ဝေါ မေ ၇

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မေလ ၇ ရက်နေ့၊ မွန်းလွဲပိုင်းက ဝေါမြို့နယ်အတွင်း ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးမင်းလွင်၏ ဒေသစပ်စာဖြင့် ဥစားဘဲကောင်ရေ(၃၀၀၀)နှင့် ဥစားကြက်ကောင်ရေ(၇၅၀၀) မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဥစားကြက်၊ ဥစားဘဲနှင့် ဒေသကြက်တို့အား မွေးမြူနိုင်ရေး မွေးမြူရေးလုပ်ငန်းရှင်အသစ်များ ပေါ်ထွက်လာစေရေး စည်းရုံးဆောင် ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ အစီအစဉ်ဖြင့် ရက်(၁၀၀)အတွင်း ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတစ်ခုဖြစ်သည့် ဝေါမြို့နယ်၊ နောင်ပတ္တရာကျေးရွာအုပ်စုရှိ ရေကြီးရေနက်ကွင်းများအား ရေတော်မိုးတော်လယ်မြေများအဖြစ် အဆင့် မြှင့်တင်ပေးရန် လှေလမ်းရိုးချောင်း အရှည်(၂.၈၄)မိုင်၊ အကျယ်(၁၃)ပေ ရေထုတ်မြောင်း တူးဖော်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရွက်ဖျန်းသဘာဝမြေဩဇာများ ကိုယ်တိုင်ထုတ်လုပ် သုံးစွဲနိုင်ရေး အသိပညာပေးပြောကြားခဲ့ကာ ကျေးလက်ကုန်ထုတ်လမ်းကိုပါ ဆောင်ရွက်ပေးပြီးဖြစ်၍ တာဘောင်တစ်လျောက် အရိပ်ရပြီးစား၍ရသော သီးပင်စားပင်များ စိုက်ပျိုးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website