Home / 2022 (page 12)

Yearly Archives: 2022

၂၀၂၂ ခုနှစ်၊ ပထမခြောက်လပတ် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်း အဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်း ခြင်း အခမ်းအနားနှင့် အိမ်ထောင်စူလူဦးရေစာရင်းပုံစံ(၆၆/၆) အချက်အလက်များ Software Program အတွင်း ရာနှုန်းပြည့်ထည့်သွင်းပြီးစီးမှု ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၁၈ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ၂၀၂၂ ခုနှစ်၊ ပထမခြောက်လပတ် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက် များ ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၂ ခုနှစ်၊ ပထမခြောက်လပတ် လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များနှင့် ဌာနဆိုင်ရာအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လမ်းညွှန်ချက်များအတိုင်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ အစိုးရအဖွဲ့ တာဝန်ရှိသူများက လုံခြုံရေး၊ ဘဏ္ဍာငွေအရ/ အသုံးဆိုင်ရာ …

Read More »

ရေတာရှည်တပ်နယ်အတွင်း အကြမ်းဖက်သောင်းကြမ်းသူများထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးကျူးဂုဏ်ပြုခြင်း အခမ်းအနား ကျင်းပပြုလုပ်

ရေတာရှည် ဩဂုတ် ၁၇ ================= ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့၊ အမှတ်(၅) စစ်အခြေခံ လေ့ကျင့်ရေးတပ်၊ နယ်မြေခံတပ်နယ်ခန်းမ၌ ဩဂုတ်လ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ရေတာရှည် တပ်နယ်အတွင်း အကြမ်းဖက်သောင်းကြမ်းသူများထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးကျူးဂုဏ်ပြု ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းတို့က ဩဂုတ်လ(၁၃) ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ စည်ပင်သာကျေးရွာအနီး အကြမ်းဖက်သမား များနှင့် ထိတွေ့မှုဖြစ်စဉ်တွင် မိမိတို့လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့မှုအပေါ် ချီးမြှင့်ဂုဏ်ပြုစကားများ အသီးသီးပြောကြာခဲ့ကြ သည်။ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ချီးမြှင့်ငွေကျပ်သိန်း(၅၀)နှင့် ဂုဏ်ပြုမှတ်တမ်း ကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းက ချီးမြှင့်ငွေကျပ်(၃၉)သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ကိုလည်းကောင်း၊ တိုင်းဒေသကြီး …

Read More »

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်

ပဲခူး ဩဂုတ် ၁၆ =======================           ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု တိုင်းဒေသကြီးအဆင့် အထိမ်းအမှတ် အခမ်းအနားအား ဩဂုတ်လ(၁၅)ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာသန်စွမ်း သည့် လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ရန်နှင့် လူတစ်ဦးချင်းစီ၏ ပျှမ်းမျှ သက်တမ်း တိုးမြှင့်နိုင်ရေးအတွက် ကျောင်းသားလူငယ်များ ကျန်းမာရေးအဆင့် အတန်းမြင့်မားရေးသည် အဓိကကျသောကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအနာဂတ်သည် ပညာရေးနှင့်ကျန်းမာရေး ပေါ်တွင် မူတည်လျက်ရှိရာ ဉာဏ်ရည်ထက်မြတ်ပြီး ကျန်းမာသန်စွမ်းမှသာ အနာဂတ်နိုင်ငံတော်ကို ဦးဆောင်နိုင်မှာဖြစ်သည့်အတွက် ကျောင်းသားလူငယ်များ၏ ကျန်းမာရေးကို အထူးဂရုပြု ပြုစုပျိုးထောင်ပေးသွားရမှာဖြစ် ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ပေးနိုင်ရန်အတွက် အခြေခံကျသည့် ကျောင်းကျန်းမာရေးလုပ်ငန်းများကို အဓိကဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျောင်းသားလူငယ် များအနေဖြင့် ကျန်းမာရေးကို ထိခိုက်စေသည့် အမူအကျင့်များကို …

Read More »

(၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို တူယှဉ်နွှဲပျော် ဂီတပွဲတော် Season-2 ဆုပေးပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတက်ရောက်ချီးမြှင့်

ပဲခူး ဩဂုတ် ၁၅ ======================       ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေး နေ့အကြို တူယှဉ်နွှဲပျော်ဂီတပွဲတော် ဆုပေးပွဲအခမ်း အနားအား ဩဂုတ်လ(၁၅)ရက်နေ့ နံနက်ပိုင်း၌ ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိခရိုင်(၆)ခုမှအဆိုရှင်(၁၂)ဦးတို့က နှလုံးသားကိုအလှဆင်ပါ သီချင်းဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ခဲ့ကြရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ် နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ကြည့်ရှု အားပေးခဲ့ကြသည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အကြို တူယှဉ်နွှဲပျော်ဂီတပွဲတော် ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများအား  တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူ များကလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ကြသည်။ ယင်းနောက် တတိယဆုရရှိသူ တောင်ငူခရိုင်ကိုယ်စားပြု ဒေါ်မြမြသက်အား အမှတ်(၇၇)ခြေမြန် …

