Home / ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

DRD

ပဲခူးတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏

မျှော်မှန်းချက်၊ မူဝါဒ၊ လုပ်ငန်းစဉ်၊ ဥပဒေ(မူကြမ်း)၊ လုပ်ငန်းတာဝန်များ

 

မျှော်မှန်းချက်

၁။             ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် (၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ) အမျိုးသားစီမံကိန်း မျှော်မှန်းချက်များအဖြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်နှင့်အညီ ကျေးလက်ဒေသများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးလာစေရန်နှင့် မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးမှု ကွာဟချက်များ ကျဉ်းမြောင်းလာစေရန် မျှော်မှန်းထားပါသည်။

မူဝါဒ

၂။                မူဝါဒ အဖြစ် စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်သူ အားလုံး (Stakeholder) နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ရည်မှန်းချက် အဖြစ် စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေး အားလုံးပါဝင်ဆောင်ရွက်နိုင်သည့် ကျေးလက်လူမှုစီးပွား ဘဝဖွံ့ဖြိုးရေးကို ဆောင်ရွက်ရန် ရည်မှန်းပါသည်။

 

ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးအတွက် ဆောင်ရွက်နေသော လုပ်ငန်းစဉ် (၈)ရပ်

၃။                ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးအတွက် ဆောင်ရွက်နေသော လုပ်ငန်းစဉ် (၈)ရပ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က)     လယ်ယာကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး၊

(ခ )     သားငါးထုတ်လုပ်မှုနှင့် ကျေးလက်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊

(ဂ )     ကျေးလက်ဒေသအသေးစား ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊

(ဃ)     အသေးစား ပုဂ္ဂလိကငွေစု၊ ငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊

(င )     သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊

(စ )     ကျေးလက်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး

(ဆ)     သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊

(ဇ) စာရင်းအင်းအချက်အလက်များ ကောက်ယူစုဆောင်းရေးနှင့် စိစစ်အကဲဖြတ်ရေး၊

ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေး ဥပဒေ (မူကြမ်း)

၄။                ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ(မူကြမ်း) ထွက်ရှိနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များ

၅။               ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်-

(က)   ကျေးရွာချင်းဆက်လမ်း၊ တံတားများနှင့် ခရိုင်ချင်းဆက်လမ်းတံတားများ တည်ဆောက်ခြင်း၊

(ခ )   ကျေးလက်ဒေသသန့်ရှင်းသော သောက်သုံးရေရရှိရေး ဆောင်ရွက်ပေးခြင်း၊

(ဂ )   ကျေးလက်ဒေသကျန်းမာသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ဃ)   ကျေးရွာအိမ်ရာများ တည်ဆောက်ပေးခြင်း၊

(င )   ကျေးလက်မီးလင်းရေးဆောင်ရွက်ပေးခြင်း၊

(စ )   ကျေးလက်နေပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊

(ဆ)   ကျေးလက်ပြည်သူများအတွက် အသေးစားချေးငွေလုပ်ငန်းများ ဆောင်ရွက်ခြင်း၊

(ဇ )    ကျေးလက်လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်း၊

(စျ )   မြို့ပြနှင့် ကျေးလက်လူမှုစီးပွားဘဝကွာဟမှု ကျဉ်းမြောင်းစေရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ပေးခြင်း၊

(ည)   ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ် (၈)ရပ် တွင် အကျုံးဝင်သော ကိစ္စရပ်များဆောင်ရွက်ခြင်း၊

(ဋ )   ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့် ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