Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ဒေသဖွံဖြိုးရေးနှင့် တောင်သူလယ်သမားဘဝ ဖွံဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ဒေသဖွံဖြိုးရေးနှင့် တောင်သူလယ်သမားဘဝ ဖွံဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူး မေ ၂

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့ မနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ဒေသဖွံဖြိုးရေးနှင့် တောင်သူလယ်သမားဘဝ ဖွံဖြိုးတိုးတက်စေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲသည် အုတ်ဖိုမြို၊ မိုးညိုတန်း ရပ်ကွက်ရှိ ဦးလွင်ဆန်းမြင့်၏ DEKO အမှတ်တံဆိပ် အဆင့်မြင့်ဘိုကာရှီ သဘာဝမြေဩဇာထောင့် ထုတ်လုပ်သည့် အလုပ်ရုံသို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး သီးနှံအမျိုးအစားလိုက် ခွဲခြားထုတ်လုပ် နိုင်ရေး၊ သဘာဝမြေဩဇာအား အချိန်ကိုက်အချိုးညီ သုံးစွဲနိုင်စေရေး၊ ဈေးကွက်အတွင်း ကျယ်ကျယ် ပြန့်ပြန့် ထုတ်လုပ်နိုင်ရေးအတွက် ကုန်ကြမ်းပစ္စည်းများ လွယ်ကူစွာဝယ်ယူရရှိစေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် မင်းလှမြိုနယ်၊ ရွှေဝါမြိုင်နည်းပညာပြန့်ပွားရေးစင်တာ၌ ရိုဘက်စတာကော်ဖီ အပင်(၅၀၀၀၀) ပျိုးထောင် ထားရှိမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ပျိုးပင်များအားလုံး လာမည့်မိုးရာသီအမီ အကုန်ဖြန့်ဝေပေးသွားရန်၊ ရှင်သန်အောင်လည်း ပြုစုစောင့်ရှောက်ပေးရန်နှင့် ကော်ဖီပျိုးပင်များ ဖြန့်ဝေပေးရာတွင် စိုက်ပျိုးနည်းစနစ်နှင့် ဈေးကွက်ရရှိမှုကိုလည်း တစ်ပါတည်းရှင်းလင်းပြောကြားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

  ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် မင်းလှမြိုနယ်၊ ကျွန်းကလေးကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း၌ လူဝင်ကြီးမှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျောင်းသား/သူများနှင့် ပြည်သူများအား နေ့ချင်းပြီး နိုင်ငံသား စိစစ်ရေးကတ်ပြား၊ Unique Identification Number နှင့် Biometric အချက်အလက် ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတိုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ ပြီး လုပ်ငန်းများကြန့်ကြာမှုမရှိစေရေး ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ကာ ဆရာ/ဆရာမများအတွက် သီးခြားချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

  ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲသည် သာယာဝတီမြိုနယ်၊ ကျွဲသတ် ကျေးရွာအုပ်စု၌ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းဖြင့် တောင်သူကိုယ်တိုင် သဘာဝရွက်ဖျန်းမြေဩဇာ ပြုလုပ်၍ စိုက်ပျိုးထားရှိသည့် စပါးမျိုး အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး တစ်ဧက စိုက်ပျိုးစရိတ်သက်သာပြီး စိုက်ပျိုးရေးလုပ်ငန်းအတွက် အကျိုးရှိသဖြင့် သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများက ဒေသတွင်းတောင်သူများအား သဘာဝမြေဩဇာနှင့် ရွက်ဖျန်းမြေဩဇာများ ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲနိုင်ရေး အသိပညာပေးရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ဝန်ကြီးချုပ် နှင့် တာဝန်ရှိ သူများသည် သာယာဝတီမြို၊ ကျောင်းစုရပ်ကွက်၌ အထည်ချုပ်စက်ရုံများမှ မလိုအပ်တော့သည့် အထည်များအား အသုံးပြု၍ ခေါင်းအုံးနှင့် အိတ်အမျိုးမျိုး ထုတ်လုပ်ရောင်းချနေသည့် “ထက်” မိသားစု အိတ်ချုပ်လုပ်ငန်းသို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး Recycle လုပ်ငန်းဖြစ်ခြင်း၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့ချသည့် လုပ်ငန်းဖြစ်ခြင်း၊ မိသားစုဝင်ငွေတိုးတက်စေခြင်းတိုကြောင့် MSMEs လုပ်ငန်းများ ပိုမိုဖွံဖြိုးတိုးတက် စေရန် အတွက် ချေးငွေရရှိနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။