Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော တပ်မတော်သားများအား စေတနာရှင်ပြည်သူများက ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော တပ်မတော်သားများအား စေတနာရှင်ပြည်သူများက ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၆

==================

          တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ နိုဝင်ဘာလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော တပ်မတော်သားများအား စေတနာ ရှင်ပြည်သူများက ကူညီထောက်ပံ့သည့် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်၍ မိမိတို့၏ အသက်ကို ပဓာနမထားဘဲ တာဝန်ထမ်းဆောင်နေကြသူများဖြစ်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင်လည်း ရှေ့ဆုံးမှ ပါဝင်ဆောင်ရွက်နေသူများပင်ဖြစ်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်း နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြု အမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ စေတနာရှင် ပြည်သူများ စုပေါင်း၍ ငွေကျပ်(၁၀၇၀)သိန်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင် နေသော တပ်မတော်သားများအတွက် ကျပ်သိန်း(၂၀၀)နှင့် ခေါက်ဆွဲခြောက်ထုပ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပေးအပ်ခဲ့ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက် စေတနာရှင်ပြည်သူများက အလှူငွေများ ဆက်လက်လှူဒါန်းခဲ့ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိ သူများက လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပြန်လည်ပေးအပ်ခဲ့သည်။

              ယင်းနောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်က နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော တပ်မတော်သားများအတွက် ထောက်ပံ့ငွေများ လှူဒါန်းခဲ့မှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြာခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တက်ရောက်လာသည့် အလှူရှင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေး စကားပြောကြားခဲ့သည်။

          အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာ ရှင်ပြည်သူများစုပေါင်း၍ နိုဝင်ဘာလ(၃)ရက်နေ့တွင် ငွေကျပ်(၂၁၅၂)သိန်းအား ပထမအကြိမ် ထောက်ပံ့ပေး အပ်ခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။