ပြည် အောက်တိုဘာ ၁၂

ပြည်မြို့၊ ခေတ္တရာပြည်သု့ခန်းမ၌ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းက မြန်မာ့ရိုးရာ ပြည်ဒေသအစားအစာပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ဒေသသည် သရေ ခေတ္တရာ အမွေအနှစ်မြေဖြစ်သည့် ပျူမြို့ဟောင်းတည်ရှိရာနေရာတစ်ခုဖြစ်ပြီး ဒေသရိုးရာအစားအသောက် ယဉ်ကျေးမှုစုဝေးရာမြို့တစ်ခုလည်းဖြစ်ကြောင်း၊ ဒေသတစ်ခု၏ အစားအသောက် ယဉ်ကျေးမှုဆိုတာ ထိုဒေသရဲ့ ရာသီဥတု၊ စိုက်ပျိုးရေးထွက်ကုန်၊ လူနေမှုဘဝနဲ့ သမိုင်းကြောင်းတို့ရဲ့ ပေါင်းစပ်ရောင်ပြန်ဟပ် မှုဖြစ်ကြောင်း၊ ခေတ်သစ်ကမ္ဘာ့အမြင်မှာ အစားအသောက်ခရီးသွားလုပ်ငန်း (Food Tourism) ဟာ ဒေသတစ်ခုရဲ့ စီးပွါးရေးနှင့် ခရီးသွားကဏ္ဍကို မောင်းနှင်ပေးနိုင်တဲ့ အရေးပါသော ကဏ္ဍတစ်ခု ဖြစ်ကြောင်း၊ ယခုပြိုင်ပွဲသည် ဒေသထွက် အစားအစားများအား ဘေးကင်းလုံခြုံပြီး အဆင့်အတန်းမီမီ အရသာရှိရှိဖြင့် ပြည်ပသို့တင်ပို့နိုင်ရန်၊ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေနိုင်မှာဖြစ်ကြောင်း ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တာဝန်ရှိသူများက မြန်မာ့ရိုးရာ ပြည်ဒေသအစားအစာ ယှဉ်ပြိုင်ချက်ပြုတ် နေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ ၎င်းနောက် ပြည်မြို့ ကျောင်းသား/သူများက ရိုးရာ ယဉ်ကျေးမှုအကများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ယင်းနောက် ချက်ပြုတ်ပြီးစီးခဲ့သည့် ပြည်ဒေသအစားအစာများဖြစ်သည့် ပြည်ပလာတာ၊ ပြည် ထမင်းသုပ်နှင့် ပြည်ကော်ရည်ခေါက်ဆွဲတို့အား အမှတ်ပေးဒိုင်လူကြီးများနှင့် တက်ရောက်လာကြသည့် ပြည်ဒေသခံ ပြည်သူများက မြည်းစမ်းအမှတ်ပေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က အမှတ်ပေးဒိုင်လူကြီးနှင့် ဆီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်းအလမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်ပလာတာနှင့် ပြည်ကော်ရည်ခေါက်ဆွဲ ချက်ပြုတ်ပြိုင်ပွဲတွင် ပထမဆုရရှိကြသူများ အားလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်က ပြည်ထမင်းသုပ်ပြိုင်ပွဲတွင် ပထမ ဆုရရှိသူအားလည်းကောင်း ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ဒုတိယနှင့် တတိယဆုရရှိသူများအား ဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website