Home / 2022 / April (page 3)

Monthly Archives: April 2022

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယ၊ ပါဋ္ဌိပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင်သံဃာတော်/ သီလရှင်များအား စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ ပထမအကြိမ် အခမ်းအနားကျင်းပ

ပဲခူး ဧပြီ ၈ ============           ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမ္မာန်တော်ကြီး၌ ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မာစရိယ၊ ပါဋ္ဌိပထမပြန်နှင့် နိကာယ် စာမေးပွဲ စာအောင်သံဃာတော်/သီလရှင်များအား စာအောင်ဆုဆက်ကပ်လှူဒါန်းပွဲ ပထမအကြိမ် အခမ်းအနားအား ဧပြီလ(၈) ရက်နေ့၊ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ တက်ရောက်ကြည်ညိုခဲ့သည်။           ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ပဲခူးမြို့၊ မြို့မစာသင်တိုက်ပဓာနနာယက “အဘိဓဇမဟာရဋ္ဌဂုရု” ဘဒ္ဒန္တဂန္ဓမာ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး ကြွရောက်လာသည့် ဆရာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော် နာယူကြည်ညိုခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် …

Read More »

ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား     

ပဲခူး ဧပြီ ၈ =============== ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဧပြီလ(၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ၊ ရင်းနှီးမြှုပ်နှံမှု ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီး၏ လူမှုစီးပွား နယ်ပယ်အသီးသီး ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင်သော ရေရှည်ဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းကို နိုင်ငံတော်မှ ချမှတ်ထားသော စီးပွားရေးမူဝါဒများ နှင့်အညီ ချိတ်ဆက်ပေါင်းစပ်ပြီး နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်၊ တိုင်းဒေသကြီး၏ မျှော်မှန်းချက်၊ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များပေါ် အခြေခံ၍ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်း(၁၇)ရပ်တို့ဖြင့် ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ တာဝန်ပေးအပ်ထားသည့် ဒေသန္တရစီမံကိန်းရည်မှန်းချက် များ …

Read More »

တိုင်း‌ဒေသကြီး ဝန်ကြီးချုပ် နွေရာသီ အခြေခံအားကစား သင်တန်းဆင်းပွဲနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသား/သူများအား အအေးဗူးနှင့်အဟာရမုန့်များ သွားရောက်ပေးအပ်

ပဲခူး ဧပြီ ၇ ================ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ၂၀၂၂ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနားကို ဧပြီလ(၆)ရက်နေ့ နံနက်ပိုင်းအချိန်က ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစား ခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အားကစားကဏ္ဍ အောင်မြင်ခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအဆင့် အတန်းကို ထင်ဟပ်စေပြီး နိုင်ငံတော်၏ စည်းလုံးညီညွတ်မှု၊ မျိုးချစ်စိတ်ဓာတ်ကိုအခြေခံ၍ နိုင်ငံတော်၏ ဂုဏ်သိက္ခာ အဆင့်အတန်းကို ဖော်ပြသည့် ခံယူချက်ဖြင့် အားကစားလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ နွေရာသီအခြေခံအားကစားသင်တန်းများကို ဖွင့်လှစ်ခြင်းဖြင့် လူငယ်/ မောင်မယ်များ …

Read More »

တိုင်းဒေသကြီးအတွင်း ဦးတည်အုပ်စုအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ဧပြီလအကုန် (၁၀၀)ရာခိုင်နှုန်း ထိုးနှံပြီးစီးနိုင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်သွားရန် ဝန်ကြီးချုပ် ပြောကြား

ဧပြီ ၅ ပဲခူး ======================           ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၅)ရက်နေ့၊ နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၆/၂၀၂၂) အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါပိုး ကာကွယ်ဆေးအား နေ့စဉ်အရှိန်အဟုန်ဖြင့် ထိုးနှံပေးလျက်ရှိရာ ယခုအခါ ရောဂါပိုးတွေ့ရှိမှု (၀.၀၂)ရာခိုင်နှုန်းခန့်သာ တွေ့ရှိရသော်လည်း ပေါ့ဆ၍မရဘဲ ဦးတည်အုပ်စု အလိုက် ဧပြီလအကုန် (၁၀၀)ရာခိုင်နှုန်းပြည့် ကာကွယ်ဆေးထိုးနှံနိုင်ရေး အရှိန်အဟုန်မပြတ် ဆက်လက်ဆောင် ရွက်သွားရမည်ဖြစ်ကြောင်း၊ မြို့နယ်တစ်ခုချင်းအလိုက် ဦးတည်အုပ်စုများရှိ သတ်မှတ် လူဦးရေအတွင်းမှ ပြည်ပသို့ တရားဝင်/တရားမဝင် သွားရောက်သူ၊ ကျန်းမာရေးအရ ကာကွယ်ဆေးထိုးရန် မသင့်လျော်သူ၊ နယ်ကျော်ခေတ္တသွားနေသူ၊ ပြည်တွင်းပြောင်းရွေ့သွားသူ၊ …

Read More »

