ပဲခူး အောက်တိုဘာ ၁၄

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်အတူ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးစွမ်းအားနှင့် MSME ကဏ္ဍ တိုးတက်မြင့်မားစေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် ကြို့ပင်ကောက် မြို့၊ လုပ်ငန်းရှင် ဦးဇေယျာဝင်း၏ “သဘာဝ” Resin ပရိဘောဂနှင့် အမှတ်တရပစ္စည်း အရောင်းပြခန်းသို့ ရောက်ရှိခဲ့ပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် တန်ဖိုးမြှင့်လူသုံးကုန်ထုတ်လုပ်ခြင်းဖြစ်၍ တာဝန်ရှိသူ များက ကုန်ကြမ်းပစ္စည်းများ လွယ်ကူစွာရရှိနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် လက်ပံတန်းမြို့နယ်၊ ချမ်းသာကုန်းကျေးရွာ၌ ကျေးရွာသူ/သားများ၏ စုပေါင်းစားဖိုဆောင်သီးနှံ စိုက်ခင်းသို့ ရောက်ရှိစစ်ဆေး ခဲ့ပြီး စဉ်ဆက်မပြတ် စိုက်ပျိုးနိုင်ရေးနှင့် သဘာဝမြေဩဇာကိုသုံးစွဲ၍ ဩဂဲနစ်သီးနှံစိုက်ခင်းအဖြစ် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆီထွက်ပဲပုတ်မျိုးစေ့နှင့် စားဖိုဆောင်သီးနှံ မျိုးစေ့များ ပေးအပ်ခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့နယ်၊ ကျွန်းကုန်း ကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း မိုးစပါးစံပြစိုက်ခင်းဧက(၃၀၀) ရိတ်သိမ်းနေမှုအား ကြည့်ရှု အားပေးခဲ့ရာ အစိုးတင်း(၁၀၄.၄၃)တင်းနှုန်း ထွက်ရှိခဲ့သည်။ ၎င်းနောက် ဒေသခံမိုးစပါးစိုက်တောင်သူများ နှင့်တွေ့ဆုံ၍ စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရေးနှင့် စိုက်ပျိုးမြေဆီလွှာဖွံ့ဖြိုးမှု ကောင်းမွန်စေရေး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဆောင်းသီးနှံအတွက် ဆီထွက်ပဲပုတ်မျိုးစေ့များ ပေးအပ် ခဲ့သည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သာယာဝတီမြို့၊ လုပ်ငန်းရှင် ဦးမြင့်ထွေး၏ လယ်ယာသုံးစက်ကိရိယာအလုပ်ရုံသို့ရောက်ရှိခဲ့ပြီး လက်ကိုင်းရှည်စက်၌ မြေယာပြုပြင်ခြင်း စက် တွဲဖက်တပ်ဆင် စမ်းသပ်ထုတ်လုပ်ထားရှိမှုနှင့် တောင်သူတစ်ပိုင်တစ်နိုင် လယ်ယာသုံးစက်ကိရိယာ များသုံးစွဲနိုင်ရေး ထွန်ယက်စက်အမျိုးမျိုး ထုတ်လုပ်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website