ပဲခူး ဇွန် ၁၃ ====================== ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ဇွန်လ(၁၃)ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၁ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲများ၌ ဝင်ရောက်ဖြေဆိုကြသည့် သံဃာတော်များနှင့် သီလရှင်များအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်း ဦးဆောင်သည့် ကောင်စီအဖွဲ့မှ နေ့ဆွမ်းနှင့် အအေးများ ဆက်ကပ်လှူဒါန်းကြောင်းသိရသည်။ ရှေးဦးစွာ ပဲခူးမြို့နယ်မဟာသံဃနာယကအဖွဲ့ ဥက္ကဌ၊ ဥဿာသီရိစာသင်တိုက်၊ တိုက်အုပ် နာယက၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝဏ္ဏိတ အရှင်သူမြတ်ထံမှ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးမျိုးဆွေဝင်း ဦးဆောင်သည့် ကောင်စီအဖွဲ့ဝင်များ၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူးနှင့် ပဲခူးခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီ …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website