စက်မှုမြေများကို လုပ်ငန်းဆောင်ရွက်ခြင်းမရှိဘဲ မြေနေရာ ရယူထားမှုများအား လုပ်ထုံးလုပ်နည်းနှင့် အညီ ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းသွားမည်ဖြစ်

ပဲခူး ဧပြီလ ၄ ======================           ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး စက်မှုဇုန်များကြီးကြပ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂၀၂၂)အား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူး၊ တောင်ငူ၊ ပြည်မြို့နယ်တို့တွင် စက်မှုဇုန်များ တည်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် စက်မှုဇုန်များအတွင်း ကျူးကျော်ခြင်း၊ လမ်းများပျက်စီးနေခြင်း၊ အဝင်/အထွက် ဂိတ်များမရှိခြင်းတို့အား မိမိတို့အစိုးရအဖွဲ့ လက်ထက်တွင် စက်မှုဇုန်အင်္ဂါရပ်နှင့် အညီ ဖြစ်စေရေး အချိန်တိုအတွင်း ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ စက်မှုဇုန် အတွင်း လမ်းဘေးဝဲယာ အရိပ်ရ သစ်ပင်စိုက်ပျိုးနိုင်ရေး ပျိုးထောင်ထားရှိပြီး လည်းဖြစ်ကြောင်း၊ စက်မှုမြေများအား လုပ်ငန်းဆောင်ရွက် ခြင်းမရှိဘဲ လက်ဝယ်ရယူထားသူများအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အမြန်ဆောင်ရွက် သွားရန်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် အလုပ်ရှင် အလုပ်သမားပြဿနာမရှိခြင်း၊ အလုပ် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဧပြီ ၄ ==================              ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ဌာနဆိုင်ရာများလိုက်ပါလျက် ဧပြီလ(၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင်း အေးချမ်းတည်ငြိမ် လုံခြုံစွာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုများအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၅)အခြေခံပညာ အထက်တန်း ကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေး ချမ်းသာစွာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေမှုများအား သွားရောက် ကြည့်ရှုအားပေးခဲ့ရာ မြို့နယ်ပညာရေးမှူးမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေမှု အခြေအနေများအား လိုက်လံရှင်းလင်းပြသခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်တန်း စာမေးပွဲအား မသမာမှုကင်းရှင်းစွာ ဖြေဆိုနိုင်ရေး၊ စည်းကမ်းပြည့်ဝ၍ တည်ငြိမ်အေးချမ်း ချောမွေ့အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးနှင့် ရှေ့နှစ်ကျောင်းဖွင့်ရာသီအမီ ကလေးကစားကွင်းတစ်ခု တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ …

Read More »

နွေစပါး တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံမှုဖြစ်စေရေး တွန်းအားပေးဆောင်ရွက်

ပဲခူး ဧပြီ ၂ ==============           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ(၁)ရက်နေ့၊ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး(၄/၂၀၂၂)အား Online Zoom Meeting System ဖြင့် ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စားသုံးဆီဖူလုံပိုလျှံရေး ဆီထွက်သီးနှံ နေကြာအား သီးထပ်၊ သီးညှပ် စိုက်ပျိုးသည့်အပြင် တစ်ဧကအထွက်နှုန်း တိုးတက်ရေးကိုလည်း အထူး အလေးထား ဆောင်ရွက်သွားရန်လိုအပ်သည့်အပြင် လူတစ်ဦးချင်း ဆီစားသုံးမှု လျော့ကျစေရေး အသိ ပညာပေးရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ နေကြာစိုက်ပျိုးနိုင်မည့် ဖြစ်နိုင်သည့် မြေနေရာများနှင့် နေကြာမျိုးအတွက် ဧက(၁၀၀၀) စိုက်ပျိုးသွားရန်ဖြစ်ကြောင်း၊ စိုက်ပျိုးနိုင်သည့် မြေများအား မြေလပ် မရှိစေရေး ဒေသနှင့် ကိုက်ညီသည့် စပါး၊ ပဲအမျိုးမျိုး၊ ဆီထွက်သီးနှံများ၊ စက်မှုကုန်ကြမ်းသီးနှံများ …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဧပြီ ၁ ==================              ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၃၁)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင်း အေးချမ်းတည်ငြိမ်လုံခြုံစွာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုများအား သွားရောက်ကြည့်ရှု အားပေး ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ကျောင်းသား/ကျောင်းသူများ စိတ်အေး ချမ်းသာစွာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေမှုများအား သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲအား မသမာမှုကင်းရှင်းစွာ ဖြေဆိုနိုင်ရေး၊ စည်းကမ်းပြည့်ဝ၍ တည်ငြိမ်အေးချမ်း ချောမွေ့အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့ပြီးနောက် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုအား ထပ်မံသွားရောက် အားပေးခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ စာရင်းရှိ (၂၉၈၅၄)ဦးရှိပြီး စာစစ်ဌာန (၁၁၉)ခုဖြင့် …

Read More »