Home / 2021 / October (page 2)

Monthly Archives: October 2021

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်း ကူညီထောက်ပံ့ ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပြည် အောက်တိုဘာ ၁၁ ===================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး များ၊တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ(၁၀)ရက်နေ့ မွန်းလွဲပိုင်းက   ပြည်ခရိုင် နှင့် သာယာဝတီခရိုင်အတွင်း ကူညီထောက်ပံ့ရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ သီရိခေတ္တရာရတနာမြို့တော်ခန်းမ၌ ကိုဗစ်- ၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း ကူညီပေးခဲ့သော ပြည်မြို့နယ်အတွင်းရှိ လူမှုကူညီရေး အသင်းများ ထောက်ပံ့ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားကာတက်ရောက်လာသည့် လူမှုကူညီရေးအသင်း(၁၀)အတွက် ထောက်ပံ့ငွေ ကျပ်သိန်း(၅၀)၊ ဂုဏ်ပြုမှတ်တမ်းလွှာ၊ကျန်းမာရေးအသုံးအထောက်အကူပြုပစ္စည်းများနှင့် ကိုဗစ်ရောဂါ ကာကွယ်ရေး အသိပညာပေးတီရှပ်အင်္ကျီအထည်(၅၀)တို့အား ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် လူမှုကူညီရေးအသင်းများကိုယ်စား ကြီးမြတ်သူသာရေး /နာရေးအသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်မင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လူမှုကူညီရေးအသင်းဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်ခရိုင် ရွှေတောင်မြို့နယ် အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ရွှေဟင်္သာကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ၌ ဧရာဝတီ မြစ်ရေ တိုက် စားမှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဒေသခံပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပေးအပ်ထားသည့် ပြောင်းရွှေ့စရိတ်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ရာ ဒေသခံပြည်သူများမှ လက်ခံရယူခဲ့ကြပြီး ဧရာဝတီမြစ် ရေတိုက်စားမှု ကမ်းပြိုကာကွယ်ရေးလုပ်ငန်းစဉ် ဆောင်ရွက်နေမှု အခြေအနေများအား ဒေသခံများ သိရှိစေရန် တာဝန်ရှိသူများက အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် သာယာဝတီခရိုင် နတ်တလင်းမြို့ Oxygen Plant လည်ပတ်နေမှုနှင့် လက်ပံတန်း-မိုးညို-နတ်တလင်းလမ်းအား (၁၈)ပေအကျယ် ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုခဲ့ ပြီးနောက် နတ်တလင်းမြို့ မြို့မအထက်တန်းကျောင်းနှင့် အထက(နတ်တလင်း)ကျောင်းများသို့ သွားရောက်စစ်ဆေးခဲ့ပြီး ကျောင်းပတ်ဝန်း ကျင်သန့်ရှင်းရေး၊ ရေနုတ်မြောင်းတူးဖော်ပေးရန်၊ စာသင်ခုံလိုအပ်မှုနှင့် ကျောင်း တွင်းဧရိယာများ ကွန်ကရစ်ခင်း နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး Volunteer  များအတွက် ကိုဗစ်ရောဂါ ကာကွယ်ရေး အသိပညာပေးတီရှပ်အင်္ကျီနှင့် စာသင်ကျောင်းများအတွက် ဘောလုံးများ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် သကျမဟာမြတ်မုနိဘုရားကြီးသို့ သွားရောက်ဖူးမြော်ကန်တော့ခဲ့ပြီး      စေတီတော်ဘက်စုံပြုပြင် မွန်းမံနိုင်ရေး အလှူငွေကျပ်(၅)သိန်းအား ပေးအပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် မြို့လည်ပရိယတ္တိ စာသင်တိုက် နှင့်ရတနာပုံမန္တလေးပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်များအား သွားရောက် ဖူးမြော်ကန့်တော့ခဲ့ ပြီးဆွမ်းဆန်၊ ဆီ၊ ကုလားပဲ၊ ဆားနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ၎င်းနောက် တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကြို့ပင်ကောက်မြို့နယ်ရှိ အစိုးရအဖွဲ့ အစီအစဉ်ဖြင့် မြို့ရေပေးဝေရေး ရေစစ်ကန်နှင့်ရေကြည်စုကန် တူးဖော်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ကြို့ပင်ကောက်ဆေးရုံဝန်းအ တွင်း Oxygen Plant တပ်ဆင်ထားရှိမှုအား သွားရောက်ကြည်ရှုခဲ့ပြီး လျှပ်စစ်ဓါတ်အား အပြည့်အဝရရှိစေ ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် အုတ်ဖိုမြို့နယ် အိုးသည်ကုန်းမြို့  သရက်ပင်ကန်ကျေးရွာရှိ မြန်မာတစ်နိုင်ငံအတွင်း အသက်အရှည်ဆုံးဖြစ်သည့် အဘွား ဒေါ်ထွေး(၁၂၈)နှစ်အား သွားရောက်ဂါရဝပြု ကန်တော့ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု အချိန်ပြည့်ရရှိစေရေးနှင့် အစိုးရအဖွဲ့ အစီအစဉ် ဖြင့် လစဉ်ငွေကျပ်(၁)သိန်း ထောက်ပံ့ပေးရန် စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသတွင်း ဆီဖူလုံမှုရှိစေရေးအတွက် နတ်တလင်း မြို့နယ် ရွာသာကုန်းကျေးရွာ၊ ဇီးကုန်းမြို့နယ် ညောင်ဇင်ကျေးရွာနှင့် ကြို့ပင်ကောက်မြို့နယ် ဥက္ကံကျေးရွာတို့ရှိ ပဲစိုက်တောင်သူများထံ နေကြာမျိုးစေ့များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းနှင့် စိုက်ပျိုးနည်းစနစ် များအား သက်ဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ သွားရောက်ကြည့်ရှုအားပေး