Read More »

တို်ငးဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် စတုတ္ထအကြိမ်မြောက် ဓါတ်မြေဩဇာပေးအပ်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်

ဒိုက်ဦး ဩဂုတ် ၂ ========================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၂)ရက်နေ့၊ နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်အတွင်း တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ပေါက်တပင် မျိုးသန့်ခြံသို့ ရောက်ရှိခဲ့ရာ မျိုးသန့်ခြံဆိုင်ရာအချက် အလက်များအား မျိုးသန့်ခြံ တာဝန်ခံမှ ရှင်းလင်း တင်ပြခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဖောင်တော်သီကျေးရွာအုပ်စု၊ ဗျိုင်းချယ်ကျေးရွာအုပ်စုနှင့် ကတုတ်ဘုရားကြီး ကျေးရွာအုပ်စုတို့ရှိ နွေးစပါး စိုက်တောင်သူ(၈၄)ဦးအတွက် ဓါတ်မြေဩဇာ(၂၀၂) အိတ်အား ထောက်ပံ့ပေးအပ်ခဲ့ပြီး တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ နွေစပါးစိုက်ပျိုးရေရရှိရေးနှင့် ဒေသကြက်မွေးမြူနိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ စိုက်ပျိုးရေးခြံအတွင်း ဒေသခံတောင်သူများ အတွက် မှော်ဘီ(၃)နှင့်ဆင်းသုခ မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်း(၆၅)ဧကအား ကြည့်ရှုစစ်ဆေးခဲ့သည်။           …

Read More »

လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဩဂုတ် ၁ ====================           ပဲခူးတို်ငးဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ်လ(၁)ရက်နေ့၊ နံနက်ပိုင်းက လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တို်ငးဒေသကြီးအတွင်း၌ ခရိုင်(၆)ခု၊ မြို့နယ်(၂၈)မြို့နယ်ရှိပြီး နေရာဒေသမရွေး အချိန်နှင့်တစ်ပြေးညီ သွားလာနိုင်ကြောင်း၊ ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးရှိမှသာ ဖော်ဆောင်ပေးနိုင် မှာဖြစ်သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်တွင်ပါရှိသည့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင်ရန် တာဝန်ရှိကြောင်း၊ လိုအပ်လာပါက နည်းပညာ အကူအညီ ရယူ၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နယ်မြေအလိုက် တာဝန်ပေးအပ်ထားသည့် နယ်ထိန်းများအနေဖြင့် နယ်ထိန်းလုပ်ငန်း များကို တိတိကျကျ ပီပီပြင်ပြင် ဆောင်ရွက်ကြရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက််ရန်လိုအပ်ကြောင်း၊ မြို့နယ်အလိုက် …

Read More »

တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့တွင်းဈေးများ ပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး ဇူလိုင် ၃၁ ======================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ(၃၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့တွင်းဈေးများ ပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ ဘုရားဈေးသို့ ရောက်ရှိခဲ့ရာ ဈေးရုံများ ပြန်လည်အဆင့်မြှင့်တင်ပေးနိုင်ရေး မြေပြင်သန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး ခဲ့ပြီး ဈေးအတွင်း ရေဝင်ရောက်မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရေး၊ ယာယီဈေးဆိုင်ခန်း နေရာချထားပေးနိုင်ရေး၊ ဈေးအတွင်း ကွန်ကရစ်လမ်းများခင်းရန်၊ ဈေးပတ်လမ်း ကျူးကျော်မှုမရှိစေရေးနှင့် ခြံစည်းရိုးကာရံနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဗဟိုကုန်စိမ်းသားငါးဈေးသို့ ရောက်ရှိခဲ့ပြီး ကားအဝင်/အထွက်လမ်းများ ကောင်းမွန်စေရေး၊ ဈေးအတွင်း သန့်ရှင်းသပ်ရပ်စေရေးနှင့် အမှိုက်သိမ်းစနစ် ကောင်းမွန်စေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။ …

Read More »

တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်၏ ဘဏ္ဍာငွေများ လေလွင့်မှုမရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား

