ပဲခူး ဇူလိုင် ၄

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာလုပ်ငန်းညှိ နှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များ အား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မိုးရာသီရောက်ရှိနေပြီဖြစ်၍ လျာထားသည့်ဧက များအလိုက် သတ်မှတ်မိုးသီးနှံများ အပြည့်အဝ စိုက်ပျိုးနိုင်ရေး၊ မိုးရာသီတွင် ဖြစ်ပေါ်တတ်သည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရေးနှင့် ရေကြီးရေလျှံမှုကြောင့် ထိခိုက်နိုင်သည့် စိုက်ပျိုးသီးနှံများအတွက် အချိန်မီပြန်လည်ကုစားနိုင်ရေး ပြင်ဆင်ထားရန်ဖြစ်ကြောင်း၊ ဒေသအလိုက် စားရေရိက္ခာဖူလုံစေရေး စိုက်ပျိုးရေနှင့် မွေးမြူနိုင်ရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်စေရေး မြို့နယ်အလိုက် သင်တန်းများဖွင့်ခြင်းအပြင် နည်းပညာနှင့် အရင်းအနှီးရရှိစေရေး ပံ့ပိုးကူညီဆောင်ရွက်ရန်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ အနေဖြင့် မိမိတို့၏ အောက်ခြေ မြို့နယ်အဆင့်ထိ ရုံးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ရန်နှင့် တင်ဒါ လုပ်ငန်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ စံချိန်စံညွှန်းနှင့်အညီဖြစ်စေရေး ဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့သည်။
ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ စီမံကိန်းဆိုင်ရာကိစ္စရပ်များ၊ လူမှုရေးဆိုင်ရာကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များ၊ စိုက်ပျိုးနှင့် မွေးမြူရေးဆိုင်ရာကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ၊ မြို့ပြသန့်ရှင်းသာယာ လှပရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ရုံးလုပ်ငန်းများ ပုံမှန် ဆောင်ရွက်နေမှုနှင့် လအလိုက် စီမံကိန်းတာဝန်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေ အနေများအား အသီးသီးရှင်းလင်းတင်ပြခဲ့ကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တင်ပြ ချက်များနှင့်ပတ်သက်၍ ဌာနတစ်ခုချင်းအလိုက် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website