Home / 2024 / March / 27

Daily Archives: March 27, 2024

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း သီးထပ်စွမ်းအား တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်

ပြည် မတ် ၂၇           ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် မတ်လ(၂၆)ရက်နေ့၊ မွန်းလွဲပိုင်းက ပြည်မြို့နယ်အတွင်း သီးထပ်စွမ်းအား တိုးတက်စေရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။           ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၊ တစ်နှစ်(၃)သီးစိုက်ဧရိယာအတွင်း တောင်သူဦးဝင်းလှိုင်မှ ဗီယက်နမ်ဆန်မွှေးစပါး မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တစ်ဧကလျှင် တင်း(၁၃၀)ကျော် ထွက်ရှိနိုင်သည့် စပါး မျိုးဖြစ်ပြီး ဒေသတွင်းစားသုံးမှုနှင့် ပြည်ပဈေးကွက်ရရှိနိုင်မှုပေါ်မူတည်၍ မျိုးသန့်မျိုးစေ့ထုတ် စိုက်ခင်း များ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားရန်နှင့် မြို့နယ်တိုင်းရှိ ဌာနပိုင်မျိုးစေ့သန့်စင်စက်များအား အသုံး ပြု၍ သန့်စင်ပြီးမျိုးစေ့များကို တောင်သူများအား စိုက်ပျိုးစေခြင်းအားဖြင့်  အဖျင်းအမှော်ကင်းရှင်းပြီး အထွက်နှုန်းတိုးတက်လာနိုင်မည်ဖြစ်သဖြင့် ဒေသခံတောင်သူများအား ရှင်းလင်းအသိပညာပေးရန် တာဝန် ရှိသူများကို လမ်းညွှန်မှာကြားခဲ့သည်။           ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့နယ်၊ မထောကျေးရွာအုပ်စု၌ …

Read More »