သာယာဝတီ ဇွန် ၂၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် အတူ ဇွန်လ ၂၀ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ် ငန်များ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် သာယာဝတီ မြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း အကွက်ကျယ်စံပြကွက် ဧက (၃၀၀)အား မြေယာပြုပြင်ခြင်း၊ (Drum Seeder ) မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးရာသီပြီးပါက မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဓါတ်မြေဩဇာသုံးစွဲမှုလျှော့ချစေရေး ကြားသီးနှံ ပဲတစ်မျိုးမျိုးစိုက်ပျိုးရန်၊ စွန့်ပစ်စပါးခွံမီးသွေးဖြင့် Biochar ထုတ်လုပ်သုံးစွဲရန် မှာကြားခဲ့ပြီး လယ်မြေများအား Soil Test မြေချဉ်ငန်ဓါတ် လက်တွေ့စမ်းသပ် တိုင်းတာပြသပေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လက်ပံတန်းမြို့နယ်၊ ချမ်းသာကုန်းကျေးရွာအုပ်စု၌ နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် သဘာဝကွင်းအစာဖြင့် အောင်မြင်စွာ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ဦးမောင်မောင်၏ ဥစားဘဲ ကောင်ရေ(၃၀၀၀) မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရွှေခရုနှိမ်နင်းရန် ဘဲမွေးမြူရေးသည် အထိ ရောက်ဆုံးဖြစ်သည့်အပြင် အပြင် ဒေသတွင်း ဥစားသုံးမှု ဖူလုံပိုလျှံစေရေး ဥစားဘဲတိုးချဲ့မွေးမြူနိုင်ရေးနှင့် မွေးမြူရေး လုပ်ငန်းရှင်အသစ်များ ပေါ်ထွက်လာစေရေး စည်းရုံးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ကြို့ပင်ကောက်မြို့၊ စျေးချိုတောင်ရပ်ကွက်ရှိ၊ ဦးဉာဏ်မြင့်၏ “ကောင်းခြင်းမင်္ဂလာ” ကောက်ရိုးမှို ပျိုးထုတ်လုပ်ငန်းအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကောက်ရိုးမှိုစိုက်ပျိုးခြင်းသည် အိမ်နှင့်မကွာ မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးတက်ရရှိသည့်လုပ်ငန်းဖြစ်၍ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန်နှင့် ပြည်ပပို့ကုန် တန်ဖိုးမြှင့် မှိုအခြောက် ထုတ်လုပ်လုပ်ငန်း တွဲဖက်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website