ပဲခူး ဧပြီ ၁၃ ============ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြုလုပ်သည့် မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်၊ မြန်မာ့ ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီလ(၁၃)ရက်နေ့ နံနက်ပိုင်းအချိန်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ဖွင့်ပွဲ နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပြီး ၁၃၈၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး မြန်မာ့ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်အား တိုင်းဒသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် မြို့မိမြို့ဖတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များနှင့် ဧည့်ခံယိမ်းအဖွဲ့တို့မှ စုပေါင်း၍ တိုင်းလုံးပြည့်လျှံ ပဲခူးသင်္ကြန် သီချင်း၊ မြူမှောင်ဝေကင်းသီချင်းတို့ဖြင့် ပြိုင်တူသံပြိုင်သီဆို ကပြဖျော်ဖြေကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး …
Read More »တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ
ပဲခူးမြို့ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား သံဃာအပါး(၁၀၀၀)ဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၁၁ ============ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ဧပြီလ(၁၁)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီးအား သံဃာအပါး(၁၀၀၀)ဖြင့် ဗုဒ္ဓါဘိသေက အနေ ကဇာတင်ခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး အလယ်ပစ္စယံ၌ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရာ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် ပဲခူးမြို့နယ် ကျောင်းတိုက်အသီးသီးရှိ ပင့်သံဃာအပါး(၁၀၀၀)တို့မှ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ကြသည်။ ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အလှူတော်မင်္ဂလာကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ အလှူရှင်များမှ သံဃာအပါး(၁၀၀၀)နှင့် သီလရှင်အပါး(၁၀၀)တို့အား ဆွမ်းဆန်စိမ်း နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ လောင်းလှူပူဇော်ကြသည်။ ယင်းနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေခြင်း …
Read More »သင်္ကြန်ကာလအတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်နှင့် လူထိခိုက်မှုမရှိစေရေး ထိန်းသိမ်းဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် လမ်းညွှန်မှာကြား
ဧပြီ ၇ ပဲခူး ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၆)ရက်နေ့၊ နံနက် ပိုင်းက ၂၀၂၃ ခုနှစ်၊ မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေး လု်ပငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း ရှေးရိုးရာအစဉ်အလာမပျက် ကျင်းပသည့်ပွဲတော်များ ရာသီအလိုက်ရှိပြီး ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည့် အလေ့အထကောင်းများအတိုင်း ယခုနှစ် မဟာသင်္ကြန်ပွဲတော်ကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင် ယိမ်းများနှင့် ပါဝင်ဆင်နွှဲ သူများအားလုံးကို ဌာနဆိုင်ရာ မဏ္ဍပ်များမှ နေ့စဉ်စတုဒီသာကျွေးမွေးခြင်းများအပြင် တိုင်းရင်းသားများအတွက် ရေကစား မဏ္ဍပ်နှင့် ရိုးရာအစားအစာများလည်း နေ့စဉ်ထည့်သွင်း ကျွေးမွေးသွားမည်ဖြစ်ကြောင်း၊ သင်္ကြန် ကာလအတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုမရှိစေရေး သက်ဆိုင်ရာဌာနများမှ စနစ်တကျထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဆေးရုံများတွင် အရေးပေါ်ဌာနများ၌ လိုအပ်သည့်ဆေးဝါးများ ကြိုတင် ပြင်ဆင်ထားရန်လိုအပ်ကြောင်း၊ …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဖြူးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
