ပဲခူး မတ် ၂ ================= ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများလိုက်ပါလျက် မတ်လ(၂)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်၌ စပါးခွံစွန့်ပစ်ပစ္စည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ(Gasifire Power Plant)ဖြင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက် နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် သနပ်ပင်မြို့နယ်၊ တော်ဝင်ဟင်္သာ ဆန်စက်သို့ ရောက်ရှိခဲ့ရာ ဆန်စက်လုပ်ငန်းရှင် ဦးရာဇာလင်းက ဆန်စက်၊ စပါးအခြောက်ခံစက်၊ စပါးခွံ လောင်စာတောင့်နှင့် သဘာဝမြေဩဇာ ထုတ်လုပ်မှုနှင့် အဆိုပါလုပ်ငန်းများအား စပါးခွံစွန့်ပစ်ပစ္စည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစက်ရုံ(Gasifire Power Plant)ဖြင့် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဆန်စက်၊ စပါးအခြောက်ခံစက်၊ စပါးခွံ လောင်စာ ထောင့်နှင့် သဘာဝမြေဩဇာထုတ်လုပ်မှုနှင့် …
Read More »
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website