ပဲခူး နိုဝင်ဘာ ၁၆ ================================== ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ နိုဝင်ဘာလ(၁၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော (ဧကာဒသမအကြိမ်) စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဧည့်ပရိတ်သက်များက နိုင်ငံတော်ဩဝါဒါစရိယ ပဲခူးမြို့၊ မြို့မ စာသင်တိုက် ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဂန္ဓမာမဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ထို့နောက် ဆရာတော်/သံဃာတော် အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ်တရားတော်များ ရွတ်ပွားသရဇ္ဇျာယ်ချီးမြှင့်တော်မူပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကထိန်လျာမြတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်ကာ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင် ပဲခူးမြို့၊ သာမဏေကျော်စာသင်တိုက် ပဓာနနာယက (အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊ ဓမ္မကထိကဗဟုဇနဟိတဓရ) ဒေါက်တာဘဒ္ဒန္တဝိစက္ခဏာလင်္ကာရာဘိဝံသ မထေရ်မြတ်ထံမှ ကထိန်အနုမောဒနာတရား နာယူ၍ လှူဒါန်းမှုအစုစုအတွက် …
Read More »Daily Archives: November 16, 2021
တိုင်းဒေသကြီး ဝန်ကြီးချုပ် စက်မှုကုန်ထုတ်လုပ်ငန်း၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်
လက်ပံတန်း နိုဝင်ဘာ ၁၅ ================= ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ နိုဝင်ဘာလ (၁၅)ရက်နေ့ နံနက်ပိုင်းက သာယာဝတီမြို့နယ်နှင့် လက်ပံတန်းမြို့နယ်အတွင်း စက်မှုကုန်ထုတ်လုပ် ငန်း၊ ကျန်းမာရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာယာဝတီမြို့နယ်၊ အင်းရွာရှိ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃၄)အကြီးစားစက်ရုံဝန်းအတွင်း ကြွေပြားထုတ်စက်ရုံသို့ ရောက်ရှိခဲ့ရာ စက်ရုံမှူး ဦးအောင်သိန်းမြင့်မှ ကြွေပြားထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်အား စက်ရုံအတွင်း လိုက်လံရှင်းလင်းပြသခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပြည်တွင်းစျေးကွက် ခိုင်မာစွာ ရရှိစေရေး၊ ထုတ်ကုန်များအား နိုင်ငံတကာအဆင့်မီ ထုတ်လုပ်နိုင်ရေးနှင့် သွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန်တစ်ခုအဖြစ် ရေရှည်ရပ်တည်နိုင်ရေးအတွက် အရည်အသွေးကို အဓိကထား ထုတ်လုပ်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃၄) …
Read More »