ဧပြီ ၆ ပဲခူး =============== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ဧပြီလ(၅)ရက်နေ့၊ နံနက်ပိုင်းက ဖြူးမြို့နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့ ဖြူးမြို့၊ ဘိုးဘွားရိပ်သာသို့ ရောက်ရှိခဲ့ပြီး အစောင့်အရှောက်ခံ အဘိုးအဘွားများအား နွေးထွေးစွာ နှုတ်ဆက်အားပေး စကား ပြောကြားခဲ့ပြီး အဘိုးအဘွားများအား နေ့စဉ်ကျန်းမာရေး စောင့်ရှောက်မှုစစ်ဆေးရန်၊ ဆေးဝါး လိုအပ်ချက် ကူညီပံ့ပိုးပေးရန်၊ သန့်ရှင်းသော သောက်သုံးရေရရှိစေရေး ဆောင်ရွက်ရန်နှင့် ဘိုးဘွားရိပ်သာ သန့်ရှင်း သပ်ရပ်မှုရှိစေရေး ကူညီဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး အဘိုးအဘွား များအတွက် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖြူးမြို့၊ လူငယ့်အားမာန် စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံ သမဝါယမအသင်းရုံးသို့ ရောက်ရှိခဲ့ပြီး စည်းအဝေးခန်းမ၌ သမဝါယမအသင်းသားများနှင့်တွေ့ဆုံခဲ့ရာ အသင်းဥက္ကဋ္ဌ ဦးဝင်းလှိုင်က …
Read More »ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၁၃၈၄)ခုနှစ်၊ တန်ခူးလပြည့်နေ့၌ ဆွမ်းဆန်စိမ်းလောင်းလှူ ခြင်းနှင့် တရားဓမ္မသဘင်ပွဲနှင့် ဘုရားပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့
ပဲခူး ဧပြီ ၅ ============= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၁၃၈၄)ခုနှစ်၊ တန်ခူးလပြည့်နေ့၌ ဆွမ်းဆန်စိမ်း လောင်းလှူခြင်း နှင့် တရားဓမ္မသဘင်ပွဲနှင့် ဘုရားပွဲများ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။ ရှေးဦးစွာ ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် တန်ခူး လပြည့်နေ့၊ ညနေပိုင်းအချိန်တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏(၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းအစီအစဉ်အရ သံဃာအပါး(၅၀၀)အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များက ပဲခူးမြို့နယ် အတွင်းမှ သုံးဂိုဏ်းဝင်ကျောင်းတိုက် အသီးသီးရှိ သံဃာတော်အရှင်သူမြတ်အပါး (၅၀၀)အား ဆွမ်းဆန်နှင့် လှူဖွယ်ဝထ္တုပစ္စည်းများ လောင်းလှူပူဇော်ကြကြောင်း သတင်းရရှိသည်။ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး …
Read More »ပဲခူးမြို့၊ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်နှင့် ရတနာ ငှက်မြတ်နားတော် တင်လှူပူဇော်ခြင်းမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး ဧပြီ ၄ ============= ဟံသာဝတီပြည့်ရှင် ဘုရင့်နောင်မင်းတရားကြီး၏ ကောင်းမှုတော်ဖြစ်ပြီး သက္ကရာဇ်(၉၂၂)ခုတွင် တည်ထားကိုးကွယ်တော်မူခဲ့သည့် ပဲခူးမြို့ ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး အထွဋ်တွင် ရတနာစိန်ဖူးတော်နှင့် ရတနာငှက်မြတ်နားတော် တင်လှူပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ဧပြီလ(၄) ရက်နေ့ နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အခမ်းအနားသို့ကြွရောက်တော်မူလာကြသည့် ဆရာတော်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီး ပဲခူးမြို့၊ မြို့မစာသင်တိုက်ပဓာနနာယက၊ အဘိဓဇမဟာရဌဂုရု၊ ဘဒ္ဒန္တဂန္ဓမာ မထေရ်မြတ်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲတို့ကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းပြီး သံဃာတော်အရှင်သူမြတ်များထံမှ ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ် အပေါင်းက မေတ္တာသုတ်ပရိတ်တရားတော်နှင့် အာဋာနာဋိယသုတ်ပရိတ်တရားတော်များကို နာယူကာ ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ …
Read More »သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ
ပဲခူး ဧပြီ ၃ ============ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ တိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လေ့ကျင့်ပျိုး ထောင်ရေးစင်တာ၌ ဧပြီလ(၃)ရက်နေ့ နံနက်ပိုင်းက သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်မှ ကျေးလက်ဒေသဖွံ့ဖြိုးရေး နှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး၊ မြို့ပြနှင့်ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွား ရရှိလာစေရေး၊ တစ်ပိုင်တစ်နိုင် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင် ဆောင်ရွက်လာနိုင် ရေးနှင့်လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေါ်ပေါက်လာစေရေး ရှေးရှု၍ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ စီမံဆောင်ရွက်လျက်ရှိပြီး ယခုလည်း သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း …
