Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်ငူမြို့၊ နန်းတော်ဦးလောကမာရဇိန်စေတီတော်မြတ်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွက်တင် မဟာမင်္ဂလာ အခမ်းအနားနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညို

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်ငူမြို့၊ နန်းတော်ဦးလောကမာရဇိန်စေတီတော်မြတ်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွက်တင် မဟာမင်္ဂလာ အခမ်းအနားနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားသို့ တက်ရောက်ကြည်ညို

တောင်ငူ မေ ၃

             မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် တောင်ငူမြို့၊ နန်းတော်ဦးလောကမာရဇိန် စေတီတော်မြတ်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွက်တင် မဟာမင်္ဂလာ အခမ်းအနားနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားအား “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ပြီး ကြာနီကန်စာသင်တိုက် ပဓာနနာ ယက ဆရာတော်ကြီးထံမှ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အမှူးပြုသော ဧည့်ပရိတ်သတ်များ က ငါးပါးသီလ ခံယူ ဆောက်တည်ခဲ့ကြသည်။

            ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ရတနာစိန်ဖူးတော်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ရတနာငှက်မြတ်နားတော်နှင့် အလှူရှင်များက စေတီတော်အတွင်း ထည့်သွင်း ပူဇော်မည့်ဌာပနာများအား သက်ဆိုင်ရာဆရာတော်ကြီးများထံ အသီးသီးကပ်လှူပူဇော်ခဲ့ကြပြီး ကြွရောက် လာသည့် ဆရာတော်ကြီးများက ဗုဒ္ဓဘိသေကအနေကဇာတင်ခဲ့ကြကာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း အမှူး ပြုသော ဧည့်ပရိတ်သတ်များက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ ကြသည်။ ၎င်းနောက် သီတာရုံစာသင်တိုက် ပဓာနနာယက ဆရာတော်ကြီးထံမှ အနုမောဒနာတရာနာ ယူခဲ့ကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေခဲ့ကြသည်။ ၎င်းနောက်  တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ က ရတနာငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်နှင့် အောင်လံတို့အား စေတီတော်အထွက်သို့ မင်္ဂလာ ရထားပျံဖြင့် တင်လှူပူဇော်ခဲ့ရာ ဆရာတော်ကြီးက ဇယန္တောဗောဓိ ယာမူလေအစချီ ဇယမင်္ဂလာအောင် ဂါထာတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။