ပဲခူး ဇူလိုင် ၂၉ ==================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၉)ရက်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာလုပ်ငန်း ညှိနှိုင်း အစည်းအဝေးအား Online Zoom Meeting System ဖြင့် ကျင်းပ ပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးအတွင်း ရာသီဥတုအခြေအနေအရ မိုးစပါးနှင့်မိုးသီးနှံများအတွက် စိုက်ပျိုးရေလုံလောက်စွာရရှိစေရေး အထူးအလေးထား ဆောင်ရွက်ပေးမည် ဖြစ်၍ မြို့နယ်အလိုက် စိုက်ပျိုးရေ အခက်အခဲများရှိပါက တင်ပြပေးရန်နှင့် လိုအပ် ပါကဆိုလာစနစ်ဖြင့် ရေတင်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ အိမ်ထောင်စု လူဦးရေစာရင်းပုံစံ(၆၆/၆)အား Server Program အတွင်း ထည့်သွင်းမှုသည် နိုင်ငံတော်စီမံကိန်းဖြစ်၍ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး လိုအပ်ချက်များအလိုက် အချိန်မီဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ နိုင်ငံတော်၏ ဘဏ္ဍာငွေများ …

Read More »

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးသည် ကဏ္ဍပေါင်းစုံ ပါဝင်ပတ်သက်နေသဖြင့် ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက် အရေးကြီးကြောင်း ဝန်ကြီးချုပ်ပြောကြား

ပဲခူး ဇူလိုင် ၂၉ ===================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၉)ရက်နေ့၊ နံနက်ပိုင်းက ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၃/၂၀၂၂) ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကိုဗစ်(၁၉)ရောဂါကြောင့် ထိခိုက်ခဲ့ရသည့် ဒေသတွင်း ခရီးသွားလုပ်ငန်းများ အမြန်ပြန်လည်ဦးမော့လာစေ ရေးနှင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဌာန အဖွဲ့အစည်း များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးကြောင်း၊ တိုင်းဒေသကြီး အတွင်း ကိုဗစ်(၁၉) ရောဂါဖြစ်ပွားမှု လျော့ပါးလာခြင်းနှင့်အတူ ပဲခူးမြို့တစ် ခုတည်း နိုင်ငံတကာ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှုအနေဖြင့် ဇူလိုင်လအတွင်း Package Tour ခရီးစဉ်(၅) ကြိမ်၊ ထိုင်းခရီးသွားဧည့်သည်များ လာရောက်လည်ပတ်ခဲ့ကြကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့် ရှေးဟောင်းအဆောက်ဦ၊ ကျုံး၊ မြို့ရိုးများအား ပြန်လည်အဆင့်မြှင့်တင်၍ ခရီးသွားနေရာ သစ်များဖော်ထုတ် ခြင်း၊ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အပန်းဖြေနေရာများ တည်ဆောက်ခြင်းနှင့်အတူ မြို့ပြသန့်ရှင်းသာယာလှပစေရေးကိုလည်း …

Read More »

တစ်ကွင်းတစ်ဆက်တည်း တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး ဧက(၁၀၀) စပါးမျိုး(၈)မျိုး ယှဉ်ပြိုင်စမ်းသပ် ကွက် ဓါတ်မြေဩဇာ ကြဲပတ်နေမှုအား သွားရောက်ကြည့်ရှုအားပေး

ဝေါ ဇူလိုင် ၂၆ =====================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ တာဝန်ရှိသူများ လိုက်ပါလျက် ဇူလိုင်လ(၂၆)ရက်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်အတွင်း တောင်သူလယ်သမားဘဝဖွံ့ဖြိုး တိုးတက်စေရေး ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာ အုပ်စုရှိ စိုက်ပျိုးရေးရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ ခရိုင်စိုက်ပျိုးရေးဦးစီး ဌာနမှူးမှ ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြ ခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တောင်သူ တွက်ခြေကိုက်ပြီး အထွက်တိုးကာ ရက်တိုသည့် မျိုးကောင်းမျိုးသန့် စပါးမျိုးများ အလွယ်တကူရ ရှိစေရေး၊ သဘာဝမြေဩဇာ ထုတ်လုပ်နည်းများ အသိပညာပေးဆောင်ရွက်ရန်၊ ကျွဲနွားမွေးမြူသူများအား ပရိုတင်း ဓါတ်ကြွယ်ဝသည့် နေဗီယာမြက်စိုက်ပျိုးစေရေးနှင့် ဒေသကြက် တွဲဖက်မွေးမြူနိုင်ရေး စည်းရုံး ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး မြေဆွေးမှ သဘာဝမြေဩဇာပြုလုပ်ထားရှိမှုနှင့် တောင်သူ(၁၁)ဦးပိုင် တစ်ကွင်းတစ်ဆက်တည်း တစ်ဧက တင်း(၁၀၀)ထွက်ရှိရေး …

Read More »