Read More »သာယာဝတီခရိုင်အတွင်း စားရေရိက္ခာဖူလုံရေးနှင့် တစ်သီးစိုက်မှ နှစ်သီး၊ သုံးသီး တိုးတက်စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများနှင့်တွေ့ဆုံ
ဧပြီ ၁ သာယာဝတီ ================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဧပြီလ(၁)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီမြို့၊ ဆရာစံခန်းမ၌ ပဲခူးတိုင်း(အနောက်ခြမ်း)တွင် စားရေရိက္ခာဖူလုံရေးနှင့် တစ်သီးစိုက်မှ နှစ်သီး၊ သုံးသီး တိုးတက်စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများနှင့်တွေ့ဆုံခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်း(အနောက်ခြမ်း)တွင် တစ်သီးစိုက် ဧကများအား ကျေးရွာအုပ်စုအလိုက် Google Map ဖြင့် မြေပုံရေးဆွဲ၍ စိုက်ပျိုးရေရရှိရေးအား နည်းလမ်း ပေါင်းစုံဖြင့် ဆောင်ရွက်ပေးမှသာ (၂)သီးစိုက်နှင့်(၃)သီးစိုက်ဧကများ တိုးတက်လာမှာဖြစ်ကြောင်း၊ တောင်သူ လယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေးကဏ္ဍနှင့် မွေးမြူရေးကဏ္ဍ တို့ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပေးသွားမှာဖြစ်သလို မျိုးကောင်းမျိုးသန့်ရရှိရေး၊ စနစ်ကျလယ်ယာမြေများဖော်ထုတ်ပေးခြင်း၊ စိုက်ပျိုးရေရရှိရေးနှင့် စိုက်နည်းစနစ်မှန်ကန်စေ ရေးတို့ကို ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများအနေဖြင့် မိရိုးဖလာ စိုက်ပျိုးနေမှုအား ပြောင်းလဲစိုက်ပျိုးနိုင်ရေး အသိပညာပေးခြင်းများအပြင် မြေပြင်ကွင်းဆင်း၍ စံပြစိုက်ခင်းများ စိုက်ပျိုးပြသပေးသွားရမှာဖြစ်ကြောင်း၊ တောင်သူများအတွက် …
Read More »ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
မတ် ၃၁ သာယာဝတီ ===================== ပဲခူးတိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါလျက် မတ်လ(၃၁)ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သာယာဝတီမြို့၊ သဲဖြူကျေးရွာရှိ ဦးဇော်ထွန်းဝင်း၏ စီးပွါးဖြစ် ဒေသကြက်မွေးမြူနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိရစ္ဆာန်အစာအဖြစ် နေဗီယာမြက် စိုက်ပျိုးနိုင်ရေး၊ ဒေသကြက်မွေးမြူသူ အစုအဖွဲ့များ ဖွဲ့စည်း၍ မွေးမြူရေးချေးငွေ ရရှိနိုင်ရေး နှင့် တိရစ္ဆာန်ရောဂါကူးစက်မှုမရှိစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် သာယာဝတီမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စုရှိ သက်တမ်းတို အထွက်တိုး ရက်(၉၀)နွေစပါး မျိုးစေ့ထုတ် စိုက်ခင်းနှင့် မင်းလှမြို့နယ်၊ ဝက်လှကြီးကျေးရွာအုပ်စုရှိ ရတနာတိုး နွေစပါး မျိုးစေ့ထုတ် စိုက်ခင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် စိုက်ပျိုးသီးနှံအလိုက် ပံ့ပိုးပေးသွားမည့် အစီအစဉ်များ၊ …
Read More »ပဲခူးမြို့၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
ပဲခူး မတ် ၃၀ =============== ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ (၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို မတ်လ(၃၀)ရက်နေ့ ညနေပိုင်းက ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော် ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ကြွရောက်တော်မူလာကြသည့် ဩဝါဒါစရိယဆဆရာတော်ကြီးများနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဂေါပကအဖွဲ့ဝင်တစ်ဦးမှ သမ္မာဒေဝနတ်များအား ပင့်ဖိတ်ကာ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ သြဝါဒါစရိယ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ ပဲခူးမြို့မဆရာတော် အဘိဓဇ မဟာရဌဂုရု ဘဒ္ဒန္တဂန္ဓမာ မဟာထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ဩဝါဒါစရိယဆရာတော်ကြီးများမှ မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ဖတ်သရဇ္ဈာယ် တော်မူကြပြီး ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော် မြတ်ကြီး၏ (၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ လျောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဗုဒ္ဓသာသနံ …
Read More »