Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / (၁၂၇)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းလှည့်လည်အပူဇော်ခံပွဲသို့ ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည်ညို

(၁၂၇)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းလှည့်လည်အပူဇော်ခံပွဲသို့ ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည်ညို

ပြည် နိုဝင်ဘာ ၂၂

          ပြည်မြို့၊ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကိန်းဝပ်စံပယ်လျက်ရှိသော မြန်မာပြည်(ပထမ)ဗုဒ္ဓမြတ်စွယ်တော် (၁၂၇)ကြိမ်မြောက် မြို့တွင်းလှည့်လည်အပူဇော်ခံပွဲ မင်္ဂလာအခမ်း အနားအား ယနေ့နံနက် အစောပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့်ဇနီး၊ အစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက် ကြည်ညိုခဲ့ကြသည်။

          ရှေးဦးစွာ လေးဆူဓါတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ကျားပျံမကောက်ဓမ္မာရုံ၌ ကိန်းဝပ်စံပယ်လျက်ရှိသော မြန်မာပြည်(ပထမ)ဗုဒ္ဓမြတ်စွယ်တော်အား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တို်ငးဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက မင်္ဂလာဝေါယာဉ်ဖြင့် စတင်ပင့်ဆောင်ပေးခဲ့ကြသည်။၎င်းနောက် ဂေါပကအဖွဲ့များ၊ဝတ်အသင်းများနှင့် တာဝန်ရှိသူများက မြောက်ဘက်စောင်းတန်းမှတဆင့် မြို့တွင်းလှည့်လည်ပူဇော်ခံမည့် မင်္ဂလာကရဝိတ်ယာဉ်ပေါ်သို့ အသီးသီး ဆက်လက်ပင့်ဆောင် ပေးခဲ့ကြသည်။

           (၁၂၇)ကြိမ်မြောက် ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းလှည့်လည်အပူဇော်ခံခြင်းအား (၃)နှစ်လျှင် တစ်ကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ကာ ပြည်မြို့အတွင်းရှိ ရပ်ကွက်များတွင် ခေတ္တရပ်နား အပူဇော်ခံမဏ္ဍပ် (၁၇)နေရာရှိပြီး နံနက်(၆)နာရီမှ ညနေ(၆)နာရီအထိ လှည့်လည်ပူဇော်ခံခဲ့ကြသည်။

          အဆိုပါ ပြည်မြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် ဗုဓ္ဓပဇနိယပွဲတော်နှင့် ဗုဒ္ဓမြတ်စွယ်တော် လှည့်လည်ပူဇော်ပွဲ အခမ်းအနားတွင် အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများ၊ ဇာတ်သဘင် များ၊ တေးဂီတဖျော်ဖြေမှုများ၊ ပျော်ပွဲရွှင်ပွဲများ၊ ၁၂ ရာသီပွဲဈေးတန်းများဖြင့် ညစဉ်စည်ကား သိုက်မြိုက် လျက်ရှိကြောင်း သတင်းရရှိသည်။