Home / 2024 / March / 10

Daily Archives: March 10, 2024

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်များအား သွားရောက်ဂုဏ်ပြု

ပဲခူး မတ် ၁၀ =================           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် မတ်လ(၁၀)ရက်နေ့၊ နံနက်ပိုင်းက ဌာနေပြည်သူ့စစ် တပ်ဖွဲ့ဝင်များအား သွားရောက်ဂုဏ်ပြုထောက်ပံ့ခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ တပ်မတော်စစ်ပစ်ကွင်း၌ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များ လက်နက်ငယ်ပစ်ခတ်ခြင်း သင်ခန်းစာ သင်ယူနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုနေ့လည်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အကွာအဝေး မီတာ(၁၀၀) လက်နက်ငယ်ပစ်ခတ်ခြင်း သင်ခန်းစာ၌ အမှတ်ပေးစနစ်ဖြင့် ပူးတွဲပထမဆုရရှိသူ(၂)ဦးအတွက် တစ်ဦးလျှင်ကျပ်(၂)သိန်းစီ၊ ဒုတိယဆု ရရှိသူအတွက် ငွေကျပ်(၁)သိန်း၊ ပူးတွဲတတိယဆုရရှိသူ(၂)ဦးတွက် တစ်ဦးလျှင်ကျပ်(၇)သောင်းစီ ထောက်ပံ့ငွေများ ဂုဏ်ပြုပေးအပ်ခဲ့ပြီး သင်တန်းနည်းပြ တပ်မတော်သားများတွက် သီးခြားထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။           ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာနေပြည်သူ့စစ်တပ်ဖွဲ့ ဝင်များအား တစ်ဦးချင်း လိုက်လံနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Read More »