ပဲခူး မတ် ၉ ======================= ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မတ်လ(၉)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓါတ်အား ဖူလုံစွာရရှိစေရေး ဒေသအစီအစဉ်ဖြင့် ဆောင်ရွက်မည့် စပါးခွံသုံး ဓါတ်ငွေ့လျှပ်စစ်ဓါတ်အားပေးစက် (Gasifire Power Plant) တည်ဆောက်ရေးစီမံကိန်း ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆန်စက်လုပ်ငန်း ရှင်များ တက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် လယ်ယာစီးပွားရေးကို အခြေခံသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဟူသည့် လမ်းညွှန် မှာကြားအား အထူးလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း မိုးစပါးစိုက်ဧက(၂၆)သိန်းကျော်နှင့် နွေစပါးစိုက်ဧက(၃)သိန်းကျော်ရှိပြီး …
Read More » 
					 
 ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
					ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website
				