ပဲခူး အောက်တိုဘာ ၁၀ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ(၉) ရက်နေ့၊ နံနက်ပိုင်းက သာယာဝတီခရိုင်အတွင်း ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက် ကြည့်ရှုအားပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် မင်းလှမြို့ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း တည်ဆောက် ထားသည့် Oxygen Plan လည်ပတ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံဝန်းပတ်လမ်း နှင့် မင်းလှမြို့အဝင် (၂)မိုင်(၅)ဖာလုံအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နိုင်ရေး လမ်းညွှန်မှာကြားခဲ့ပြီးနောက် မင်းလှမြို့ရှိ အရှည်(၁၂၀)ပေ အကျယ်(၉၀)ပေ အားကစားရုံ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလ အတွင်း အချိန်မီပြီးစီးနိုင်ရေး အရည်အသွေးကောင်းမွန်စေရေး ကြီးကြပ်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် မင်းလှမြို့နယ်၊ တာကလေးကျေးရွာ၊ ကွင်းအမှတ်(၉၈၂)၌ ဆင်းသုခ(၁၁)ဧက နွေစပါး …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်၊ ပေါက်ခေါင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များ သွားရောက်ကြည့်ရှုစစ်ဆေး

ပြည် အောက်တိုဘာ ၈ ====================== ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး များတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာ (၈)ရက်နေ့၊ နံနက်ပိုင်းက   ပြည်မြို့နယ်နှင့် ပေါက်ခေါင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ချောင်းကောင်းကျေးရွာအုပ်စု၊ ချောင်းကောင်း-သပြေတောင်လမ်း အရှည်(၂)မိုင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု နှင့် ပြည်မြို့နယ် ဂွေးပင်ကုန်းကျေးရွာ အဝင်တံတား တည်ဆောက်နေမှုတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီးသတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးစေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီးနောက် ဂွေးပင်ကုန်းကျေးရွာ တွင်းနက်စက်ရေတွင်းမှဆိုလာစနစ်ဖြင့် သောက်သုံးရေတင်နေမှုအား သွားရောက်ကြည့်ရှုခဲ့သည်။              ၎င်းနောက် ပြည်မြို့ နည်းပညာတက္ကသိုလ်သို့ သွားရောက်ခဲ့ပြီး တက္ကသိုလ်ဝန်းအတွင်း ရေဝင်ရောက် မှု၊   အင်တာနက်ရရှိနိုင်ရေးနှင့် လုံခြုံရေးကင်မရာတပ်ဆင်ပေးနိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း       ဆောင်ရွက်ပေးခဲ့ပြီးပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီ:သို့ ရောက်ရှိခဲ့ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  အစီအစဉ်ဖြင့်တည်ဆောက်ပေးထားသည့် Liquid Oxygen Station လည်ပတ်နေမှုအား  သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ် ဇီးအုပ်စခန်းနယ်မြေ RS-CS မျိုးစေ့ ထုတ်စိုက်ခင်း (၅၀)ဧကအား သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများအတွက် အာမို ဓါတ်မြေသြဇာအိတ် (၅၀)ကိုထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် ဇီးအုပ်တောင်သူပညာပေးစခန်းသို့ ရောက်ရှိခဲ့ကာ ဆောင်းသီနှံ  သီးညှပ် စိုက် နေကြာမျိုးစေ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကာ စခန်းနယ်မြေ (၅)ခုရှိ တောင်သူ(၁၅၀)ဦးအတွက် တစ်ဦးလျှင်နေကြာမျိုးစေ့(၄)ကီလိုဂရမ် တစ်ထုတ်စီ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ပြီး မြန်မာ့တိုင်းရင်းဆေး        ဆေးခါးကြီးပင် ပျိုးထောင်ထားရှိမှုအား ကြည့်ရှုခဲ့သည်။ ၎င်းနောက် ပြည်မြို့ ကမ်းနားလမ်း (ညဈေးတန်း) ဆောက်လုပ်ရန် မြေထိန်းနံရံနှင့် မြေဖို့ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်မြို့၊ မူယာပင်ခန်းမသို့  သွားရောက်ခဲ့ပြီး ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား(၆၉၉)ကတ်နှင့် အိမ်ထောင်စု လူဦးရေ စာရင်း(၆၅)ခုတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွှဲပြောင်းပေးအပ်ခဲ့ရာ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ကြသည်။ ၎င်းနောက် ပြည်မြို့ ဝန်ထမ်းအိမ်ရာ (၄)ခန်းတွဲ (၅)ထပ် အဆောက်အဦ ဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး အရည်အသွေးကောင်းမွန်မှုရှိ စေရေးနှင့် သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေး  တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့ ရွှေဘုံသာမုနိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကန့်တော့ခဲ့ပြီး မျက်နှာကျက် အလယ်ကွက်နှင့် မျက်နှာကျက် ဘေးကွက်အတွက် အလှူငွေကျပ် (၂၅၉၅၀၀ဝိ/)အား လှူဒါန်းခဲ့သည်။ ၎င်းနောက် ပြည်မြို့ မဟာသုဒဿနာရာမကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အားသွားရောက်ဖူးမြော်ကန်တော့ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ ပြီးနောက် ရွှေဆံတော်စေတီတော်သို့ သွားရောက်ဖူးမြော်ကန်တော့ကာ ပန်းရေချမ်းဆီမီးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။

Read More »

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ ပြည်မြို့၌ အကြိမ်(၄၀)မြောက် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပပြုလုပ်

ပြည် အောက်တိုဘာ ၅ =======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ(၅) ရက်နေ့ နံနက်ပိုင်းက ပြည်မြို့၊ မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၌ ပြည်ခရိုင်အတွင်း မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအား ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်လောင်းလှူခဲ့သည်။           ရှေးဦးစွာ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန့်၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ မဟာသုဒဿနာရာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ တွဲဖက် အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာမဏ္ဍိတ ဘဒ္ဒန္တသေဋ္ဌိလထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က (၉)ပါး သီလခံယူဆောက်တည်ခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး …

Read More »

ပဲခူးတိုင်းဒေသကြီးအတွင်း၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း (၅)ရာခိုင်နှုန်းအောက် (၂)ရာခိုင်နှုန်းခန့် အထိ ကျဆင်းနေပြီဖြစ်သော်လည်း ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်း ပေါ့ဆ၍မရကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြောကြား

ပဲခူး အောက်တိုဘာ ၁ ===========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ အောက်တိုဘာလ(၁) ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂၁/၂၀၂၁)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအဖွဲ့၊ ဒုတိယ ဝန်ကြီးချုပ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ (၁၃)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြီး ကျောင်းသား/သူများ စာသင်နှစ်(၁)နှစ် ဆုံးရှုံးမှုမရှိစေရေးအတွက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinovac  စတင်ထိုးနှံပေးတော့မည်ဖြစ်၍ စာသင်ကျောင်း များ သန့်ရှင်းသပ်ရပ်စေရေး၊ ကျောင်းသုံးပရိဘောဂများ ပြန်လည်ပြင်ဆင်ခြင်းနှင့် …

Read More »