(ပထမ)ဗုဒ္ဓမြတ်စွယ်တော် (၁၂၇)ကြိမ်မြောက် မြို့တွင်းလှည့်လည်အပူဇော်ခံပွဲ မင်္ဂလာအခမ်း အနားအား ယနေ့နံနက် အစောပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက် ကြည်ညိုခဲ့ကြသည်။           ရှေးဦးစွာ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ကျားပျံမကောက်ဓမ္မာရုံ၌ ကိန်းဝပ်စံပယ်လျက်ရှိသော မြန်မာပြည်(ပထမ)ဗုဒ္ဓမြတ်စွယ်တော်အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တို်ငးဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မင်္ဂလာဝေါယာဉ်ဖြင့် စတင်ပင့်ဆောင်ပေးခဲ့ကြသည်။၎င်းနောက် ဂေါပကအဖွဲ့များ၊ဝတ်အသင်းများနှင့် တာဝန်ရှိသူများက မြောက်ဘက်စောင်းတန်းမှတဆင့် မြို့တွင်းလှည့်လည်ပူဇော်ခံမည့် မင်္ဂလာကရဝိတ်ယာဉ်ပေါ်သို့ အသီးသီး ဆက်လက်ပင့်ဆောင် ပေးခဲ့ကြသည်။            (၁၂၇)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းလှည့်လည်အပူဇော်ခံခြင်းအား (၃)နှစ်လျှင် တစ်ကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ကာ ပြည်မြို့အတွင်းရှိ ရပ်ကွက်များတွင် …

Read More »

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ပြည်မြို့၌ လယ်ယာသုံးစက်ကိရိယာနှင့် MSMEs ထုတ်ကုန် ပစ္စည်းများပြသပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြည် နိုဝင်ဘာ ၂၁ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပလျက်ရှိသည့် ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနနိယပွဲတော်ကြီးနှင့်အတူ လယ်ယာသုံးစက်ကိရိယာနှင့် MSMEs ထုတ်ကုန်ပစ္စည်းများပြသပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပြည်မြို့၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSMEs လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြခန်းများအတွင်း ခင်းကျင်းပြသထားသည့် လယ်ယာသုံးစက်ကိရိယာများနှင့် ဒေသထွက် MSMEs ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။           အဆိုပါ လယ်ယာသုံး စက်ကိရိယာနှင့် ဒေသထွက်ကုန် MSMEs ဈေးရောင်းပွဲတော်၌ ပဲခူးတိုင်း ဒေသကြီးအတွင်းမှ …

Read More »