Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဖြစ်သည့် ၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)ကျင်းပပြုလုပ်

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဖြစ်သည့် ၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၂၇

=====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ (၂၇)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းဖြစ်သည့် ၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၃)ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှရရှိသော ကိန်းဂဏန်းအချက်အလက် များကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများရေးဆွဲချမှတ်ရာတွင် အခြေခံအချက်အလက်များ ဖြစ်၍ တန်ဖိုးရှိသည့် ကိန်းဂဏန်းအချက်အလက်များဖြစ်၍ မှန်မှန်ကန်ကန် ရရှိရန်လိုအပ်ကြောင်း၊ ယခင် ၂၀၁၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူခဲ့သည့် အတွေ့အကြုံများအပေါ်မူတည်၍ အားနည်းချက်၊ အားသာ ချက်များကို ပြန်လည်သုံးသပ်ကာ ၂၀၂၄ ခုနှစ်၊ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ် အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ရှေ့ပြေးအနေဖြင့် ၂၀၂၃ ခုနှစ်၊ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူ ခြင်းလုပ်ငန်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းအဆင့် အလိုက် အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် စနစ်တကျ သုံးသပ်ဆွေးနွေးကာ လုပ်ငန်းလျာထားချက်များ၊ လိုအပ်ချက်များအား တင်ပြပေးစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးက ၂၀၂၃ ခုနှစ်၊ စမ်းသပ် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်သွားမည့် အစီအမံများအား Power Point ဖြင့်ရှင်းလင်း တင်ပြခဲ့သည်။ ၎င်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊ ပဲခူးခရိုင်ဦးစီးမှူးက ပဲခူးမြို့နယ်အတွင်း စာရင်းကောက်ယူသွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

          ယင်းနောက် တင်ပြချက်များနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က စာရင်းကောက်ကွက်တစ်ခုချင်းအလိုက် လုံခြုံရေးဆိုင်ရာကိစ္စ ရပ်များကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရဲမှူးကြီးကျော်ထွဋ်က ရပ်ကွက်/ကျေးရွာများ အလိုက် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနိုင်ရေး လုံခြုံရေးပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ ကိုလည်းကောင်း၊ ခရိုင်/မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများက သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့များဖြင့် ကောက်ယူသွားမည့် လုပ်ငန်းစဉ်များအားလည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း စမ်းသပ်သန်းခေါင်စာရင်းကောက်ယူခြင်းအား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅)ရက်နေ့အထိ ပဲခူးမြို့နယ်၌ စာရင်းကောက်ကွက်(၅)ခုတွင် အိမ်ထောင်စု(၂၂၆၃)စု၊ လူဦးရေ(၁၀၃၂၀)ဦးနှင့် ပေါင်းတည်မြို့နယ်၌ စာရင်းကောက်ကွက်(၄)ခုတွင်  အိမ်ထောင်စု(၄၇၇)စု၊ လူဦးရေ (၁၇၉၀)ဦးတို့အား စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။